Business

  • ကိုယ်စားလှယ်ပေါင်း ၂၄၀၀ ထံတွင် Ooredoo M-ပိုက်ဆံဖြင့်ငွေလွှဲရယူနိုင်
    Posted On :

    ကိုယ်စားလှယ်ပေါင်း ၂၄၀၀ ဆီကနေတစ်ဆင့် Ooredoo M-ပိုက်ဆံနဲ့ငွေကြေး လွှဲပြောင်းထုတ်ယူနိုင်တယ်လို့ သိရပါတယ်။ အဲဒီကိုယ်စားလှယ်တွေကို ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ ပဲခူးနဲ့ တောင်ကြီးတို့မှာ ထားရှိပြီးဖြစ်တယ်လို့ ဆိုပါတယ်။ ကိုယ်စားလှယ် ၇၅၀၀ ကို ကျေးလက်ဒေသနဲ့ မဖွံ့ဖြိုးသေးတဲ့ဒေသတွေမှာပါ မကြာခင်ထပ်တိုးသွားမယ်လို့ သိရပါတယ်။ အဲဒီဝန်ဆောင်မှုနဲ့ ငွေသွင်းခြင်း၊ ငွေထုတ်ခြင်း၊ ငွေကြေးလွှဲ ပြောင်းပေးခြင်း စတဲ့ဝန်ဆောင်မှုတွေ ရနိုင်မှာဖြစ်ပါတယ်။ “မြန်မာနိုင်ငံမှာ မိုဘိုင်းငွေကြေး ဝန်ဆောင်မှုများအတွက် စစ်မှန်တဲ့လိုအပ်ချက်ရှိပါတယ်၊ ကျွန်တော် တို့မှာ M-ပိုက်ဆံအတွက် ကြီးမားတဲ့ အစီအစဉ်တွေ ရှိနေပါတယ်၊ သိပ်မကြာမီ လများအတွင်းမှာ သုံးစွဲသူတွေအတွက် ထပ်မံမိတ်ဆက်ပေးမယ့် ထပ်ဆောင်း ဝန်ဆောင်မှုများ၊ ဘဏ်များနှင့် စီးပွားရေးလုပ်ငန်းများအတွက် လုပ်ဆောင်ချက်ပိုင်းဆိုင်ရာ တိုးချဲ့ဆောင်ရွက်ပေးသွားမှာပဲ ဖြစ်ပါတယ်” လို့ Ooredoo Myanmar ရဲ့ Acting […]

  • ကုန်ထုတ်လုပ်ရေးနှင့် ဆောက်လုပ်ရေးတွင် ရင်းနှီးမြှုပ်နှံရန် တရုတ်လုပ်ငန်းရှင်များ စိတ်ဝင်စား
    Posted On :

    ကုန်ထုတ်လုပ်ရေးနှင့် ဆောက် လုပ်ရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် တရုတ်စီးပွားရေးလုပ်ငန်းရှင်များက စိတ်ဝင်စားနေကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းကပြောကြားသည်။ ရန်ကုန်မြို့တွင် ပြုလုပ်သော (၁၄)ကြိမ်မြောက် ကမ္ဘာ့တရုတ် ကုန်သည်များ ညီလာခံသို့ တက် ရောက်လာသည့် တရုတ်စီးပွား ရေးလုပ်ငန်းရှင်များက မြန်မာနိုင်ငံ တွင် စီးပွားရေးလုပ်ကိုင်ရန် အ ထက်ပါကဏ္ဍကို ပိုမိုစိတ်ဝင်စား နေသည်ဟု ပြောကြားကြောင်း ၎င်းကဆိုသည်။ ၂နှစ်တစ်ကြိမ် ကျင်းပသည့် ကမ္ဘာ့တရုတ်ကုန်သည်များ ညီလာခံကျင်းပရန် ဗြိတိန်နိုင်ငံ လန်ဒန်မြို့နှင့်အပြိုင် မဲပေးသည့်စနစ်ဖြင့် ရွေးချယ်ရာ မြန်မာနိုင်ငံရန်ကုန်မြို့က မဲအသာဖြင့် အနိုင်ရခြင်းကြောင့် စက်တင်ဘာ ၁၆ ရက်တွင်ရန်ကုန်မြို့ရှိ Myanmar Convention Center(MCC)၌ကျင်းပနိုင်ခဲ့ခြင်း ဖြစ်သည်။ ‘‘တရုတ်က စီးပွားရေးသမား တွေက ကဏ္ဍအတော်များများမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားနေ တယ်။ အထူးသဖြင့် […]

  • အိန္ဒိယအဝယ်မရှိသော်လည်းမတ်ပဲနှင့် ပဲစင်းငုံဈေးပြန်တက်
    Posted On :

    အိန္ဒိယနိုင်ငံက ဝယ်လို အားမရှိသော်လည်း ပြည်တွင်း ဈေးကွက်တွင် မတ်ပဲနှင့် ပဲစင်းငုံ ဈေးနှုန်း တစ်ပတ်အတွင်း ပြန် လည်မြင့်တက်လာကြာင်း မြန်မာ နိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်အ သင်းအတွင်းရေးမှူး ဦးမင်းကိုဦး က ပြောသည်။ အိန္ဒိယနိုင်ငံတွင် မတ်ပဲနှင့်ပဲ စင်းငုံဈေးနှုန်း မြင့်တက်နေခြင်း ကြောင့် နီပေါ၊ ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က မြန်မာ နိုင်ငံမှ ယင်းပဲနှစ်မျိုးကို အဝယ် တိုးမြှင့်လိုသဖြင့် ယခုတစ်ပတ် အတွင်း ပြည်တွင်းပဲဈေးနှုန်းမြင့် တက်ရခြင်းဖြစ်ကြောင်း အထက် ပါပုဂ္ဂိုလ်က ရှင်းပြသည်။ ‘‘အိန္ဒိယမှာ ဈေးမြင့်နေပြီး ဒီမှာ ဈေးနိမ့်နေတော့ ကုန်သည် သဘောအရ ဒီနိုင်ငံက အဝယ်များ နေတာပါ’’ဟု ဦးမင်းကိုဦးက ပြောကြားသည်။ အဆိုပါ နိုင်ငံများသည် ယခင်က မြန်မာနိုင်ငံမှ မတ်ပဲနှင့် […]

  • ရှယ်ယာထည့်ဝင်ငွေ ဒေါ်လာတစ်သန်းခွဲ လိမ်လည်ပြီး မလေးရှားနိုင်ငံသား တရုတ်လူမျိုးလေးဦး ထွက်ပြေး
    Posted On :

    အစုရှယ်ယာဝင်များကိုဖိတ်ခေါ်၍ ဈေးဝယ် ကတ်ရောင်းချသော လုပ်ငန်းများလုပ်ကိုင်သည့် J Card Business ကုမ္ပဏီလီမိတက်မှ ပိုင်ရှင် မလေးရှားနိုင်ငံသား တရုတ်လူမျိုးလေးဦးက အစု ရှယ်ယာဝင်များထံမှ ဒေါ်လာတစ်သန်းခွဲ (ကျပ် သန်းနှစ်ထောင်ကျော်) လိမ်လည်တိမ်းရှောင်မှု ဖြစ်ပွားခဲ့သည်။ အဆိုပါကုမ္ပဏီသည် ရန်ကုန်မြို့တွင် Myanmar Junwell Global Co.,Ltd. အမည်ဖြင့် ၂၀၁၅ ကတည်း က စတင်ကာ အွန်လိုင်းရွှေဈေးကစားခြင်းနှင့် အစု ရှယ်ယာလုပ်ငန်းများ လုပ်ကိုင်ခဲ့သည်။ ၂၀၁၇ ဧပြီ ခန့်ကစ၍ ကမာရွတ်မြို့နယ်ရှိ ဒိုင်းမွန်းကွန်ဒိုတွင် J Card Business ကုမ္ပဏီလီမိတက်အမည်ဖြင့် ရုံးခန်းဖွင့်ခဲ့ပြီး မလေးရှားနိုင်ငံသား တရုတ်လူမျိုးများ ဖြစ်သည့် မစ္စတာအလန်၊ မစ္စတာဘရိုင်ယန်၊ မစ္စတာဒန်နီယယ်၊ မစ္စတာအဒမ်တို့က ဦးဆောင်လုပ်ကိုင် ခဲ့သည်။ ငွေကြေးဆုံးရှုံးသည့် ရှယ်ယာရှင်ဟုဆိုသူ ၁၀၀ […]

  • တန်ဖိုးနည်းအိမ်ရာ ၀ယ်ယူသူများကို ချေးငွေသက်တမ်း ၁၅ နှစ်အထိ တိုးမြှင့်ပေးမည်
    Posted On :

    ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က တန်ဖိုး နည်းအိမ်ရာ ၀ယ်ယူသူများအား ချေးငွေ ပြန်ဆပ်ရမည့်ကာလကို လက်ရှိ ၁၀ နှစ်အစား ၁၅ နှစ်အ ထိ တိုးမြှင့်ချေးပေးနိုင်ရန် ယခုနှစ် အတွင်း စီစဉ်နေသည်။ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးမှုဦးစီး ဌာနက ဒုတိယအသုတ်အဖြစ် ရောင်းချမည့် တန်ဖိုးနည်း အိမ်ရာများတွင် ချေးငွေသက်တမ်းကို တိုးမြှင့်ပေးရန် ကြိုးစားဆောင်ရွက်နေကြောင်း အဆိုပါဘဏ် ဒါရိုက်တာ ဦးဝင်းဇော်က ပြောကြားသည်။ ‘‘တတ်နိုင်သမျှ ချေးငွေ သက်တမ်းကို တိုးဖို့ စီစဉ်နေတာ ကြာပါပြီ။ အခု နောက်တစ်ဆင့် ၁၅ နှစ်ကို ဒီနှစ်ထဲမှာ ပေးနိုင် အောင် စီစဉ်နေပါတယ်။ နိုင်ငံရဲ့ ၀င်ငွေနည်း ပြည်သူတွေ အိမ်ရာ ပိုင်ဆိုင်ဖို့နည်းလမ်းတွေ အမျိုးမျိုး လုပ်နေပါတယ်’’ဟု ဦးဝင်းဇော် က ဆိုသည်။ […]

  • အိမ်ရာချေးငွေ ပထမဆုံးခွင့်ပြုပမာဏရရှိရင် ခွင့်ပြုထားတဲ့ ပမာဏနဲ့ ကိုက်ညီတဲ့ အိမ်ရာရှာဖွေနိုင်ကြောင်းသိရပါတယ်။
    Posted On :

    Yangon, 29.8.2017 မြေနဲ့အိမ်အပေါင်ထားတာနဲ့ တိုက်ခန်းဝယ်ယူတာတွေအတွက် ဘဏ်တွေကချေးငွေရယူမယ်ဆိုရင် လိုအပ်ချက်တွေရှိတယ်လို့ Myanmar Builders Guide ကသိရပါတယ်။ မြေနဲ့အိမ်အပေါင်ထားပြီး ချေးငွေယူမယ်ဆိုရင်တင်ပြရမယ့် လိုအပ်ချက်တွေက (၁)လွှဲပြောင်းနိုင်တဲ မြေအမျိုးအစားဖြစ်ရမယ်၊ (၂) မြေစာရင်းရုံးပုံစံ ၁၀၅၊ ၁၀၆ နဲ့ ၁ (က)ရှိရမယ်၊ (၃) မြေနဲ့ မြေပေါ်အဆောက်အအုံပိုင်ဆိုင်ကြောင်း မှတ်ပုံတင်စာချုပ်၊ မြေပုံ၊ မြေရာဇဝင်၊ ခြောက်လအတွင်း ဆက်စပ်စာချုပ်တွေ၊ (၄)တရားဝင် လုပ်ကိုင်နေတဲ့ သက်တမ်းရှိလုပ်ငန်းလိုင်စင်၊ သက်ဆိုင်ရာဝန်ကြီးဌာနတစ်ခုခုကရယူထားတဲ့ လုပ်ငန်းလိုင်စင်၊ ကုမ္မဏီမှတ်ပုံတင်လက်မှတ်၊ သင်းဖွဲ့မှတ်တမ်းနဲ့ သင်းဖွဲ့စည်းမျဉ်း၊ ပုံစံ ၆/၂၆/ အီးစည်ပင်သာယာမှာ လုပ်ငန်းတစ်ခုခုအတွက် အခွန်ဆောင်ရပါက ၄င်းမှာမိမိပိုင်အိမ်အတွက်လုပ်ငန်းအတွက်၊ အခွန်ကြွေးကျန် မရှိကြောင်းထောက်ခံချက်ယူရန်၊ ကုမ္မဏီဖြစ်ရင် ဒါရိုက်တာအဖွဲ့ အစည်းဆုံးဖြတ်ချက်၊ (၅)လုပ်ငန်းနဲ့ ပတ်သက်တဲ့ နိုင်ငံတော်ကိုပေးဆောင်ထားတဲ့ အမြတ်ခွန် ပြေစာတွေ၊ ပြည်တွင်းအခွန်ကအခွန်ကြွေးကျန်ကင်းရှင်းကြောင်း ထောက်ခံစာ၊ […]

  • ပြည်တွင်းပုလဲရောင်းချပွဲ အားလုံးရောင်းရပြီး ယူရို ၂ ဒသမ ၃ သန်းကျော်ရရှိ
    Posted On :

     နေပြည်တော် တွင် ပြုလုပ်သည့် (၃၅)ကြိမ် မြောက် ပြည်တွင်းပုလဲရောင်းချပွဲ တွင် ပြသရောင်းချသော ပုလဲအ တွဲအားလုံးရောင်းချရပြီး ယူရို ၂ ဒသမ ၃ သန်းကျော်ရရှိကြောင်း  ပုလဲလုပ်ငန်းဌာနမှူး ဒေါ်မြမြ၀င်း က ပြောသည်။ နေပြည်တော်ရှိ မဏိရတနာ လိပ်ခုံးကျောက်မျက်ပြခန်းတွင် သြဂုတ် ၁၈ ရက်မှ ၂၀ ရက်အထိ  ကျင်းပခဲ့သည့် ယင်းပုလဲရောင်းချ ပွဲ၌ အိတ်ဖွင့်တင်ဒါစနစ်တစ်မျိုး တည်းဖြင့် ရောင်းချခြင်းဖြစ်သည်။ ပြပွဲ၌ တစ်ရက်လျှင် ပုလဲအတွဲ ၉၀ ကို သုံးရက်ပြသရောင်းချပြီး ရာနှုန်းပြည့် ရောင်းချနိုင်ခဲ့ခြင်း လည်းဖြစ်သည်။ ‘‘ဒီပွဲက ဒီနှစ်မှာတော့ ပထမ ဆုံးအကြိမ်ပဲ။ အခုပွဲက ပြည်တွင်း၊ပြည်ပ ကုန်သည်အားလုံးပါ တယ်’’ ဟု ဒေါ်မြမြ၀င်းက ပြော သည်။ ပုလဲအတွဲပေါင်း […]

  • မန္တလေးဆီဒိုးနားကို ဧဒင်အုပ်စုက ဝယ်ယူ၍ ဟီလ်တန်နှင့် ပူးပေါင်းဖွင့်လှစ်မည်
    Posted On :

    မန္တလေးရှိ ဆီဒိုးနားဟို တယ်ကို ဧဒင်ကုမ္ပဏီအုပ်စုက ဝယ်ယူ၍ Hilton World Wide Group နှင့် ပူးပေါင်းကာ Hilton Mandalay Hotel အမည်ဖြင့် ဖွင့် လှစ်မည်ဖြစ်သည်။ ‘‘ကျွန်တော်တို့က ဒီဆီဒိုးနား ဆိုတဲ့ နာမည်ကိုပါ ဝယ်လိုက်တာ မဟုတ်ဘူး။ အဲဒီဆီဒိုးနားကို ပိုင် တဲ့ နိုင်ငံခြားကုမ္ပဏီဆီကနေ အ ဆောက်အအုံနဲ့ လုပ်ပိုင်ခွင့်ကို ဧဒင်က ဝယ်လိုက်တာ’’ဟု ဧဒင် Hotels and Resorts ဒါရိုက်တာဦးသန်းထွဋ်က ပြောသည်။ ဟို တယ်ကို ဒေါ်လာသန်း ၄၀ ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ အဆိုပါဟိုတယ်ကို စက်တင်ဘာ ၁ ရက်တွင် စတင်၍ လွှဲပြောင်း ရယူမည်ဖြစ်ပြီး လိုအပ်သည့်ပြင် ဆင်မှုများ […]

  • စားသုံးသူလျော့နည်းနေ၍ တစ်လခွဲအတွင်း ကြက်သားဈေးထက်ဝက်ကျဆင်း
    Posted On :

    ရာသီတုပ်ကွေးသတင်း များကြောင့် ကြက်သားစားသုံးသူ လျော့နည်းနေဆဲဖြစ်သဖြင့် တစ် လခွဲအတွင်း ကြက်သားဈေးထက်ဝက်ကျဆင်းလာသည်ဟု တာမွေမြို့နယ် ကြက်ဘဲဈေးရှိ ကြက်ဘဲဒိုင်များက ပြောသည်။ ဇူလိုင် တတိယပတ်က ကြက်ခြံဖမ်းဈေးသည် တစ်ပိဿာ လျှင် ၃,၂၀၀- ၃,၄၀၀ ကျပ်ဈေး မှ သြဂုတ် ဒုတိယပတ်တွင်တစ်ပိဿာလျှင် ၁,၆၀၀-၁,၈၀၀ ကျပ်အတွင်းသာရှိသည်။ ဦးဆွေသန်း ကြက်ဘဲဒိုင်မှ ၀န်ထမ်းတစ်ဦးက ‘‘ရောင်းအားက ပုံမှန်အချိန်ကထက် အတော်ကျသွားတယ်။ ဒါပေမဲ့ အခု သြဂုတ် ဒုတိယပတ်မှာ ပထမ ရောင်းအားကျနေတာထက်တော့ ထပ်မကျတော့ဘူး၊ တန့်နေတယ်’’ ဟု ပြောသည်။ ကမာရွတ်မြို့နယ်ရှိ ကြက် သား လက်လီအရောင်းဆိုင်ပိုင် ရှင်က ‘‘ကြက်သားက ရောင်း အားမရှိသလောက်ကို ဖြစ်သွား တယ်။ ကျွန်တော်ဆိုရက်နည်း နည်းလောက် ဆိုင်ပိတ်လိုက်ရ တယ်။ အခုမှ […]

  • လေးရက်အတွင်း ကျောက်စိမ်းရောင်းရငွေ ယူရို သန်း ၂၅၀ ကျော်ရရှိ
    Posted On :

    (၅၄)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ တွင် လေးရက်အတွင်း ကျောက် စိမ်းရောင်းရငွေ ယူရို သန်း ၂၅၀ ကျော် ရရှိထားကြောင်း ပြပွဲကျင်းပရေး ကော်မတီမှ သတင်းရရှိသည်။ ဩဂုတ် ၆ ရက်မှ ၉ ရက်အ ထိ ကျောက်စိမ်းတွဲပေါင်း သုံး ထောင်ကျော် (၃,၄၄၃ တွဲ) ကို တင်ဒါစနစ် တစ်မျိုးတည်းဖြင့် ရောင်းချရရှိခြင်းဖြစ်သည်။ ယင်းပြပွဲကို ဩဂုတ် ၂ ရက် မှ ၁၁ ရက်အထိ ကျင်းပမည်ဖြစ် ပြီး ကျောက်မျက်အတွဲ ၃၂၆ တွဲ ကို ဩဂုတ် ၂ ရက်မှ ၅ ရက်အထိ လည်းကောင်း၊ ကျောက်စိမ်းတွဲ ၆,၅၆၁ တွဲကို ဩဂုတ် ၆ ရက်မှ ၁၁ […]