HEALTH & BEAUTY

5
အစာတွေကို အချိန်မဟုတ်ဘဲ စားရင် ဆိုးကျိုးပေးနိုင်တယ်ဆိုတာ သိသလား
Posted On :

ကျန်းမာသော ခန္ဓာကိုယ်ဖြစ် ဖို့ လိုအပ်တဲ့ အာဟာရတွေကို မျှတစွာ စားသုံးဖို့ လိုအပ်တယ်ဆိုတာ သိထားပြီးဖြစ်ပေမယ့် အာဟာရဖြစ်ပါတယ်ဆိုတဲ့ အစားအစာတွေကို စားသောက်တဲ့ နည်းလမ်းမမှန်ခဲ့ရင် ကောင်းကျိုးထက်ဆိုးကျိုးဖြစ်တတ်တယ်ဆိုတာ သိထားရအောင်လို့ ဖော်ပြပေးလိုက်ပါတယ်။ ထမင်း – ထမင်းဟာ ကစီဓာတ် ကြွယ်ဝတဲ့အတွက် ညအချိန်တွေ မစားဖို့ အာဟာရဗေဒပညာရှင်တွေက အကြံပြုလေ့ရှိပါတယ်။ ည ဘက်ထမင်းတွေစားတဲ့အခါ ဗိုက်ပွပြီး ကောင်းကောင်းအိပ်မပျော် စေပါဘူး။ ဒါတင်မက ညဘက် ထမင်းစားရင် အလွယ်တကူအစာ မကြေတဲ့အပြင် ကိုယ်အလေးချိန် ကိုလည်း တိုးစေပါတယ်။ နွားနို့ – အသားဓာတ်နဲ့ အာဟာရ ဓာတ်မျိုးစုံပါဝင်တဲ့ နွားနို့ဟာ ကျန်းမာရေးအတွက် အထောက် အကူပေးပေမယ့် နွားနို့ကို နေ့လယ်ဘက်မှာသောက်တဲ့အခါ လေးကန်ထိုင်းမှိုင်းတာမျိုး ဖြစ်တတ်တယ်လို့ သုတေသီတွေက ဆို ထားပါတယ်။ ညဘက်နွားနို့ […]

Read More

ENTERTAINMENT

go
အွန်လိုင်းမှာ ပုံစံနှစ်မျိုးနဲ့ဖြန့်မယ့် မိစန္ဒီရဲ့ သီချင်းသစ်တစ်ပုဒ်
Posted On :

တတိယတစ်ကိုယ်တော် အခွေမပြီးသေးသောကြောင့် ပရိ သတ်များအတွက် သီချင်းသစ် တစ်ပုဒ်ကို အွန်လိုင်းမှ ပုံစံနှစ်မျိုး ဖြင့် ဖြန့်ချိပေးမည်ဟု မိစန္ဒီက ပြောသည်။ ‘‘ဗားရှင်းနှစ်မျိုးနဲ့ ဖြန့်မှာပါ။ သီချင်းတစ်ပုဒ်တည်းကို တစ်ခုက Acoustic Version ချိုချိုအေး အေးလေး။ နောက်တစ်ခု Sum-mer House Version။  အခု နောက်ပိုင်းခေတ်စားနေတဲ့ ငြိမ့် ငြိမ့်လေး။ အဲဒီလိုနှစ်ခုထွက်မှာ။ ၂၉ ရက်နေ့ထွက်မှာက Acoustic Version ရဲ့ အော်ဒီယိုကို Myan-mar Music Store ကနေ ဝယ်နိုင် ပြီး အမ်တီဗီကို မိစန္ဒီရဲ့ ဖေ့စ် ဘွတ်ခ်နဲ့ ယူကျု့ဒ်မှာ တင်သွား ပေးမယ်’’ဟု ၎င်းက ပြောသည်။ Summer House Version ကိုလည်း Acoustic […]

Read More

TECHNOLOGY

  • q21
    ရွှေဖြင့် ပြုလုပ်ထားသည့် အက်ပ်ပဲလ် iPhone 7 များကို ကြိုတင်မှာယူနိုင်
    Posted On :

    အက်ပ်ပဲလ်ကုမ္ပဏီက ရွှေနှင့် ကျောက်မျက်ရတနာများဖြင့် ထုတ်လုပ်ထားသော iPhone 7 နှင့် iPhone 7 Plus စမတ်ဖုန်းကို ကြိုတင်မှာယူစနစ်ဖြင့် စတင် ရောင်းချပေးနေပြီဖြစ်သည်။ ယင်း iPhone  အသစ်များ၏ အတွင်းပိုင်းသိုလှောင်သိမ်းဆည်းနိုင်မှု ပမာဏသည် 256 GBရှိကြောင်း အက်ပ်ပဲလ်ကုမ္ပဏီက ပြောကြားသည်။ Classique Diamond ဟု အမည်ပေးထားသော iPhone  တွင် စိန်ပွင့်များပါဝင်ပြီး ရွှေဖြင့် ပြုလုပ်ထားသော ကိုယ်ထည် သည် 10 microne ထူကာ ရွှေ နှင်းဆီရောင်၊ ပလက်တီနမ်ရောင် (သို့မဟုတ်) အနက်ရောင်တို့ဖြင့် ရွေးချယ်ဝယ်ယူနိုင်သည်။ ထို့အပြင် မိကျောင်းသားရေ၊ စပါးအုံးမြွေသားရေတို့ဖြင့်လည်း ရွေးချယ်ဝယ်ယူနိုင်သည်။ Classique Diamond စမတ် ဖုန်း iPhone 7 အတွက် ယူရို […]

  • 8
    ပြည်တွင်းပြည်ပကုမ္ပဏီ ၈၀ ကျော်ပါဝင်မည့် အိုင်စီတီပြပွဲ ရန်ကုန်မြို့၌ ပြသမည်
    Posted On :

    ပြည်တွင်း၊ ပြည်ပမှ အိုင်တီကုမ္ပဏီပေါင်း ၈၀ ကျော်ပါဝင်ပြသမည့် ICT ပြပွဲတစ်ခုကို ရန်ကုန်မြို့တွင် စက်တင်ဘာ ၂ ရက်မှ ၄ ရက်အထိပြသမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ကွန်ပျူတာပညာရှင်အသင်းမှ သတင်းရရှိသည်။ ‘‘ဒီနှစ်ပြပွဲက ပြည်တွင်းမှာ ရုံးခွဲလာဖွင့်ထားတဲ့ နိုင်ငံခြားကုမ္ပဏီတော်တော်များများပါဝင်လာခဲ့တဲ့အတွက် အိုင်တီနဲ့ပတ်သက်တဲ့ ဝန်ဆောင်မှု၊ ထုတ်ကုန်အားလုံးကို လေ့လာနိုင်မှာဖြစ်ပါတယ်’’ဟု ရန်ကုန်တိုင်း ကွန်ပျူတာပညာရှင်အသင်းဥက္ကဋ္ဌ ဦးမင်းဦးက ပြောသည်။ အဆိုပါပြပွဲကို ရန်ကုန်မြို့ တပ်မတော်ခန်းမတွင် ကျင်းပမည်ဖြစ်ပြီး မိုဘိုင်းငွေပေးချေဝန်ဆောင်မှုကုမ္ပဏီများ၊ ဆက်သွယ်ရေးအခြေခံအဆောက်အအုံတည် ဆောက်သည့်ကုမ္ပဏီများ၊ နည်းပညာဝန်ဆောင်မှုကုမ္ပဏီများ၊ မိုဘိုင်းဖုန်းနှင့် ကွန်ပျူတာ စသည့်နည်းပညာပစ္စည်းများကို ထုတ်လုပ်ရောင်းချသည့် ကုမ္ပဏီပေါင်း ၈၀ ကျော် ပါဝင်ပြသမည် ဖြစ်ကြောင်းသိရသည်။ ‘‘ဒီနှစ်မှာ အိုင်တီကုမ္ပဏီအသစ်တွေ အများကြီးဝင်ပြီး ပြသကြမှာဖြစ်တဲ့အတွက် နည်းပညာနဲ့ပတ်သက်တဲ့ ဝန်ဆောင်မှု၊ ထုတ်ကုန်အားလုံးကို တစ်နေရာတည်းမှာ လေ့လာနိုင်မှာဖြစ်ပါတယ်’’ဟု ဦးမင်းဦးက […]

  • 30
    မဖြစ်မနေ ရှိထားသင့်တဲ့ အမိုက်စား Android Keyboard App (၇) ခု
    Posted On :

    စမတ်ဖုန်းကဲ့သို့ touch အဓိကသုံး စက်ပစ္စည်းတွေနဲ့ ပတ်သက်ရင် ကီးဘုတ်က အခြေခံအချက်အလက်ဖြည့်သွင်းစနစ်ဖြစ်ပါတယ်။ အကျိုးဆက်အနေနဲ့ စကားလုံးရိုက်နှိပ်မှု အဆင်ပြေ အရာရောက်ဖို့အတွက် ကောင်းမွန်တဲ့ ကီးဘုတ် app တစ်ခုတော့  မရှိမဖြစ် လိုအပ်ပါတယ်။ Android မှ ထွက်ရှိသမျှထဲမှာ Google Play Store ထဲ ရနိုင်တဲ့ ကီးဘုတ် app ကောင်းကောင်းလေးတွေ များစွာရှိပါတယ်။ စကားလုံး စာရိုက်နှိပ်မှုအဆင်ပြေချောမွေ့စေပြီး အလိုအလျောက်ပြင်ဆင်ခြင်းနဲ့ လက်ဟန်ဖြင့် စကားလုံးရိုက်ထည့်မှုစနစ် gesture typing တို့လို feature တွေ ပါဝင်ပါတယ်။ Android စမတ်ဖုန်းပေါ် စာရိုက်မှု ကျေနပ်အားရစေမယ့် အကောင်းဆုံး android keyboard app (၇) ခုကို ဖော်ပြပေးလိုက်ပါတယ်။ ၁။ Google Keyboard အကောင်းဆုံး […]

  • 8
    ကလေးများအတွက် အသင့်လျော်ဆုံး စမတ်လက်ပတ်နာရီများ
    Posted On :

    စမတ်လက်ပတ်နာရီတွေ ဆိုတာက အရွယ်ရောက်ပြီးသူတွေ ဝတ် ဆင်ရမယ့် အဆောင်အယောင်ဆန်ဆန် နည်းပညာ Gadget သက်သက်တွေ မဟုတ်တော့ပါဘူး။ ခန္ဓာကိုယ်မှာ ဝတ်ဆင်နိုင်တဲ့ နည်းပညာ စိတ်ကူးစိတ်သန်း အဖြစ် စမတ်လက်ပတ်နာရီတွေကို စတင် တီထွင်ခဲ့တဲ့ အချိန်ကတည်းက ရည်ရွယ်ချက်အမျိုးမျိုးအတွက် အသုံးပြုခဲ့ ကြပါတယ်။ အဲဒီရည်ရွယ်ချက်တွေထဲမှာ အရွယ်မရောက်သေးသူ ကလေး ငယ်တွေအတွက် စဉ်းစားထားတဲ့ ရှုထောင့်တွေလည်း ပါဝင်လာတယ်။ ကလေးတွေရဲ့ပျော်ရွှင်မှု၊ နှစ်လိုမှုအတွက်တင်မကဘဲ လုံခြုံရေးကဏ္ဍကိုပါ စဉ်းစားထားတဲ့ စမတ်လက်ပတ်နာရီတွေ ထွက်ပေါ်လာချိန်မှာတော့ မိဘတွေအနေနဲ့ အလေးအနက်လက်ခံကြိုဆိုဖို့ ဖြစ်လာပါပြီ။ ဒီနာရီလေး တွေဟာ အရောင်တောက်တောက်၊ ကာတွန်းဆန်ဆန်ဖြစ်နေတာကြောင့် အရွယ်ရောက်ပြီးသူတွေအသုံးပြုတဲ့ တန်ဖိုးကြီး စမတ်လက်ပတ်နာရီတွေနဲ့ တော့ အရမ်းခြားနားပါတယ်။ ဒါ့အပြင် နာရီတွေရဲ့ အခြေခံလုပ်ငန်း ဆောင်တာပိုင်း ကလည်း ကလေးကြိုက်ဖြစ်နေမှာပါ။ ကလေးမိဘတွေအနေနဲ့ ကိုယ့်သားသမီးတွေကို […]

  • 17
    အမေရိကန် ဇနီးမောင်နှံက Pokemon Go ဂိမ်းကြောင့် လူနေမှုဘဝ ထိခိုက်မှုဖြင့် Nintendoကို တရားစွဲ
    Posted On :

    အမေရိကန်နိုင်ငံ၊ ဒက်ထရိုက်မြို့တွင် နေထိုင်သည့် ဇနီးမောင်နှံ နှစ်ဦးက မိမိတို့၏ အေးချမ်းသော လူနေမှု ဘဝကို Pokemon Goဂိမ်းက ထိခိုက် ပျက်စီးစေသည်ဟုဆိုကာ Nintendo ကုမ္ပဏီကို တရားစွဲဆိုခဲ့ကြောင်း သိရသည်။ ဒက်ထရိုက်ရှိ စိန့်ချဲရှောစ် ရပ်ကွက်၊ ဝှာဘီပန်းခြံ အနီးတွင် နေထိုင်သည့် စကော့တ် ဒိုဒစ်ခ်ျနှင့် ဂျေမီဂေါ့တ်စ် ဒိုဒစ်ခ်ျတို့က Pokemon သတ္တဝါလေးများ လက်တွေ့လောကတွင် အမှန်တကယ် ရှိနေသည့်ပုံစံ ဖန်တီးထားသည့် စမတ်ဖုန်းဂိမ်း ထွက်ပေါ်လာကတည်းက မိမိတို့၏ ပတ်ဝန်းကျင်တွင် မလိုလားဖွယ် အပြောင်းအလဲများ ဖြစ်လာသည်ဟု ဆိုသည်။ ဝှာဘီပန်းခြံ အနီးတွင် Nintendoက Pokemon Gymတစ်ခုနှင့် Pokestop ၇ ခုကို သတ်မှတ် နေရာချထားရာ Pokemon Go ဂိမ်းကစားသူ အမြောက်အမြား […]

  • 8
    ပိုကီမွန် အများဆုံး ရှိတဲ့နေရာ
    Posted On :

    “မဟာဗန္ဓုလ ပန်းခြံနားမှာ အကောင်တွေ အများကြီးပဲတဲ့ ညနေကျရင်သွား ဖမ်းမယ် ဘယ်သူလိုက်မလဲ”ဟု ဖေ့စ်ဘုတ် စာမျက်နှာပေါ်တွင် တင်ကာ အချင်းချင်းအဖော်ညှိ လမ်းညွှန်ခြင်းမျိုး ယခုရက်ပိုင်းအတွင်း ခပ်စိပ်စိပ် တွေ့ရပါလိမ့်မည်။ ပိုကီမွန်ဂယက် မြန်မာနိုင်ငံကို တွင်တွင်ကျယ်ကျယ် ရောက်ရှိလာပြီဖြစ်ကာ   ပိုကီမွန် အများဆုံး တွေ့နိုင်သည့် နေရာများတွင် စုစုဝေးဝေး ဖုန်းပွတ်နေကြသည့် လူငယ်အုပ်စုများကို တွေ့ရမည် ဖြစ်သည်။ ရန်ကုန်နှင့် မန္တလေးကဲ့သို့သော မြို့ကြီးများ အများဆုံး ကစားကြပြီး ယင်းမြို့များ၏ ပိုကီမွန်အများဆုံး  တွေ့ရှိရသည့် နေရာကို ပိုကီမွန်ဂိမ်းကစားသူ အချင်းချင်းမျှဝေပြီး ဖြစ်လေသည်။  “ဆော့နေတဲ့ အတွေ့အကြုံအရ မန္တလေးဘူတာကြီး၊ ကုသိုလ်တော်ဘုရားနဲ့ ဒိုင်းမွန်းပလာဇာတို့က ပိုကီမွန်တွေ အများဆုံးရှိတာကို တွေ့ရတယ်” ဟု မန္တလေးမြို့တွင် နေထိုင်ပြီး ပိုကီမွန်ကစားသူ ကိုနိုင်လင်းအောင်က ယင်း၏ အတွေ့အကြုံကို […]

  • 8
    အန္တရာယ်ရှိ ဆိုက်များသို့ ရောက်ရှိစေမည့် လင့်ခ်များကို မနှိပ်မိရန် Gmail သတိပေးသွားမည်
    Posted On :

    Google သည် Android နှင့် ဝက်ဘ်သုံးစွဲသူများ၏ လုံခြုံရေးအတွက် Gmail ၌အန္တရာယ်ရှိ ဝက်ဘ်ဆိုက်များသို့ မရောက်ရှိသွားစေရန် သတိပေးသွားမည် ဖြစ်ကြောင်း blog post တွင် ဖော်ပြခဲ့သည်။ အဆိုပါ feature သစ်များသည် အစစ်အမှန်ဟု အတည်မပြုနိုင်သည့် message ပို့ခံရသူများကို လုံခြုံရေး သတိပေးချက်များ ပြုလုပ်သွားမည် ဖြစ်သည်။ ကနဦးအနေဖြင့် Gmail သည် Sender Policy Framework (SPF) သို့မဟုတ် DKIM နှင့်အတူ အတည်မပြုနိုင်သည့် message များကို သတိပေးသွားမည် ဖြစ်သည်။ SPF သည် spam message များကို  ဖော်ထုတ်ပြီး  မှတ်တမ်းတင် ထားပေးမည် ဖြစ်သည်။ ထို့ကြောင့် အနာဂတ်တွင် လူတစ်ဦးတည်းက အလားတူ […]

  • 6
    ဘာစီလိုနာပရိသတ်များအတွက် Oppo ဖုန်းအမျိုးအစားသစ်ထုတ်လုပ်
    Posted On :

    Oppo အမှတ်တံဆိပ် မိုဘိုင်းဖုန်း ကုမ္ပဏီသည် ကမ္ဘာ ကျော်ဘောလုံးအသင်း ဘာစီလို နာနှင့် ပူးပေါင်း၍ ဒုတိယမြောက် ကန့်သတ်(Edition) F1 Plus FC Barcelona Edition အမည်ရှိ ဖုန်းအမျိုးအစားကို ထုတ်လုပ်ခဲ့ ကြောင်း သတင်းထုတ်ပြန်သည်။ အဆိုပါ ဘာစီလိုနာ ကန့် သတ်ဖုန်းအမျိုးအစားသည် ပြည် တွင်းဈေးကွက်၌ ဖြန့်ချိထားသော F1 Plus ၏ စွမ်းဆောင်ရည်နှင့် တူညီပြီး ဘာစီလိုနာအသင်း ပရိ သတ်များအတွက် သီးသန့်ထုတ် လုပ်ခြင်းဖြစ်ကြောင်း Oppo မြန်မာ သတင်းပြန်ကြားရေးမှ ကိုဝေဖြိုး အောင်က ပြောသည်။ ‘‘ဒီဖုန်းကို အလုံးရေ အကန့် အသတ်နဲ့ထုတ်လုပ်တော့ မြန်မာ ပြည်ဈေးကွက်အတွက် ခွဲတမ်းပါ မလာဘူး။ စင်ကာပူနဲ့ ဗီယက်နမ် တို့မှာရနိုင်တယ်။ […]

  • 10
    ပိုကီမွန်ဂိမ်း ရန်ကုန်ကို သိမ်းပြီ
    Posted On :

    ယခုတလော ရန်ကုန်၏ လူစည် ကားရာအရပ်များ၊ ပန်းခြံများ၊ အထိမ်း အမှတ်နေရာများနှင့် လမ်းမများပေါ် တွင် စမတ်ဖုန်း ကိုယ်စီဖြင့် စုစုဝေးဝေး လှုပ်ရှားသွားလာနေသူများကို သင် သတိထားမိပါသလား။ ချက်တင်ထိုင်နေခြင်း မဟုတ်။ ဖေ့စ်ဘွတ်ခ်တွင် စာရေးနေခြင်းနှင့် အငြင်းပွားနေခြင်း လည်း မဟုတ်ပါ။ ဂိမ်းဆော့နေကြခြင်းသာဖြစ်ပါသည်။ ဂိမ်းဆို၍ သာမန် မိမိအိမ်၊ စား သောက်ဆိုင်၊ လက်ဖက်ရည်ဆိုင် စသ ဖြင့် သင့်တော်ရာနေရာ တစ်ခုခုတွင် အထိုင်ချ၍မရဘူးလားဟု ဆိုပါမည်။ သူကတော့ မရပါ။ အဆိုပါဂိမ်းသည် ကမ္ဘာတစ်ဝန်း နာမည်ကျော်ကြားသူများအပါအဝင် လူသန်းပေါင်းများစွာ စိတ်ဝင်တစား ကစားနေကြသော Pokemon GO  ဂိမ်းဖြစ်ပြီး မြန်မာနိုင်ငံတွင် သြဂုတ်လ ၆ရက်နေ့မှစတင်ဆော့ကစားနေကြခြင်းဖြစ်သည်။ Pokemon GO  ကုမ္ပဏီ ၏ တရားဝင်ထုတ်ပြန်ချက်အရ အရှေ့ […]

  • hh
    ဆမ်ဆောင်း Galaxy Note 7 ပြည်တွင်းတွင် စတင်ရောင်းချမည်
    Posted On :

     မျက်လုံးဖြင့် Scan ဖတ်ကာ ဖုန်း Lockscreen ဖွင့်နိုင်မည့် လုပ်ဆောင်ချက်ပါဝင်ပြီး ရေအနက်ငါးပေတွင် အသုံးပြုသည့်မျက်နှာပြင်ကွေး စမတ်ဖုန်းသစ် Galaxy Note 7 ကို ဩဂုတ် ၂၁ ရက်မှစ၍ ပြည်တွင်း၌ စတင်ရောင်းချပေးမည်ဖြစ်ကြောင်း Samsung မြန်မာရုံးခွဲမှ သတင်းရရှိသည်။ ‘‘Galaxy Note 7 ကို ကုန်ထုတ်စွမ်းအား၊ ဖျော်ဖြေရေးနှင့် အဆင့်မြင့်လုံခြုံရေးစနစ် လုပ်ဆောင်ချက်တွေနဲ့ ပေါင်းစပ်ဖန်တီး ထားပါတယ်။ လူနေမှုဘဝမှာ ပိုမိုကောင်းမွန်တဲ့အရာတွေကို ရရှိ ပိုင်ဆိုင်နိုင်သူတွေအတွက် အသင့်တော်ဆုံး ထုတ်ကုန်ဖြစ်ပါ တယ်’’ဟု Samsung Electronics ၏ မိုဘိုင်းဆက်သွယ်ရေးဌာန ဥက္ကဋ္ဌ DJ Koh က ပြောသည်။ Note စီးရီး စမတ်ဖုန်းများထဲတွင် ပထမဆုံးအနေဖြင့် ရေအ နက်ငါးပေ၌ နာရီဝက်အသုံးပြုနိုင်ပြီး […]