International

  • စင်ကာပူနိုင်ငံ၏ ပထမဆုံးအမျိုးသမီးသမ္မတ ဟာလီမာယာကွတ်
    Posted On :

    ဟာလီမာယာကွတ်သည် စင်ကာပူနိုင်ငံ၏ နိုင်ငံရေးသမားဖြစ်ပြီး လက်ရှိသမ္မတလည်း ဖြစ်သည်။ စင်ကာပူနိုင်ငံ၏ အာဏာရ ပြည်သူ့လှုပ်ရှားမှုပါတီ (PAP) အဖွဲ့ ဝင်တစ်ဦးဖြစ်ပြီး ၂၀၁၃ ဇန်နဝါရီ မှ ၂၀၁၇ သြဂုတ်အထိ စင်ကာပူပါလီမန်၏ ကိုးဦးမြောက် ပါလီမန်ဥက္ကဋ္ဌဖြစ်ခဲ့သည်။ ဟာလီမာကို ၁၉၅၄ သြဂုတ် ၂၃ ရက်တွင် စင်ကာပူ၌ မွေးဖွားခဲ့ပြီး အိန္ဒိယမျိုးနွယ်ဖခင်နှင့် မလေးမျိုးနွယ်မိခင်မှ ဆင်းသက်လာ သည်။ ဟာလီမာ (၈)နှစ်သမီး အရွယ်တွင် ဖခင်ကွယ်လွန်ခဲ့ပြီး မိခင်၏ စောင့်ရှောက်မှုဖြင့် ကြီးပြင်း ခဲ့သည်။ စင်ကာပူ-တရုတ် မိန်းက လေးများကျောင်းနှင့် အစိုးရ မိန်း ကလေးကျောင်း၌ အထက်တန်း ပညာသင်ယူခဲ့သော ဟာလီမာ သည် စင်ကာပူအမျိုးသားတက္ကသိုလ် (NUS) မှ ဥပဒေအထူးပြုဂုဏ်ထူးဖြင့် ၁၉၇၈ တွင် ဘွဲ့ရရှိခဲ့သည်။ […]

  • မြောက်ကိုရီးယား အရှေ့ပိုင်းတွင် တိုက်လေယာဉ်များ အပါအဝင် စစ်တပ်များ လှုပ်ရှားဖြန့်ကျက်နေ
    Posted On :

    မြောက်ကိုရီးယားသည် အရှေ့ဘက် ကမ်းခြေတွင် စစ်တပ်များ နေရာရွှေ့ပြောင်း လှုပ်ရှားမှုများ ပြုလုပ်လျက် ရှိနေကြောင်း သိရသည်။ မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး ရီယောင်ဟိုက အမေရိကန်သည် မိမိတို့ကို စစ်ကြေညာထားပြီဟု ယူဆထားကြောင်းနှင့် ရန်စခြိမ်းခြောက်လာသည့် အမေရိကန် မဟာဗျူဟာ ဗုံးကြဲလေယာဉ်များကို ပစ်ချရန် အသင့်ရှိနေကြောင်း ပြောဆိုခဲ့ပြီးနောက် အရှေ့ဘက် ကမ်းခြေသို့ MiG-29 ဂျက်တိုက်လေယာဉ်များ၊ ဒုံးကျည်များနှင့် လောင်စာကန်များကို မြောက်ကိုရီးယားက ရွှေ့ပြောင်း နေရာချနေခြင်း ဖြစ်သည်။ ကိုရီးယား ကျွန်းဆွယ်ကို ဗဟိုပြုကာ နျူကလီးယား စစ်ပွဲကြီးတစ်ခု ပေါ်ပေါက်လာမည်ကို စိုးရိမ်နေသည့် နိုင်ငံတကာ အစိုးရများက ထိုအခြေအနေကို အလေးအနက် စောင့်ကြည့်နေသည်။ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကမူ မြောက်ကိုရီးယား အရေးကို ကိုင်တွယ်ရာ၌ လိုအပ်သည်ဟု ယူဆပါက စစ်ရေးဖြင့် […]

  • ဆော်ဒီတွင် အမျိုးသမီးများကို ကားမောင်းခွင့်ပြုရန် ဘုရင်အမိန့်ထုတ်
    Posted On :

    ဆော်ဒီအာရေးဘီးယားတွင် အမျိုးသမီးများကို တရားဝင် ကားမောင်းခွင့် ပြုသွားတော့မည်ဟု သိရှိရသည်။ ဆော်ဒီဘုရင် ဆယ်လ်မန်က နိုင်ငံအတွင်း၌ အမျိုးသမီးများ ကားမောင်းလိုင်စင် လျှောက်ထား ရယူခွင့် ပေးအပ်သွားမည့် အမိန့်တစ်ရပ်ကို ပထမဆုံးအကြိမ် ပြဋ္ဌာန်းခဲ့သည်။ ဆော်ဒီသည် အမျိုးသမီးများ ကားမောင်းခွင့်ကို ပိတ်ပင်ထားသည့် တစ်ခုတည်းသော နိုင်ငံအဖြစ်လည်း ရပ်တည်ခဲ့သည်။ လက်ရှိ ကျင့်သုံးနေသည့် စနစ်အရ ဆော်ဒီတွင် အမျိုးသမီးများ သွားလာလိုသည့်အခါ အမျိုးသား အဖော်တစ်ဦးက ကားမောင်း၍ ပို့ပေးရသည်။ အမျိုးသမီးများ ကားမောင်းသည်ကို ဖော်ထုတ် တွေ့ရှိပါက ဖမ်းဆီး၍ ဒဏ်ငွေ တပ်ရိုက်ရန် ဥပဒေ ထုတ်ထားသည်။ ထို့ကြောင့် ဆော်ဒီရှိ မိသားစု အများအပြားသည် အမျိုးသမီးများ အပြင်ထွက် လည်ပတ် သွားလာရန်အတွက် အမျိုးသား ယာဉ်မောင်းများ မဖြစ်မနေ ငှားရမ်းရသည့် […]

  • မိမိတို့ကို အမေရိကန် စစ်ကြေညာလိုက်ပြီဟု မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး စွပ်စွဲ
    Posted On :

    အမေရိကန်က မိမိတို့ကို စစ်ကြေညာလိုက်ပြီဟု ယူဆကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက စွပ်စွဲ ပြောကြားလိုက်သည်။ ပြုံယမ်းရှိ မြောက်ကိုရီးယား အစိုးရက အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်သည် မိမိတို့အပေါ် စစ်ကြေညာလိုက်ပြီဖြစ်ပြီး မိမိတို့ အနေဖြင့် အမေရိကန် ဗုံးကြဲလေယာဉ်များကို ပစ်ချခွင့် ရှိနေပြီဟု သတင်း ထုတ်ပြန်ခဲ့သည်။ အိမ်ဖြူတော် ဘက်ကမူ မြောက်ကိုရီးယား၏ စွပ်စွဲချက်မှာ အဓိပ္ပါယ် ကင်းမဲ့လွန်းကြောင်း တုံ့ပြန်ခဲ့သည်။ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ရီယောင်ဟိုက မြောက်ကိုရီးယားအနီး လေပိုင်နက်ထဲ အမေရိကန် စစ်လေယာဉ်များ ချဉ်းကပ်လာမှုကို သည်းခံတော့မည် မဟုတ်ဘဲ တုံ့ပြန် ပစ်ချသွားရန် အသင့်ရှိနေကြောင်း ခြိမ်းခြောက်ခဲ့သည်။ “တစ်ကမ္ဘာလုံး သတိရနေဖို့ လိုတာက ကျွန်တော်တို့ကို စပြီး စစ်ကြေညာခဲ့တာ အမေရိကန် ဆိုတာပဲ”ဟု နယူးယောက်တွင် […]

  • ထရမ့်လက်ထက် ပထမဆုံးအကြိမ်အဖြစ် လစ်ဗျားရှိ အိုင်အက်စ်များကို အမေရိကန် လေကြောင်းမှတိုက်ခိုက်
    Posted On :

    သမ္မတ ဒေါ်နယ်လ်ထရမ့် လက်ထက်တွင် ပထမဆုံး အကြိမ်အဖြစ် အမေရိကန်က လစ်ဗျားရှိ အိုင်အက်စ် စစ်သွေးကြွများကို လေကြောင်းမှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အာဖရိက မြောက်ပိုင်းရှိ စစ်သွေးကြွ ပစ်မှတ်များကို အမေရိကန်စစ်ဘက်က လက်တွေ့ပါဝင် တိုက်ခိုက်ခြင်းသည် ထရမ့် အာဏာရလာပြီးနောက်ပိုင်း ပထမဆုံး အကြိမ်လည်း ဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်က ရုရှားအစိုးရနှင့် မဟာမိတ် တပ်ဖွဲ့များ၏ ကူညီ ထောက်လှမ်းမှုဖြင့် အမေရိကန်သည် အိုင်အက်စ် အိုင်အက်စ်တို့၏ သဲကန္တာရ စစ်စခန်းများကို လေကြောင်းတိုက်ခိုက်မှု ခြောက်ကြိမ် ထိရောက်စွာ လုပ်ဆောင်နိုင်ခဲ့ကြောင်း အမေရိကန် စစ်ဘက်က ထုတ်ပြန်ခဲ့သည်။ အမေရိကန်သည် အိုင်အက်စ်ကို အမည်ဟောင်းအတိုင်း အိုင်အက်စ်အိုင်အက်စ်ဟုသာ သုံးနှုန်းခေါ်ဝေါ်လေ့ ရှိသည်။ “သဲကန္တာရထဲက စခန်းတွေကို အသုံးချပြီး အိုင်အက်စ်အိုင်အက်စ် စစ်သွေးကြွတွေက […]

  • ကမ္ဘာ့အရှည်ဆုံး ဆာရီနှင့် မင်္ဂလာဆောင်ရန် ကြိုးပမ်းသည့် သီရိလင်္ကာစုံတွဲ စုံစမ်းခံရမည်
    Posted On :

    မင်္ဂလာ အခမ်းအနား တစ်ခုတွင် သတို့သမီး ဆာရီကို သယ်ရန်အတွက် ကျောင်းသားကလေး အများအပြားကို အသုံးပြုခဲ့မှုအတွက် သီရိလင်္ကာ စုံတွဲတစ်တွဲသည် စုံစမ်းစစ်ဆေးခံနေရကြောင်း အာဏာပိုင်များက စက်တင်ဘာ ၂၂ ရက်တွင် ပြောကြားခဲ့သည်။ ယင်းစုံတွဲသည် သီရိလင်္ကာ အလယ်ပိုင်း ကန်ဒီတွင် အဓိက လမ်းမကြီးတစ်လျှောက် လမ်းလျှောက်စဉ်တွင် နှစ်မိုင်ရှည်သော ဆာရီကို သယ်ရန်အတွက် အစိုးရ ကျောင်းတစ်ကျောင်းမှ ကျောင်းသား ၂၅၀ ခန့်ကို အသုံးပြုခဲ့ကြောင်း သီရိလင်္ကာ မီဒီယာများက ဖော်ပြခဲ့သည်။ ထို့ပြင် မင်္ဂလာ အခမ်းအနားတွင် ပန်းကိုင် မိန်းကလေးများအဖြစ် ကျောင်းသူ ၁၀၀ ခန့်က ဆောင်ရွက်ခဲ့ကြသည်။ မင်္ဂလာ အခမ်းအနားတွင် အထူးဧည့်သည်အဖြစ် တက်ရောက်ခဲ့သော ပြည်နယ်ဝန်ကြီးချုပ်တစ်ဦး၏ အမည်ကို အစွဲပြုခေါ်ဝေါ်သော ဆာရက်အီကာနာယာက ကျောင်းမှ ကျောင်းသားများကို […]

  • ထရမ့်၏ ကုလသမဂ္ဂ မိန့်ခွန်းကို မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းကိုယ်တိုင် တုံ့ပြန်
    Posted On :

    အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်၏ ရန်လိုမှုများက ၎င်း၏ နျူကလီးယားလက်နက် ပိုင်ဆိုင်ရေး ရည်မှန်းချက်ကို ပိုမို တွန်းအား ဖြစ်စေကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက အတည်ပြု ပြောကြားခဲ့သည်။ ရှားရှားပါးပါး အခြေအနေ တစ်ရပ်အဖြစ် ကင်မ်ကိုယ်တိုင် ကြေညာချက်တစ်စောင်ကို မီဒီယာမှတဆင့် ထုတ်ပြန်ခဲ့ရာ မကြာသေးမီက ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် ပြောကြားသွားသည့် မိန့်ခွန်းအတွက် ထရမ့်အနေဖြင့် အကြီးအကျယ် ပေးဆပ်ရလိမ့်မည်ဟု ခြိမ်းခြောက်သွားခဲ့သည်။ ထရမ့်သည် ယခုသီတင်းပတ် အစောပိုင်းက ၎င်း၏ ပထမဆုံး ကုလသမဂ္ဂ မိန့်ခွန်းတွင် မြောက်ကိုရီးယားအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်ခဲ့ပြီး လိုအပ်လာပါက အမေရိကန်သည် မြောက်ကိုရီးယားကို အဆုံးတိုင် ဖျက်ဆီးချေမှုန်းနိုင်စွမ်းရှိကြောင်း ကြွေးကြော်ခဲ့သည်။ ထို့အပြင် ကင်မ်သည် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံနေသည့် ဒုံးကျည်သမားနှင့်တူကြောင်း ထရမ့်က လှောင်ပြောင်သွားခဲ့သည်။ […]

  • အိန္ဒိယ မှ လိုအပ်လျင် မြန်မာအား လက်နက်များ ထောက်ပံ့မည်ဟု ဆို
    Posted On :

    “ရို” သမိုင်းကြောင်းကို ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့သော ဗြိတိသျှ ပညာရှင် ဗြိတိသျှတို့မှ အဘယ်ကြောင့် ရခိုင် မူဆလင်အရေးကို တက်ကြွစွာ ကန့်ကွက်ခဲ့ရသနည်း ============================ . အိန္ဒိယ မှ ၎င်းတို့၏ အိမ်နီးချင်း ဗုဒ္ဓဘာသာ မြန်မာနိုင်ငံအား ယခုကဲ့သို့ မူဆလင် နိုင်ငံများ နှင့် ခရစ်ယာန် အများစု နေထိုင်တဲ့ အနောက်တိုင်းမှ မီဒီယာများက တဖက်စောင်းနင်း အနိုင်ကျင့် လာနေမှုများကြောင့် မူဆလင် အကြမ်းဖက်သမားများအား နှိမ်နှင်းနိုင်ရေးတွင် လက်နက်များ ထောက်ပံ့မည်ဟု ဗြောင်ကျကျ ကမ်းလှမ်းလိုက်ပြီ ဖြစ်ပါတယ်။ . အိန္ဒိယသို့ ရောက်ရှိနေသော မြန်မာ့တပ်မတော် ရေတပ် စစ်ဦးစီးချုပ် ဗိုလ်ချုပ် တင်အောင်ဆန်း နဲ့ တွေ့ဆုံပြီးနောက် အိန္ဒိယ အရာရှိများက ပြောကြားလိုက်တာ ဖြစ်ပါတယ်။ . […]

  • ကမ္ဘာ့ အချမ်းသာဆုံး အမျိုးသမီးကြီး အသက် ၉၄ နှစ်အရွယ်တွင် ကွယ်လွန်
    Posted On :

    ကမ္ဘာ့ အချမ်းသာဆုံး အမျိုးသမီးအဖြစ် သတ်မှတ်ခံထားရသူ L’Oreal အမွေခံ သူဌေးမကြီး လီလီယန် ဘက်တန်ကော့တ်သည် အသက် ၉၄ နှစ် အရွယ်တွင် ကွယ်လွန်သွားကြောင်း သိရသည်။ မိသားစုက ဘက်တန်ကော့တ်သည် နေအိမ်တွင် ငြိမ်းချမ်းတည်ငြိမ်စွာဖြင့် လူ့လောကကို ကျောခိုင်း စွန့်ခွာသွားကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ၂၀၁၇ တွင် သူမ၏ အသားတင် ကြွယ်ဝမှုသည် ဒေါ်လာ ၄၀ ဘီလီယံမျှ ရှိခဲ့ပြီး ကမ္ဘာပေါ်တွင် အချမ်းသာဆုံး အမျိုးသမီးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ဘက်တန်ကော့တ်ကို ပြင်သစ်နိုင်ငံ၊ ပါရီမြို့တွင် ၁၉၂၂ ခုနှစ်၊ အောက်တိုဘာ ၂၁ ရက်က မွေးဖွားခဲ့ပြီး ပါရီတွင်ပင် စက်တင်ဘာ ၂၁ ရက်၌ ကွယ်လွန်ခဲ့သည်။ သူမ၏ ၉၅ နှစ်ပြည့်မွေးနေ့ ကျင်းပရန် […]

  • မြောက်ကိုရီးယားနှင့် ဆွေးနွေးညှိနှိုင်းရမည့် အချိန် ကျော်သွားခဲ့ပြီဟု ဂျပန်ဝန်ကြီးချုပ်ပြော
    Posted On :

    မြောက်ကိုရီးယားနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးမှုဖြင့် ကိုင်တွယ်ဖြေရှင်းရမည့် အချိန်မှာ ကျော်လွန် ပြီးဆုံးသွားပြီဟု ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောကြားခဲ့သည်။ မဟာမိတ် အမေရိကန် ပြည်ထောင်စုက မြောက်ကိုရီးယားနှင့် ပတ်သက်လျှင် ဖြစ်နိုင်ခြေ အရေးယူမှု အားလုံးကို ပြင်ဆင်ထားကြောင်း ကြေညာထားရာ ယင်းသဘောထားအတိုင်း ဂျပန်အနေဖြင့် ပါဝင်ရပ်တည်သွားမည်ဟု ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် အာဘေးက မိန့်ခွန်းပြောကြားသွားခဲ့သည်။ မြောက်ကိုရီးယားသည် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ဂျပန်လေပိုင်နက်ကို ကျော်ဖြတ်ကာ ဒုံးကျည် စမ်းသပ်ပစ်ခတ်မှု နှစ်ကြိမ် ပြုလုပ်ထားခဲ့သည်။ ထို့အပြင် ၎င်းတို့၏ ဆဋ္ဌမ အကြိမ်မြောက် နျူကလီးယားဗုံးကိုလည်း စမ်းသပ် ဖောက်ခွဲခဲ့သည်။ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အမေရိကန်နှင့် မဟာမိတ်များ၏ လုံခြုံရေးကို ထိပါးလာပါက မြောက်ကိုရီးယားကို အလုံးစုံ ချေမှုန်းပစ်မည်ဟု မိန့်ခွန်းပြောခဲ့ပြီး […]