Entertainment

  • ဒရာမာ အချစ်ဇာတ်ကားမှာ တွဲဖက်သရုပ်ဆောင်မယ့် နိုင်းနိုင်းနဲ့ မေမြတ်နိုး
    Posted On :

    RKN ရုပ်ရှင်ထုတ်လုပ် ရေး၏ ပထမဆုံး ပွဲဦးထွက်ဇာတ် ကားဖြစ်သော ‘ဒိုင်ယာရီ’ဟု အမည်ပေးထားသည့် ရုပ်ရှင် ဇာတ်ကားကန်တော့ပွဲအခမ်းအ နားကို စက်တင်ဘာ ၂၄ ရက် နံနက်က ရွှေတိဂုံစေတီတော် အောင်မြေ၌ ပြုလုပ်ခဲ့သည်။ အဆိုပါဇာတ်ကားသည် Roshan ၏ ဝတ္ထုကို ဇာတ်ညွှန်း မိုးစက်ဝိုင်က ရေးသားထားပြီး ဒါရိုက်တာဂျိုးက ရိုက်ကူးပုံဖော် မည်ဖြစ်ကာ နိုင်းနိုင်း၊ အကယ်ဒမီ မေသန်းနု၊ အောင်ရဲထွေး၊ မေမြတ်နိုးနှင့် ရဲမွန်တို့ ပါဝင်သရုပ် ဆောင်မည်ဖြစ်သည်။ ‘‘ဒီကားက ကိုဂျိုးရိုက်ကူးနေ ကျ အက်ရှင်ပုံစံကြမ်းကြမ်းတမ်း တမ်းတော့မဟုတ်ဘူး။ လူငယ်နှစ် ဦး တစ်ယောက်နဲ့တစ်ယောက်အ နစ်နာခံပြီး ချစ်ကြတဲ့ဟာလေးကို တကယ်ရိုမန်တစ်ဆန်ဆန် ဖန်တီးထားတဲ့ ဇာတ်လမ်းမျိုးပါ။ အရင် ကားတွေမှာ ရိုမန်တစ်ရိုက်ဖူး တယ်။ ဒါပေမဲ့ တစ်ဆင်းန်၊ […]

  • မိုရီဆာကီဝင်း ပါဝင်ဖျော်ဖြေမယ့် ရွှေအက်ဖ်အမ် (၈) နှစ်ပြည့်ပွဲ
    Posted On :

    ရွှေအက်ဖ်အမ် ရှစ်နှစ် ပြည့် ဖျော်ဖြေပွဲတွင် မြန်မာပရိ သတ် အားပေးမှု ရရှိထားသည့် မိုရီဆာကီဝင်း ပါဝင်ဖျော်ဖြေမည် ဖြစ်ကြောင်း စကိုင်းနက် ရုပ်သံ လိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ‘‘မိုရီဆာကီဝင်းက သူလာ မယ်လို့ အင်တာဗျူးမှာ ပြောထား တဲ့အတိုင်း လာတာပါ။ သီချင်း တွေ တော်တော်များများ ဖျော် ဖြေတင်ဆက်ဖို့ စီစဉ်ထားပါ တယ်’’ ဟု ၎င်းကပြောသည်။ ဖျော်ဖြေမှု အစီအစဉ်များ အနေဖြင့် ထူးထူးခြားခြား တင် ဆက်မည့် အစီအစဉ်များလည်း ပါဝင်ပြီး ပရိသတ်များအတွက် Surprise အစီအစဉ်များလည်း ပါဝင်မည်ဟု အဆိုပါတာ ဝန်ရှိသူက ဆိုသည်။ ဖျော်ဖြေပွဲတွင် မိုရီဆာ ကီဝင်းနှင့်အတူ Myanmar Idol Season 2 မှ […]

  • သုဘရာဇာဇာတ်ရုပ်အတွက် ကြိုတင်ပြင်ဆင်ထားတဲ့ ထွန်းအိန္ဒြာဗို
    Posted On :

    သရုပ်ဆောင် မိုးပြည့် ပြည့်မောင် ထုတ်လုပ်ရေးက ပထမဦးဆုံးရိုက်ကူးမည့် ‘မြစ်တစ် စင်းရဲ့ ကျေးကျွန်များ’ ရုပ်ရှင်ဇာတ်ကားတွင် သုဘရာဇာ အမျိုးသမီးတစ်ယောက်အဖြစ် ပါဝင် ရိုက်ကူးရမည်ဖြစ်ကြောင်း သရုပ်ဆောင် ထွန်းအိန္ဒြာဗိုက ပြော သည်။ ‘‘မလုပ်ဖူးတဲ့ ဇာတ်ရုပ်ဖြစ် တဲ့အတွက်ကြောင့် ဇာတ်ရုပ်က ကျွန်မကို ဆွဲဆောင်ပါတယ်။ ဒါ ပေမဲ့ အဓိကကတော့ မိန်းမတစ် ယောက် သုဘရာဇာလုပ်တယ်ဆို တဲ့ ဇာတ်လမ်းကို အကျယ်ချဲ့ပြီး ရိုက်တဲ့ဇာတ်မျိုးတော့မဟုတ် ဘူး။ ကျွန်မရဲ့အလုပ်က ဒါဆိုတာ ကို ပြတဲ့သဘောပါ’’ဟု ၎င်းက ပါဝင်ရိုက်ကူးရမည့် ဇာတ်ကောင် နှင့်ပတ်သက်၍ ပြောသည်။ သုဘရာဇာ ကာရိုက်တာ သည် ၎င်းပထမဆုံးရိုက်ကူးသည့် ဇာတ်ရုပ်ဖြစ်ပြီး မိုးပြည့်ပြည့် မောင် ထုတ်လုပ်ရေးက ပထမ ဆုံးစီစဉ်သည့် ဇာတ်ကားတွင် ယခုကဲ့သို့ […]

  • မင်္ဂလာပွဲကျင်းပတော့မယ့် ဖော်ကာ
    Posted On :

    ရော့ခ်သီချင်းခပ်ကြမ်းကြမ်း များကို သီဆိုသည့် ဖော်ကာက မင်္ဂလာပွဲအကြို ဓာတ်ပုံများကို ချစ်သူဆန္ဒအရ အလိုလိုက်၍ ရိုက်ကူးခြင်းဖြစ်ကြောင်း ပြောသည်။ ‘‘ကျွန်တော်က အဲဒီလို ရိုက် ရကောင်းမှန်းသိပ်မသိဘူး။ ကျွန် တော့်ကောင်မလေးက ရိုက်ချင် တာ။ အစကတော့ ဒီကိစ္စတွေက ကျွန်တော်နဲ့ဝေးတော့လေ။ ဒါပေမဲ့ မိန်းကလေးကျတော့လည်း ဖြစ် ချင်တာတော့ရှိမှာ။ ကိုယ်ဖြစ်ချင် တာကိုယ်လုပ်နေရသလို သူဖြစ် ချင်တာကိုလည်း အတတ်နိုင်ဆုံး ဖြစ်အောင် လုပ်ပေးလိုက်တာပါ’’ ဟု ဖော်ကာက ပြောသည်။ မင်္ဂလာအကြိုဓာတ်ပုံများကို ဓာတ်ပုံ ၀ဏ္ဏခွာနီးက မေတ္တာဖြင့် ရိုက်ကူးပေးခြင်းဖြစ်ကြောင်း ၎င်း က ဆိုသည်။ အောက်တိုဘာ ၅ ရက်တွင် ဆီဒိုးနားဟိုတယ်၌ မင်္ဂလာလက် မှတ်ရေးထိုးမည်ဖြစ်ပြီး အောက် တိုဘာ ၈ ရက်တွင် Melia ဟိုတယ် […]

  • ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌအဖြစ် ဦးလူမင်းနေရာတွင် ဦးဇင်ဝိုင်းကို အတည်ပြု
    Posted On :

    ယနေ့ (စက်တင်ဘာလ ၂၆ ရက်) တွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတွင် စည်သူ ဗိုလ်ကလေးတင့်အောင် ခေါင်းဆောင်ပြီးကျင်းပတဲ့ အစည်းအရုံးဥက္ကဋ္ဌ ရွေးချယ်ပွဲက သရုပ်ဆောင်ဇင်ဝိုင်းကို ဥက္ကဋ္ဌအဖြစ် ရွေးချယ်လိုက်ကြောင်း သတင်းရရှိသည်။ အပြောင်းအလဲများ လိုအပ်၊ မျှော်လင့်နေကြတဲ့ ရုပ်ရှင်အစည်းအရုံး ဥက္ကဟောင်း ဦးလူမင်းရဲ့ နေရာမှာ ဦးဇင်ဝိုင်းကို ရုပ်ရှင်လောကသားများက ရွေးကောက်ပွဲပြုလုပ်ပြီး တင်မြှောက်ခဲ့ကြတာဖြစ်ပါတယ်။ အမှုဆောင် အယောက် ၂ဝ တွင် ပါဝင်လာခဲ့သည့် ဦးဇင်ဝိုင်းက ခန့်စည်သူနဲ့အတူ ဥက္ကဋ္ဌနေရာအတွက် လူပြောများနေခဲ့ပါတယ်။ တစ်ချို့ သတင်းများကလည်း ခန့်စည်သူ အမှုဆောင်ဖြစ်တာကို ဥက္ကဋ္ဌဟု လွှဲမှားပြီး ကြိုတင်ရေးသားကြတာလည်း ရှိခဲ့သည်။ သို့သော်လည်း ယနေ့ကျင်းပသည့် အမှုဆောင်အစည်းအဝေးကသာလျှင် ဥက္ကဋ္ဌကို အတည်ပြု ရွေးချယ်ပေးလိုက်တာပါ။ စစ်တမ်းများအရ အွန်လိုင်းပေါ်မှ ရုပ်ရှင်ပရိတ်သတ် အများစုကတော့ ခန့်စည်သူကို ဥက္ကဋ္ဌ […]

  • မိခင်နဲ့အတူ သီလရှင်ဝတ်တဲ့ သရုပ်ဆောင်သွန်းဆက်
    Posted On :

    စက်တင်ဘာ ၂၅ ရက် နံနက်က သုဝဏ္ဏဘူမိ ခေမာရာမ သီလရှင်စာသင်တိုက်၌ မိခင်နှင့် အတူ သီလရှင်ဝတ်ခဲ့ကြောင်း ဆရာလေး သီလနန္ဒိဘွဲ့ အမည်ခံ သရုပ်ဆောင်သွန်းဆက်က ပြော သည်။ ‘‘ဆရာလေး မယ်သီလရှင် ဝတ်ဖို့ အစကတည်းက စိတ်ကူး ရှိတယ်။ ငယ်ငယ်လေးကတည်း ကလည်း ဝတ်ချင်တယ်။ ဒါပေမဲ့ ကျောင်းကိစ္စ ဘာညာနဲ့ မဝတ်ဖြစ် ဘူး။ ဒါပေမဲ့ ဒီနှစ်ထဲမှာတော့ စိတ်ကပိုပြင်းပြတယ်။ အဲဒါကြောင့် သီလရှင်ဝတ်ချင်တယ်လို့ အမေ့ ကို ပြောလိုက်တော့ အမေက ကားရိုက်နည်းနည်းညှိလို့ရရင် ဝတ်ဆိုတာနဲ့ ဝတ်ဖြစ်သွားတာပါ’’ဟု ၎င်းက ပြောသည်။ ၎င်း၏ မိခင်ကလည်း သီလ ရှင်တစ်ခါမျှ မဝတ်ဖူးသော ကြောင့် သားအမိနှစ်ဦး တိုင်ပင်၍ သာသနာ့ဘောင်ဝင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ စာသင်တိုက်တွင် […]

  • မိုးဟေကိုကို လျော်ကြေးပေးလိုက်ရတဲ့ သင်ဇာဝင့်ကျော်
    Posted On :

    “သူ့နာမည် ရွှေရုပ်” ရုပ်ရှင်ဇာတ်ကားကြီးမှာ ဇာတ်ဆောင်မင်းသမီးတစ်လက်အဖြစ်ပါဝင်တဲ့ သင်ဇာဝင့်ကျော်ကတော့ ရိုက်ကူးစဉ်ဖြစ်တဲ့ ပရိုဂျူဆာ ရဲ့ ကိုယ်ချင်းစာစိတ်မရှိမှုနဲ့ ဒါရိုက်တာရဲ့ စကားပြောရင့်သီးမှုများကြောင့် အဆင်မပြေမှုများဖြစ်ခဲ့ရပြီး လျော်ကြေးငွေပြန်လျော်ကာ ဆက်မရိုက်ဖြစ်တော့ဘူးလို့သိရပါတယ် ။ မျက်လုံးထိခိုက်တဲ့ထိဖြစ်ခဲ့ရတဲ့ သင်ဇာဝင့်ကျော်က ရိုက်ကွင်းပေါ်က အဖြစ်မှန်တွေကို အောက်ပါအတိုင်း ဖွင့်ချပြောပြလိုက်ပြီး ဒီလိုပြောပြလို့ သူမကိုရင်ဆိုင်လာ မယ်တိုက်ခိုက်လာဦးမယ်ဆိုလဲ မကြောက်ပါဘူး လို့ဆိုပါတယ် ။ ” ကျမဖြတ်သန်းလာတဲ့အနုပညာသက်တမ်းတလျှောက်အခုလိုမျိုးအနုပညာခေါင်းပုံဖြတ်တဲ့သူမျိုးတခါမှမ တွေ့ဖူးပါဘူး…ခင်မင်ရင်နှီးမှုကိုအခွင့်ကောင်းယူပြီး အခုလိုမျိုးလုပ်တာကျမပိုပြီးရင်နာရပါတယ်…ကိုယ် စေတနာထားလဲစေတနာကိုမမြင်ကြပါလားလို့… ကျမဒီ ‘ရွှေရုပ်’ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကိုစပြီးလက် ခံကတည်းက producer ကိုယ်တိုင် သရုပ်ဆောင် မယ်ဆိုကတည်းကသူ့ဇာတ်ပဲဖြစ်မယ်ဆိုတာသိပြီး သားပါ…ဒါပေမဲ့ director steel ကproducer ကိုယ် တိုင်က ညီမနဲ့ပဲရိုက်ချင်တယ်ဒီဇာတ်ကို…ဒီနေရာမှာ ဘယ်သူ့ကိုမှထဲ့မရိုက်ချင်ဘူးဆိုလို့ ခုနောက်ပိုင်းအပြိုင် ဇာတ်တွေကိုကျမပရိတ်သတ်တွေမရိုက်ခိုင်းတဲ့ကြားက ခင်မင်မှုတွေနားလည်မှုတွေကိုရှေ့တမ်းတင်ပြီး ရိုက်ပေးဖြစ်ခဲ့ပါတယ်…စဌားတုန်:ကတော့သရဲလုပ်ရမယ်လို့ ပဲပြောပါတယ်…စီလီကွန်မိတ်ကပ်ကြီးအုပ်ပြီးတကားလုံး သရုပ်ဆောင်ရမယ်လို့မပြောပါဘူး…ဈေးစကား ပြော..စာချုပ်မှာလက်မှတ်ထိုးပြီးမှ…စီလီကွန်အုပ်ဖို့အ တွက် […]

  • မြန်မာအိုင်ဒေါအစီအစဉ်မှာ ဆန်းသစ်မှုတွေနဲ့ မြင်ရမယ့် ကျော်ထက်အောင်
    Posted On :

    စက်တင်ဘာလကုန်တွင် ပြုလုပ်မည့် Miss Universe Myanmar ပွဲ၌ စီစဉ်တင်ဆက်သူအဖြစ် ပါဝင်မည့် သရုပ်ဆောင်ကျော်ထက်အောင်က Myanmar Idol အစီအစဉ်တွင် ဆန်းသစ်သည့်ပုံစံဖြင့် ထပ်မံမြင်တွေ့ရမည်ဟု ဆို သည်။ ‘‘Myanmar Idol မှာလည်းSeason 3,4 အနေနဲ့ ထပ်ပြီးမြင် ရမှာပါ။ ကျွန်တော့်ကိုပြန်ပြီး Higher လုပ်ထားတဲ့အပိုင်း တွေ ရှိပါတယ်။ Planning ချနေတဲ့ အပိုင်းတွေပဲ ရှိပါသေးတယ်။ ကျွန်တော်တို့ Presentation အ ပိုင်းနဲ့ပတ်သက်ပြီး ဘယ်လိုဆန်း သစ်အောင် လုပ်မလဲဆိုတာတွေ စီစဉ်နေပါတယ်။ ကျွန်တော့်ကို Host Man အနေနဲ့ ပြန်မြင်တွေ့ ရဦးမှာပါ’’ ဟု ၎င်းကဆိုသည်။ Myanmar Idol တွင် စီစဉ်တင်ဆက်သူအနေဖြင့် ပါဝင်ရိုက်ကူးစဉ် အောင်ခေတ်မင်းရုပ် ရှင်ထုတ်လုပ်ရေး၏ […]

  • သဘင်ပညာတွင် ဘဝမြှုပ်နှံထားသူ
    Posted On :

    ပရိသတ်စိတ်ဝင်စားမှု နည်းပါးလာသည်ဟု ထင်ကြေးပေးခံရသည့် ဇာတ်သဘင်လောကတွင် ဆယ်စုနှစ်လေးခု ကျော်ကြာ အောင်မြင်မှု ထိန်းသိမ်းထားနိုင်သူတစ်ဦးရှိသည်။ အခြားသူတော့မဟုတ်။ သဘင်တစ်ခေတ် အောင်မြင်ခဲ့သူ အလင်္ကာကျော်စွာ ရွှေမန်းတင်မောင်၏ သားထွေး ရွှေမန်းချမ်းသာ ဖြစ်ပါ သည်။ လောလောလတ်လတ် ကျင်းပထားသော ရွှေမန်းချမ်းသာ သဘင်သက် နှစ်(၄၀)ပြည့် ဖျော် ဖြေပွဲတွင် နောက်ပိုင်းဇာတ်အထိ မိုးအလင်း ပရိသတ်အခိုင်အမာ လာရောက်အားပေးခဲ့မှုက လက်ရှိအချိန်အထိ ဇာတ်သဘင်လောက ၌ အောင်မြင်မှုထိန်းသိမ်းထားနိုင် ဆဲဆိုခြင်းကို မီးမောင်းထိုးပြနေသည်။ ‘‘တကယ်တော့ စာမေးပွဲဖြေ ရတဲ့သူတစ်ယောက်လိုပဲ အဆုံးသတ်ရင်အောင်ပါ့မလားဆိုတဲ့ အ တွေးနဲ့ပေါ့။ အခုတော့ အားလုံးရဲ့သတ်မှတ်ချက်က ဦးချမ်း အောင်မြင်သွားပါတယ်’’ဟု သဘင်သက် နှစ်(၄၀) ဖျော်ဖြေပွဲအပေါ် ၎င်း၏ ပီတိကို ပြောသည်။ နှစ်(၄၀)ပြည့် ဖျော်ဖြေပွဲကို အမျိုးသားကဇာတ်ရုံ၌ နှစ်ရက်တိုင်တိုင် ကျင်းပခဲ့ပြီး […]

  • ငဘ ဒုတိယပိုင်း ရိုက်မည့် ကျော်သူနှင့်တွေ့ဆုံခြင်း
    Posted On :

    ကိုရီးယားနိုင်ငံတွင် ပြုလုပ်သည့် ရုပ်ရှင်ပွဲတော်သို့ သွားရောက် ပြသခဲ့သော ငဘရုပ်ရှင်ကို ကိုရီး ယားပရိသတ်များက အားပေးခဲ့ သောကြောင့် ကျော်သူက ဒုတိယ ပိုင်းရိုက်ကူးရန် စီစဉ်နေသည်။ ထို့ ကြောင့် ၀ါရင့်မင်းသားကြီး ကျော်သူကို ငဘရုပ်ရှင်အကြောင်းအပါ အ၀င် ကျန်းမာရေးအခြေအနေ၊ လတ်တလောအနုပညာလှုပ်ရှား မှုများအကြောင်းနှင့် ပြောင်းလဲ တော့မည့် ရုပ်ရှင်ရုံတင်စနစ်အ ပေါ် အမြင်တို့ကို တွေ့ဆုံမေးမြန်း ခဲ့ပါသည်။ ကိုရီးယားမှာ သွားပြခဲ့တဲ့ ငဘရုပ်ရှင်က ဒုတိယပိုင်းရိုက်ဖို့ သေချာသွားပြီလား။ ငဘ ဒုတိယပိုင်းရိုက်ဖို့က ပရိသတ်ဆီကို အကြံတောင်းထားတယ်။ တချို့လည်းပေးတယ်။ အဲဒါတွေ ပြန်ဖတ်နေတယ်။ ငဘအပိုင်း(၂)ကတော့ ကျွန်တော်လည်းရိုက်ချင် တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုရီးယားပရိသတ်ကတောင် အပိုင်း (၂)ကို မျှော်တယ်လို့ ပြောတဲ့အတွက် ကျွန်တော်ကတော့ ရိုက်မယ်။ ကျွန်တော်တို့နိုင်ငံမှာ ကိုရီးယားကားတွေကို […]