Education

  • အခြေခံပညာကျောင်းများတွင် တိုင်းရင်းသားဘာသာ သင်ကြားနေသူများကို နေ့စားလပေး ဆရာ/ဆရာမ (Teaching Assistant) များအဖြစ် ခန့်ထားမည်
    Posted On :

    တိုင်းဒေသကြီးနှင့် ပြည်နယ်တွေမှာရှိတဲ့ အခြေခံပညာကျောင်းတွေမှာ လက်ရှိတိုင်းရင်းသား စာပေဘာသာစကား သင်ကြားနေတဲ့ တိုင်းရင်းသား ဘာသာသင် ဆရာ/ဆရာမတွေကို နေ့စားလပေး ဆရာ/ဆရာမ (Teaching Assistant) များအဖြစ် ခန့်ထားမယ်လို့ သိရပါတယ်။ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနနဲ့ ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းညှိနှိုင်းချက်အရ တိုင်းရင်းသား စာပေဘာသာစကား သင်ကြားပေးနေသော တိုင်းရင်းသားဘာသာသင် ဆရာ/ဆရာမတွေ (ထောက်ပံ့ကြေး တစ်လကျပ် ၃၀,၀၀ဝ/- ရရှိနေသူ) ကို နေ့စားလပေး ဆရာ/ ဆရာမ (Teaching Assistant) အဖြစ် ခန့်ထားနိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။ လက်ရှိတာဝန် ထမ်းဆောင်နေတဲ့ တိုင်းရင်းသားစာပေဘာသာစကား သင်ကြားပေးနေသော ဆရာ/ဆရာမတွေ အနေနဲ့ ကျန်းမာရေး ကောင်းမွန်ကာ သတ်မှတ်ထားတဲ့ ကျောင်းစာသင်ချိန် စည်းကမ်းတွေအတိုင်း လိုက်နာသင်ကြားနိုင်သူဖြစ်ပြီး၊ ဆက်လက် တာဝန်ထမ်းဆောင်လိုပါက ဆန္ဒပြုလွှာနဲ့ ထောက်ခံချက်တွေကို […]

  • မြန်မာကျောင်းသားများအတွက် နိုင်ငံတကာပညာသင်ဆုအခွင့်အလမ်း
    Posted On :

    အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ်တက္ကသိုလ်က နိုင်ငံရေးနှင့် ဘဏ္ဍာငွေကြေးဆိုင်ရာ အခက်အခဲရှိသည့် မြန်မာနိုင်ငံအပါအဝင်နိုင်ငံအချို့မှ ကျောင်းသား၊ ကျောင်းသူများအတွက် Reach Oxford Scholarship ဘွဲ့ကြို ပညာသင်ဆုများပေးရန် ဖိတ်ခေါ်ထားသည်။ ပညာသင်ဆု အကျုံးဝင် သော ဗြိတိန်နိုင်ငံတစ်ဝန်းရှိ ကောလိပ်များတွင် ရှေးဟောင်းသု တေသနဘာသာရပ်များ၊ ဇီဝနည်းပညာဘာသာရပ်များ၊ အင်ဂျင်နီယာဘာသာရပ်များ၊ ကွန်ပျူတာ နှင့် ကွန်ပျူတာသိပ္ပံဘာသာရပ် များ၊ ဘာသာစကားဆိုင်ရာ ဘာသာရပ်များ၊ ဥပဒေ၊ သမိုင်းနှင့် ရူပဗေဒဆိုင်ရာ ဘာသာရပ်များ၊ စီးပွားရေးဆိုင်ရာ ဘာသာရပ်များ နှင့် ဂီတအပါအဝင် ဘာသာရပ် ၄၇ ခုကို ရွေးချယ်သင်ယူခွင့်ရမည် ဖြစ်သည်။ ပညာသင်ဆုအစီအစဉ် တွင် ဆေးပညာရပ်မပါဝင်ပေ။ (ပညာသင်ဆုဖြင့် တက်ရောက်နိုင် သော ဘာသာရပ်များကို http:// www.ox.ac.uk/admissions/ undergraduate/courses-listing? wssl=1 တွင် ကြည့်ရှုနိုင်သည်။ […]

  • ဂျပန်ဘာသာသင်ကြားရေးအတွက် ထောက်ပံ့ပေးအပ်သည့် MYUI ပညာသင်ဆုလျှောက်ထားနိုင်
    Posted On :

    မြန်မာနိုင်ငံအတွင်းမှာ ဂျပန်ဘာသာ သင်ကြားလျက်ရှိတဲ့ ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ ဂျပန်ဘာသာ သင်ကြားရေးအတွက် ထောက်ပံ့ပေးအပ်သော ပညာသင်ဆုကို စက်တင်ဘာလ ၂၅ ရက်မှာ လျှောက်ထားနိုင်မယ်လို့ Myanmar Association of Japan Alumni (MAJA) ကသိရပါတယ်။ ပညာသင်ဆုမှာ ဂျပန်နိုင်ငံရှိ Business Plus Support Company ၏အမှုဆောင် အရာရှိချုပ် Ms.MihoyoFujii က ဂျပန်ဘာသာကို ကြိုးစားသင်ကြားလျက်ရှိသော မြန်မာလူငယ်များအား ကူညီထောက်ပံ့ပေးအပ်တဲ့ ပညာသင်ဆု ဖြစ်ပါတယ်။ လျှောက်ထား သူတွေအနေနဲ့ ဂျပန်ဘာသာ အရည်အချင်းစစ်စာမေးပွဲ JLPT, TopJ, NAT Test စတာတွေမှာ N5 (or) N4 နဲ့ ထူးချွန်စွာအောင် မြင်ထားသူ၊ ဂျပန်ဘာသာ သင်ကြားရန် ငွေကြေးလိုအပ်ချက်ရှိသူတို့ လျှောက်ထားနိုင်မှာ […]

  • ဆေးတက္ကသိုလ်ဝင်ခွင့်လျှောက်ထားတဲ့ သားအတွက် ဂုဏ်ယူစကားဆိုတဲ့ ရဲအောင်
    Posted On :

    ၂၀၁၆-၁၇ ပညာသင် နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အနုပညာအသိုင်းအဝိုင်းမှ ဂုဏ် ထူးရ ကျောင်းသား၊ ကျောင်းသူ များအား မြန်မာနိုင်ငံ ရုပ်ရှင်အ စည်းအရုံးမှ ဩဂုတ် ၃၀ ရက်တွင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၌ ဆုချီးမြှင့်ပွဲ ကျင်းပခဲ့သည်။ အဆိုပါ ဆုပေးပွဲတွင် ဂုဏ် ထူးရရှိသူခုနစ်ဦးကို ဂုဏ်ထူးတစ် ဘာသာလျှင် ရုပ်ရှင်အစည်းအရုံး က ကျပ်တစ်သိန်းနှင့် မင်္ဂလာရုပ် ရှင်ရုံပိုင်ရှင် ဦးဇော်မင်းက ငါး သောင်းစီ ချီးမြှင့်ခဲ့ပြီး ဂုဏ်ထူးရ ကျောင်းသားများထဲတွင် ရဲအောင်၏ တစ်ဦးတည်းသောသား မောင်ကောင်းတေဇာနိုင်လည်း ပါဝင်သည်။ ‘‘သားလေး ဆယ်တန်းစာ မေးပွဲကို ဂုဏ်ထူးငါးခုနဲ့ အောင် တဲ့အတွက် အရမ်းဝမ်းသာပါ တယ်။ ဖခင်တစ်ယောက်အနေနဲ့ ဂုဏ်လည်းဂုဏ်ယူတယ်။ အဓိက ကတော့ ကျွန်တော်ကတော့ သူ […]

  • ၂၀၁၇-၂၀၁၈ ခုနှစ် အတွက် အဆင့်မြင့်မီဒီယာ ကွန်ပျူတာသင်တန်း လျှောက်ထားနိုင်
    Posted On :

    Yangon, 23.8.2017 မီဒီယာကွန်ပျူတာ သင်တန်းဝင်ခွင့် လျှောက်လွှာတွေကို ခေါ်ယူလျက်ရှိတယ်လို့ သိရပါတယ်။ ဒီသင်တန်းကို Thit San Media School နဲ့ Myanmar Media Arts တို့ပူးပေါင်း ဖွင့်လှစ်တာဖြစ်ပြီး Semester ၃ ခု တက်ရောက်ရမှာ ဖြစ်ပါတယ်။ Semester 1 မှာ ဂရပ်ဖစ်ဒီဇိုင်းဆိုင်ရာ ဒီဇိုင်းရေးဆွဲ ထုတ်လုပ်မှု ကျွမ်းကျင်သင်တန်း၊ Semester 2 မှာ ရုပ်သံတည်းဖြတ်မှုနှင့် ကွန်ပျူတာ အထူးပြုလုပ်ချက် ကျွမ်းကျင်သင်တန်း၊ Semester 3 မှာ ဇာတ်ကောင်လှုပ်ရှားမှုနှင့် Movies ထုတ်လုပ်မှု ကျွမ်းကျင်သင်တန်း တွေကို ၃ လစီ သင်ကြားရမှာဖြစ်ပါတယ်။ လျှောက်ထားလိုသူတွေအနေနဲ့ မြန်မာနိုင်ငံသားဖြစ်ရမည်ဖြစ်ပြီး တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူတွေ ဖြစ်ရမှာဖြစ်ပါတယ်။ တန်းခွဲတစ်ခုမှာ သင်တန်းသား […]

  • နိုင်ငံတကာအဆင့်မီ မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ် တက်မယ်ဆိုရင်
    Posted On :

    Mandalay,17.8.2017 – တက္ကသိုလ်ဝင်တန်းအောင်ပြီးတဲ့ ကျောင်းသားတွေနဲ့ သူတို့ရဲ့ မိဘတွေကြားမှာ မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ်(Myamar Institute of Information Technology MIIT) က စိတ်ဝင် စားစရာဖြစ်လာပါတယ်။ နိုင်ငံတကာအဆင့်မီတဲ့ တက္ကသိုလ်တစ်ခုဖြစ်တာ၊ တခြားတက္က သိုလ်တွေလို မြို့ပြင်မှာမဟုတ်ဘဲ မြို့တွင်းမှာတည်ရှိတာ၊ အိန္ဒိယနိုင်ငံရဲ့ နည်းပညာအထောက်အပံ့နဲ့ ဖွင့်လှစ်ထားတာ စတဲ့အချက်တွေ ကြောင့်ပါ။ မြန်မာသတင်းအချက်အ လက်နည်းပညာတက္ကသိုလ်၊ ဒါ ရိုက်တာ ဒေါက်တာ KRV Raja Subramanian က ‘မနှစ်က ကျောင်းသား ၉၆၀ လျှောက်တယ်၊ ဒီနှစ်မှာတော့ ကျောင်း သားထောင်ကျော်က apply လုပ်တယ်” လို့ ပြောပါတယ်။ မြန်မာသတင်းအချက်အ လက်နည်းပညာတက္ကသိုလ်ဟာ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့ နယ်၊ ၇၃ လမ်းနဲ့ ငုရွှေဝါလမ်း […]

  • အင်းစိန်ဂျီတီအိုင်ကျောင်းဝင်ခွင့် အောက်တိုဘာအတွင်း ခေါ်ယူမည်
    Posted On :

    ၂၀၀၀ ပြည့်နှစ်က စတင် ပိတ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ဂျီတီအိုင်ကျောင်း ၀င်ခွင့် လျှောက်လွှာများကို အောက်တိုဘာအတွင်း ခေါ်ယူနိုင်ရန် စီစဉ်နေသည်ဟု နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနညွှန်ကြားရေးမှူးဒေါက် တာချွန်ထူးအောင်က ပြောသည်။ အင်းစိန်ဂျီတီအိုင်တွင် မြို့ပြ အင်ဂျင်နီယာ၊ စက်မှုအင်ဂျင်နီ ယာ၊ အီလက်ထရွန်နစ်အင်ဂျင်နီ ယာ၊ လျှပ်စစ်ဆက်သွယ်ရေး အင် ဂျင်နီယာ၊ သုတနည်းပညာအင် ဂျင်နီယာ စသည့်ဘာသာရပ်အ လိုက် သုံးနှစ်ကြာ သင်တန်းများ ကို ၂၀၁၇ ဒီဇင်ဘာ ၁ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင် မြင်သူများအား တက်ရောက်ခွင့်ပြုမည်ဖြစ်သည်။ ‘‘ဂျီတီအိုင်ဝင်ခွင့်တွေကို အောက်တိုဘာမှာ ခေါ်လေ့ရှိ တော့ အင်းစိန်ဂျီတီအိုင်ကိုလည်း အဲဒီလထဲမှာပဲ ခေါ်နိုင်ဖို့ ကြိုးစား နေပါတယ်။ ဒီဇင်ဘာအမီဖွင့်နိုင် ဖို့ အဆောက်အအုံ […]

  • ပြောင်းလဲလိုက်သည့် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာတင်သည့် စနစ်သစ်
    Posted On :

    ဒီဇင်ဘာတွင် စတင်ဖွင့်လှစ်မည့် တက္ကသိုလ်ပထမနှစ် သင်တန်းများအတွက် တစ်နိုင်ငံလုံးရှိ တက္ကသိုလ် ၁၇ ခု၌ ယခုနှစ်တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများ ၀င်ခွင့် လျှောက်ထားရန် အဆင်သင့်ဖြစ် နေပြီဖြစ်သည်။ တက္ကသိုလ် ၁၇ ခုတွင် သြဂုတ် ၉ ရက်မှ ၂၅ ရက်အထိ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများ လက်ခံပေးနေခြင်း ဖြစ်သည်။ ယခုနှစ် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားခြင်းအတွက် ထူးခြားချက်သည် ယခင်နှစ်များကဲ့သို့ နယ်မြို့များမှ ကျောင်းသားများအနေ ဖြင့် အဆင့်မြင့်ပညာဦးစီးဌာန (ရန်ကုန်ရုံးခွဲ)သို့ လျှောက်ထားရန် မလိုတော့ခြင်း ဖြစ်သည်။ တက္က သိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိနေထိုင်ရာ (သို့မဟုတ်)မိမိ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသည့် စာစစ်ဌာနရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်းရှိ သတ်မှတ်တက္ကသိုလ်တစ်ခုတွင် လျှောက်လွှာတင်သွင်းနိုင်ရန် ပညာရေးဝန်ကြီးဌာနက စီစဉ်ပေးထား […]

  • တက္ကသိုလ်၊ ကောလိပ်ကျောင်းစည်းကမ်းများတွင် နိုင်ငံရေးဆူပူမှုဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များပယ်ဖျက်
    Posted On :

    တက္ကသိုလ်၊ ဒီဂရီကော လိပ်၊ ကောလိပ်နှင့် သိပ္ပံများ၏ ကျောင်းစည်းကမ်းများတွင် နိုင်ငံ ရေး ဆူပူမှုဆိုင်ရာ ပြစ်မှုပြစ်ဒဏ် များကို ပယ်ဖျက်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ပြောသည်။ ၂၀၁၇ တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်ပါ ကျောင်းသား၊ ကျောင်းသူများ လိုက်နာရမည့် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များတွင် နိုင်ငံရေး ဆူပူမှုနှင့်ဆိုင်သော အချက် ခြောက်ချက်ကို ပယ်ဖျက်ပြီး သက်ဆိုင်ရာကျောင်းများ၏ စည်းကမ်းချက်များ၌ ယင်းအချက်များ ပါဝင်တော့မည် မဟုတ်ပေ။ ‘‘၀င်ခွင့်လမ်းညွှန်စာအုပ်မှာ အဲဒီအချက်တွေ ဖြုတ်ပစ်လိုက်ပြီ။ ဒီစာအုပ်မှာ ပါပြီးသားမို့ ကျောင်းတွေကိုတော့ သီးသန့်ညွှန်ကြားချက်မထုတ်တော့ပါဘူး’’ ဟု ဒေါက်တာသိန်းဝင်းက ပြောသည်။ဆူပူလှုပ်ရှားမှုတွင် ပါဝင်၍ ထိန်းသိမ်းခံရပြီး တရားရုံးမှ ပြစ် ဒဏ်ချမှတ်ခံရခြင်း၊ ဆူပူလှုပ်ရှား မှု၌ ခေါင်းဆောင်အဖြစ် ပါဝင် ခြင်း၊ ဆူပူလှုပ်ရှားမှုဖြစ်ပေါ်စေရန် […]

  • ပြည်နည်းပညာ တက္ကသိုလ်တွင် သတင်းအချက်အလက် နည်းပညာပြပွဲကျင်းပ
    Posted On :

    ပြည်နည်းပညာ တက္က သိုလ် သတင်းအချက်အလက် နည်းပညာဌာန (Information Technology) ကျောင်းသားများ ဖန်တီးပြုလုပ်သည့် သတင်းအချက်အလက် နည်းပညာများ (Project Show) ကို သြဂုတ် ၁၀ ရက်က ပြသခဲ့သည်။ အဆိုပါ ပြပွဲတွင်ကျောင်းသား ၄၁ ဦးဖန်တီးထားသည့် စီမံကိန်း ၁၂ ခုပါဝင်ပြသခဲ့ကြောင်း သိရသည်။ ‘‘သတင်းအချက်အလက် နည်းပညာဌာနရဲ့ ခြေလှမ်းတစ် ခုပါ။ ကျောင်းသား၊ ကျောင်းသူ တွေဟာ စာတွေ့နဲ့ လက်တွေ့ကို ပေါင်းစပ်ပြီး မိမိတို့ရဲ့ ဖန်တီးနိုင် မှုတွေကို ယုံကြည်ချက်အပြည့်နဲ့ ပြည်သူတွေရှေ့မှာ ချပြနိုင်စေဖို့ ရည်ရွယ်ဆောင်ရွက်ခဲ့တာပါ’’ဟု သတင်းအချက်အလက် နည်း ပညာဌာန ဌာနမှူးတစ်ဦးက ပြောကြားသည်။ ပြပွဲတွင် အတားအဆီးများ ကို ရှောင်ကွင်းသွားလာနိုင်သည့် ရိုဘော့စက်ရုပ်နည်းပညာ၊ ရွေးကောက်ပွဲများတွင် စက်ခလုတ် […]