Health & Beauty

  • နှမ်းဆီမွှေးက အလှအပအတွက် ဘယ်လို အသုံးတည့်သလဲ
    Posted On :

    နှမ်းဆီမွှေးဆိုရင် ဟင်းလျာ ချက်ပြုတ်ရာမှာသာ သုံးစွဲလေ့ရှိ ကြပေမယ့် အလှအပအတွက် တသီးတသန့် သုံးစွဲတာတော့ နည်းပါတယ်။ နှမ်းဆီမွှေးပုလင်း လေး တစ်လုံးရှိရုံနဲ့ အလှအပ အတွက် ဘာတွေသုံးစွဲနိုင်တယ် ဆိုတာ ဖော်ပြလိုက်ပါတယ်။ – နှမ်းဆီဟာ ဗက်တီးရီးယား တွေကို ကာကွယ်နိုင်စွမ်းနဲ့ ရောင် ရမ်းမှုတွေကို သက်သာနိုင်စွမ်းရှိ ပြီး ဝက်ခြံတွေ ပျောက်ကင်းဖို့ အတွက် သဘာဝဆေးဆိုရင်လည်း မမှားပါဘူး။ – နှင်းခူနဲ့ ကြမ်းထော်ပြီး အနီပိမ့် တွေထတဲ့ အရေပြားရောဂါဆိုရင် လည်း နှမ်းဆီသုတ်လိမ်းပေးရင် သက်သာစေပါတယ်။ – အဆစ်အမြစ်တွေ ရောင်ရမ်း နာကျင်နေရင်လည်း နှမ်းဆီလေး လိမ်းပြီး နှိပ်နယ်ပေးရင် သက် သာစေပါတယ်။ – အသားအရေတွေ ခြောက်သွေ့ ရင်လည်း နှမ်းဆီလေးလိမ်းပေး ရင် […]

  • အိတ်ခ်ျအိုင်ဗီဗိုင်းရပ်စ် ရာခိုင်နှုန်းပြည့်နီးပါး သေဆုံးစေနိုင်သည့် ပဋိဆေးပစ္စည်းအသစ် တစ်မျိုး တီထွင်
    Posted On :

    HIV ဗိုင်းရပ်စ်များကို ၉၉ ရာခိုင်နှုန်းအထိ တိုက်ဖျက်ပြီး တိ ရစ္ဆာန်များတွင် ယင်းရောဂါကို ကာကွယ်နိုင်သည့် ပဋိပစ္စည်းတစ်မျိုး ကို သိပ္ပံပညာရှင်များ တီထွင်ခဲ့သည်။ HIV ဗိုင်းရပ်စ်၏ အရေးကြီးသော အစိတ်အပိုင်းသုံးခုကို တိုက် ခိုက်ရန်နှင့် ယင်းပဋိပစ္စည်း၏ သက်ရောက်မှုများကို ဗိုင်းရပ်စ်က ခုခံရခက်ခဲအောင် လုပ်ဆောင်ရန် ယင်းပဋိပစ္စည်းကို တီထွင်ခြင်း ဖြစ်သည်။ ယင်းကို အမေရိကန်အမျိုးသား ကျန်းမာရေးဌာနနှင့် ဆေးဝါး ထုတ်လုပ်ရေးကုမ္ပဏီ Sanofi တို့ ပူးပေါင်းထုတ်လုပ်ခြင်းဖြစ်သည်။ ယင်းပဋိပစ္စည်းအား လူသားများနှင့် စမ်းသပ်မှုကို ၂၀၁၈ တွင် စတင်ပြုလုပ်ကာ HIV ဗိုင်းရပ်စ်ကို ကာကွယ်နိုင်သလား (သို့မ ဟုတ်) ကုသပျောက်ကင်းနိုင်သလား လေ့လာမည်ဖြစ်သည်။ ယင်းဗိုင်းရပ်စ်သည် မယုံနိုင်လောက်အောင် မျိုးပြောင်းနိုင်ပြီး ၎င်း၏အသွင်အပြင်ကို ပြောင်းလဲနိုင်သောကြောင့် လူသားတို့၏ ခန္ဓာကိုယ်က […]

  • မဂ္ဂနီဆီယမ်ဓာတ် နည်းလွန်းခြင်း (သို့မဟုတ်) များလွန်းခြင်းကြောင့် မှတ်ဉာဏ်ဆုံးရှုံးနိုင်
    Posted On :

    Neurology ဂျာနယ်တွင် ဖော်ပြထားသည့် လေ့လာမှုအသစ်တစ်ရပ်အရ ခန္ဓာကိုယ်ထဲ၌ မဂ္ဂနီဆီယမ်ဓာတ် များလွန်းခြင်း (သို့မဟုတ်) နည်းပါးလွန်းခြင်း အခြေအနေ နှစ်ရပ်စလုံးကြောင့် မှတ်ဉာဏ်ဆုံးရှုံးမှု ဖြစ်ပေါ်နိုင်သည့် အန္တရာယ်မြင့်မားကြောင်း သိရသည်။ ယင်းလေ့လာမှုကို နယ်သာလန်နိုင်ငံ ရိုတာဒန်မြို့ရှိ အီရာ မတ်စ်ဆေးတက္ကသိုလ်မှ သုတေသီများက ပြုလုပ်ခြင်းဖြစ်သည်။ ပျမ်းမျှအသက် (၆၄ ဒသမ ၉ )နှစ်ရှိသော လူပေါင်းတစ်သောင်း ခန့်ကို လေ့လာရာ အထက်ပါကဲ့သို့ တွေ့ရှိခြင်းဖြစ်သည်။ သွေးရည်ကြည်ထဲ၌ မဂ္ဂနီဆီယမ်ပမာဏ လျော့ပါးစေသော အခြေအနေကို တစ်လီတာလျှင် မဂ္ဂနီဆီယမ် ၀ ဒသမ ၇၉ မီလီမိုးစ် ပါဝင်မှုကိုခေါ်ပြီး တစ်လီတာလျှင် ၀ ဒသမ ၉၀ မီလီမိုးစ်နှင့်အထက် ပါဝင်သော အခြေအနေကို မဂ္ဂနီဆီယမ်ပမာဏ မြင့်မားမှုအဖြစ် သတ်မှတ်သည်။ သုတေသီများက ကျား၊ […]

  • အစာအိမ် အောင့်နေရင် ဘာတွေ စားရမလဲ
    Posted On :

    အစာအိမ် အောင့်တာကို သက်သာစေမယ့် သဘာဝ နည်းလမ်း တွေရှိပါတယ်။ တခါတလေ အချိန်မတော်တဲ့အချိန်မှာ အစာအိမ် အောင့်ရင် အိမ်မှာရှိတဲ့ အသီးအနှံလေးတွေနဲ့ သက်သာအောင် လုပ်ဆောင်နိုင်မယ့် နည်းလမ်း ကို ဝေမျှပေးချင်ပါတယ်။ အစာအိမ် အောင့်တယ်ဆိုတာက အစာခြေဖို့ခက်ခဲတာ၊ အစာစားချိန် နောက်ကျတာတွေကြောင့် ဖြစ်တတ်ပါတယ်။ တချို့ကလည်း စိတ်လှုပ်ရှားမှု၊ စိတ်ဖိစီးမှုတွေကြောင့် အာရုံကြောစနစ် ပြောင်းလဲမှုကြောင့် အစာအိမ် အောင့်တာတွေ ဖြစ်တတ်ပါတယ်။ ငှက်ပျောသီး ငှက်ပျောသီး မှာ သဘာဝ အမျှင်ဓာတ်တွေပါဝင်ပြီး အယောင်ကျစေတဲ့ ဓာတ်တွေလည်းပါဝင်ပါတယ်။ ဒါက အစာချေဖို့ ခက်ခဲတာကြောင့် အစာအိမ် အောင့်တဲ့ ရောဂါ ကို သက်သာ ပျောက်ကင်းစေပါတယ်။ ငှက်ပျောသီး စားပေးရင် အစာအိမ် ထဲက အက်ဆစ် များကို လျော့ကျစေပြီး ကျန်းမာရေးကို […]

  • ဆံပင်အတွက် စိတ်မည်ရအောင် သံပရာသီးဆောင်
    Posted On :

    ဆံပင်နဲ့ပတ်သက်ပြီး ဗောက်ထ တာ၊ ဆံပင်ကျွတ်တာ၊ ဦးရေပြား ယားယံတာတွေကို မကြုံဖူးသူ မရှိသလောက်ပါပဲ။ ဒီလိုအခြေ အနေတွေကို သံပရာသီးနဲ့လွယ် လွယ်ကူကူလေး ဖြေရှင်းနိုင်တဲ့ နည်းလေးတွေကို ဖော်ပြပေး လိုက်ပါတယ်။ – သံပရာသီးလတ်လတ်ဆတ် ဆတ်ကို အရည်ညှစ်ပြီး ဦးရေပြား အနှံ့သုတ်လိမ်းကာ ၁၀ မိနစ် လောက်ထား၍ ခေါင်းလျှော်ရည် အပျော့စားနဲ့ လျှော်ပေးတာမျိုး တစ်ပတ်တစ်ကြိမ်လောက် လုပ် ပေးရင် ဗောက်ထတာသက်သာ စေပါတယ်။ – ဆံပင်တွေ အရမ်းကျွတ်တယ် ဆိုရင်လည်း ကြက်ဆူဆီနဲ့ သံပ ရာရည်ကို ဆတူရောစပ်ပြီး ဦးရေ ပြားနဲ့ ဆံသားကိုသုတ်လိမ်းပြီး ညင်သာစွာနှိပ်နယ်ပေးတာမျိုး လုပ်ပေးနိုင်ပါတယ်။ – နောက်ပြီး ရှလကာရည်အဖြူ နဲ့ သံပရာရည်ရောစပ်ပြီး ဦးရေ ပြားကိုသုတ်လိမ်းကာ ၁၀ မိနစ် […]

  • ဗဟိုကာကွယ်ဆေးထိုးလုပ်ငန်း လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအောင်ကျော်မိုးနှင့်တွေ့ဆုံခြင်း
    Posted On :

    ‘‘ကာကွယ်ဆေးလာမထိုးတဲ့သူတွေက တစ်ရက်လုပ်တစ်ရက်စား မိဘတွေပါ။ သူတို့က ကလေးဖျားပြီဆိုရင် အလုပ်ပျက်ရမယ်၊ ဒါဆိုရင် စားဝတ်နေရေးထိခိုက်မယ်ဆိုပြီးတော့ ကာကွယ်ဆေးတွေမထိုးကြဘူး’’ လက်ရှိတွင် နယ်မြေမငြိမ်သက်မှု များ ဖြစ်ပွားနေသည့် ရခိုင်ပြည် နယ်ကဲ့သို့ နေရာမျိုး၌ ကာကွယ် ဆေးလွှမ်းခြုံနိုင်မှုသည် စိုးရိမ်ရ မည့် အချက်တစ်ချက်ဖြစ်သည်။ ယခင်ကတည်းကပင် ရခိုင်အပါ အဝင် ရှမ်း၊ ကချင်၊ ‘ဝ’၊ ကိုးကန့် အစရှိသည့် နေရာများ၌ ကာကွယ် ဆေးလွှမ်းခြုံမှု အားနည်းခဲ့သည်။ ထို့အပြင် တစ်ရက်လုပ်တစ်ရက် စား မိဘအချို့ကြောင့် ကာကွယ် ဆေး အပြည့်အဝမရရှိသည့် ကလေးများလည်း ရှိနေသေး သည်။ ထိုသို့ ကာကွယ်ဆေး လွှမ်းခြုံမှု အားနည်းခြင်းသည် ကူးစက်ရောဂါများကို ခေါင်းပြန် ထောင်လာစေနိုင်၍ အဆိုပါဒေသ များတွင် ကာကွယ်ဆေးနှင့်ပတ် သက်၍ မည်သို့ဆောင်ရွက်နေ […]

  • မဂ္ဂနီဆီယမ်ဖြည့်စွက်ဆေး နေ့စဉ်သောက်သူများ တစ်လအတွင်း သွေးလည်ပတ်မှု အားကောင်းလာနိုင်
    Posted On :

    မဂ္ဂနီဆီယမ်ဖြည့်စွက်ဆေးများ နေ့စဉ်သောက်ပေးခြင်းဖြင့် တစ်လအတွင်း သွေးတိုး သိသိသာသာကျပြီး သွေးလည်ပတ်မှု အားကောင်းစေကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြသည်။ သွေးတိုးရောဂါ အန္တရာယ်ရှိသူများအနေဖြင့် မဂ္ဂနီဆီယမ်ဖြည့် စွက်ဆေးများသောက်သုံးရန် စဉ်းစားသင့်ကြောင်း သုတေသီများ က အကြံပေးထားသည်။ အမျိုးသားများအတွက် ညွှန်ကြားထားသော ၃၀၀ မီလီဂရမ် မဂ္ဂနီဆီယမ်ဖြည့်စွက်ဆေးတစ်လုံးစီ နေ့စဉ်သောက်ခြင်းဖြင့် တစ် လမျှကြာပြီးနောက် သွေးတိုးကျကာ သွေးလည်ပတ်မှု အားကောင်းစေနိုင်ကြောင်း သုတေသီများကပြောသည်။ သွေးတိုးရောဂါ ခံစားနေရသူများ (သို့မဟုတ်) ယင်းရောဂါဖြစ် နိုင်သည့် အန္တရာယ်ရှိသူများ မဂ္ဂနီဆီယမ်ဖြည့်စွက်ဆေးသောက်ရန် စဉ်းစားသင့်သည်။ သို့သော် အခြားသောပညာရှင်များက အစိမ်း ရောင်ဟင်းရွက်များ၊ ငှက်ပျောသီးနှင့် အစေ့အဆန်များ စားပေးခြင်းဖြင့် ခန္ဓာကိုယ်အတွက် လိုအပ်သော မဂ္ဂနီဆီယမ်ပမာဏကို ဖြည့်တင်းနိုင်သည်ဟုပြောသည်။ ခန္ဓာကိုယ်တွင် သတ္တုဓာတ်ပမာဏ လွန်ကဲပါက ဝမ်းလျှော ခြင်း အပါအဝင် ဘေးထွက်ဆိုးကျိုးများ […]

  • ဂေါ်ဖီထုပ် ဟင်းချိုနဲ့ ဝိတ်ချကြည့်မလား
    Posted On :

    ကိုယ်အလေးချိန်လျှော့ဖို့ ကြိုးပမ်းနေသူတွေအတွက် အ ကုန်အကျလည်း သက်သာပြီး ဘေးထွက်ဆိုးကျိုး ကင်းကင်းနဲ့ ဝိတ်လျှော့ချင်တယ်ဆိုရင်တော့ ဂေါ်ဖီထုပ်ဟင်းချိုက ကူညီနိုင်ပါ လိမ့်မယ်။ အဲဒီနည်းနဲ့ဝိတ်ချမယ်ဆိုရင် ဂေါ်ဖီထုပ်ဟင်းချိုတစ်မျိုးတည်းကို အဓိကစားရမှာဖြစ်ပြီး စား သောက်နည်းကတော့ ဂေါ်ဖီထုပ် ဟင်းချိုတစ်ပန်းကန်နဲ့အတူ ငှက် ပျောသီးက လွဲလို့ တခြားသီးနှံတွေ အကုန်ဖြည့်စွက်စားနိုင်ပါတယ်။ နောက်ရက်မှာတော့ ဂေါ်ဖီထုပ် ဟင်းချို မပါတော့ဘဲ အစိမ်း ရောင် ဟင်းသီးဟင်းရွက်တွေ ဖြည့်စွက်စားနိုင်ပြီး ပဲအမျိုးမျိုး၊ အာလူးစတဲ့ ကစီဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကိုတော့ ရှောင် ရမှာပါ။ နောက်ရက်မှာတော့ ဂေါ်ဖီ ထုပ် ဟင်းချိုတစ်မျိုးတည်းကိုပဲ တစ်နေ့စာအဖြစ် ပြန်စားရမှာပါ။ ပြီးရင်တော့ ငှက်ပျော်သီးစားဖို့အ လှည့်ရောက်ပြီဖြစ်ပြီး ဂေါ်ဖီထုပ် ဟင်းချိုနဲ့အတူ ဖြည့်စွက်စားပေး နိုင်ပါတယ်။ ဂေါ်ဖီဟင်းချိုနဲ့ ဝိတ် ချတဲ့ ငါးရက်မြောက်နေ့မှာတော့အရေခွံမပါတဲ့ကြက်သားတို့၊ အ […]

  • မုန်လာဥနီရဲ့ အလှအပအတွက် လျှို့ဝှက်ချက်
    Posted On :

    မုန်လာဥနီစားပေးတာဟာ အမြင် အာရုံကို ကောင်းစေတယ်လို့ လူ သိများပေမယ့် အလှအပဆိုင်ရာ ကောင်းမျိုးတွေရှိတာနဲ့ပတ်သက် ပြီးတော့ သိသူနည်းတာမို့ ဘယ် လိုကောင်းကျိုးတွေရှိလဲဆိုတာ လေ့လာကြည့်ရအောင်ပါ။ မုန်လာဥနီကို နေ့စဉ်စားပေး မယ်ဆိုရင် အသားအရောင်လှစေတဲ့အပြင် ဗီတာမင်အေကြွယ်ဝတဲ့အတွက် အရေပြားကင်ဆာဖြစ်ခြင်းက ကာကွယ်ပေးတဲ့အပြင် ခရမ်းလွန်ရောင်ခြည်ကြောင့် အသားအရေပျက်စီးတာတွေကို လည်း ကာကွယ်ပေးပါတယ်။ မုန်လာဥနီမှာပါတဲ့ ပိုတက်ဆီယမ်နဲ့ ရေဓာတ်က အရေပြား ကို အစိုဓာတ်ပြည့်ဝပြီး တင်းရင်း လှပနေစေသလို မျက်နှာမှာ အ ရေးအကြောင်းဖြစ်တာတွေကို လျော့ပါးစေပါတယ်။ ဗီတာမင်အေနဲ့စီ ကြွယ်ဝတဲ့ အတွက် မုန်လာဥနီပုံမှန်စားပေး ခြင်းဖြင့် အရေပြားပျက်စီးမှုတွေ ကို ကာကွယ်ပေးပြီး အရွယ်တင် နုပျိုစေတယ်လို့ဆိုပါတယ်။ ဒါတင်မက ထိခိုက်ဒဏ်ရာ ကြောင့် အမာရွတ်ကြီးကြီးတွေရှိ နေတယ်ဆိုရင်လည်း တဖြည်း ဖြည်းလျော့ပါးပျောက်ကင်းစေ သလို ဝက်ခြံပေါက်တာတွေ၊ […]

  • ဖြည့်စွက်ဆေးကဲ့သို့ အာဟာရဖြစ်စေသော အစားအစာများ
    Posted On :

    ဖြည့်စွက်ဆေးဝါးအချို့၏ ကျန်းမာရေးအကျိုးကျေးဇူးများကို ထောက်ခံသော လေ့လာမှုများစွာရှိသော်လည်း ယင်းဖြည့်စွက်ဆေးများတွင် ပါဝင်သော အာဟာရဓာတ်များစွာသည် အစားအစာများတွင် ပါဝင်နေသည်။ အဆီမပါသော အမဲသား၊ ကြက်သား၊ ငါး၊ ကြက်ဆင်သားနှင့် ကြက်ဥများတွင် အမိုင်နိုအက်စစ် ကြွယ်ဝစွာပါဝင်ပြီး ကြွက်သား များ ကျန်းမာရေးအထူးကောင်းမွန်သည့် အာဟာရဓာတ်ဖြစ်သည်။ ဒေါက်ခွရွက်၊ တရုတ်ဂေါ်ဖီထုပ်နှင့် ဘီတွတ်ဥတို့တွင် ခန္ဓာ ကိုယ်၏ သွေးလည်ပတ်မှုကို အားကောင်းစေပြီး နှလုံးကျန်းမာရေး အတွက် အထောက်အကူပြုနိုင်သည့် နိုက်ထရစ်အက်စစ်များ ပါဝင်သည်။ ကိုက်လန်၊ ဒေါက်ခွရွက်၊ ကြက်ဥ စသော အစားအစာများတွင် အမြင်အာရုံကို အားကောင်းစေနိုင်ပြီး မျက်စိကျန်းမာရေး ကောင်းမွန်သည့် အာဟာရဓာတ်များ ပါဝင်သည်။ ပဲများ၊ အစေ့အဆန်များ၊ ပဲနီလေးနှင့် ဖွဲနုတို့တွင် အစာချေ ဖျက်မှုစနစ်ကို အားကောင်းစေသော အာဟာရဓာတ်များ ပါဝင် သည်။ ကညွတ်၊ […]