News Briefs

  • မန္တလေးတောင်သို့ လာရောက်သော နိုင်ငံခြားသားဝင်ကြေး တိုးကောက်ရန် တိုင်းအစိုးရသို့တင်ပြထား
    Posted On :

    မန္တလေးတောင်သို့ လာရောက်လည်ပတ်သည့် နိုင်ငံ ခြားသားခရီးသွားဧည့်သည် ဝင် ကြေးကို ကျပ်တစ်ထောင်မှ ကျပ် သုံးထောင်သို့ တိုးမြှင့်ကောက်ခံ ရန် တိုင်းအစိုးရအဖွဲ့ထံ တင်ပြ ထားကြောင်း မန္တလေးတောင် တော် ဂေါပကအဖွဲ့ဥက္ကဋ္ဌဦးသိန်း ထွန်းက ပြောသည်။ ‘‘ပြည်တွင်းခရီးသည်တွေကို တော့ မကောက်ပါဘူး။ နိုင်ငံခြားသားတစ် ဦးကို သုံးထောင်နှုန်း တိုးကောက် သွားဖို့အတွက် ပြီးခဲ့တဲ့လပိုင်းက တိုင်းအစိုးရအစည်းအဝေးမှာ တင်ပြခဲ့တာဖြစ်ပါတယ်’’ဟု ဦးသိန်းထွန်းက ပြောသည်။ မန္တလေးတောင်တွင် နိုင်ငံ ခြားသား ခရီးသွားဧည့်သည်များ ကို ၂၀၁၅ ဧပြီကစတင်ကာ တစ် ဦးလျှင် ကျပ်တစ်ထောင်နှုန်းဖြင့် သတ်မှတ်ကောက်ခံခဲ့သည်။ ‘‘အရင်ကတော့ မန္တလေး တောင်ရင်ပြင်တော်ပေါ်မှာ ဓာတ် ပုံရိုက်ရင် ကင်မရာခွန်ဆိုပြီး တစ် ထောင်ကောက်ပါတယ်။ အခုက တော့ စမတ်ဖုန်းတွေ ခေတ်စား […]

  • မောင်တောတွင် တွေ့ရှိသည့်ဟိန္ဒူဘာသာဝင် ရုပ်အလောင်း ၄၅ လောင်းအနက် ၂၅ လောင်း၏ အမည်များကိုအတည်ပြုနိုင်
    Posted On :

    မောင်တောမြို့နယ် ရဲဘော်ကျားကျေးရွာနှင့် တမန်း သားကျေးရွာမှ ပျောက်ဆုံးနေသူ ဟိန္ဒူဘာသာဝင်များအနက်လက် ရှိတူးဖော်တွေ့ရှိထားသော ရုပ်အ လောင်း ၄၅ လောင်းအနက် ၂၅ လောင်း၏ အမည်များကိုအတည် ပြုနိုင်ခဲ့ကြောင်း အစိုးရသတင်း ထုတ်ပြန်ရေးကော်မတီက ထုတ် ပြန်သည်။ မောင်တောမြို့နယ်မှ ဟိန္ဒူ ဘာသာဝင် ၉၃ ဦးကို ARSA အကြမ်းဖက်သမားများက သတ် ဖြတ်မှုဖြစ်စဉ်နှင့် ပတ်သက်၍ လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ဟိန္ဒူဘာသာရေး ခေါင်းဆောင်ဦးနီမောလ်အပါအ၀င် ဒေသခံ ခြောက်ဦးနှင့်အတူ စက်တင်ဘာ ၂၄ ရက်က ရှာဖွေခဲ့ရာရဲဘော် ကျားကျေးရွာ၏ အနောက် မြောက်ဘက်မီတာ ၁,၅၀၀ ခန့် အကွာတွင် မြေကျင်းနှစ်ကျင်း၌ မြုပ်နှံထားသည့်ရုပ်အလောင်း ၂၈ လောင်းကို တူးဖော်တွေ့ရှိခဲ့ သည်။ စက်တင်ဘာ ၂၅ ရက်က ဆက်လက်ရှာဖွေရာတွင် […]

  • မြန်မာလုပ်သားများထံမှ ငွေတောင်းသောပွဲစားများကို ဖမ်းဆီးရန် ထိုင်းဝန်ကြီးချုပ် ညွှန်ကြားထားဟုဆို
    Posted On :

    ထိုင်းနိုင်ငံတွင် မည်သူ မည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ် (CI) ပြုလုပ်နေသော မြန်မာလုပ်သားများထံမှ ငွေ တောင်းခံနေသော မြန်မာနှင့် ထိုင်းနိုင်ငံသားပွဲစားများကို ဖမ်း ဆီးအရေးယူရန် ထိုင်းနိုင်ငံဝန်ကြီး ချုပ် ပရာယွတ်က ညွှန်ကြားခဲ့ ကြောင်း မြန်မာသံရုံးတာဝန်ရှိသူ က ပြောသည်။ CI လက်မှတ်ပြုလုပ်နေ သော မြန်မာလုပ်သားများကို မြန်မာနှင့် ထိုင်းနိုင်ငံသား ပွဲစား များက CI စခန်းအတွင်း ဝင်ခွင့် နှင့် ပြုလုပ်ခများ အဆမတန် တောင်းခံနေကြောင်း တိုင်ကြားမှု များ ဖြစ်ပေါ်နေသောကြောင့် ထိုင်းဝန်ကြီးချုပ် ပရာယွတ်က စက်တင်ဘာ ၂၆ ရက်တွင် ညွှန် ကြားခဲ့ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အလုပ်သမားသံ အရာရှိ ဦးမိုးအောင်ခိုင်က ပြော ကြားသည်။ ‘‘ပွဲစားတွေက […]

  • ပညာပေးမှုဖြင့် တောကောင်တွေကို ကာကွယ်နိုင်မလား
    Posted On :

    ဤဆိုင်တွင် တောရိုင်းတိရစ္ဆာန် အသားဟင်းလျာများမရောင်းပါ’ ဟူသည့် မြန်မာ-အင်္ဂလိပ် နှစ်ဘာ သာဖြင့် ရေးထားသည့် စာတန်း အောက်တွင် မျောက်၊ ဝက်ဝံ၊ ဆတ်၊ ချေ၊ ပြောင်၊ ယုန်၊ သင်းခွေ ချပ် တောကောင်လေးများ ပါဝင် သည့် အနီရောင်ဗီနိုင်းကို သစ် တောဝန်ထမ်းတစ်ဦးက စား သောက်ဆိုင်နံရံတွင် ချိတ်ဆွဲခဲ့ သည်။ ထို့နောက် ဆိုင်ရှင်ကို တား မြစ်ထားသည့် တောရိုင်းတိရစ္ဆာန် များနှင့် လက်ဝယ်တွေ့ပါက အ ရေးယူနိုင်သည့် ပြစ်မှုပြစ်ဒဏ်များ ကို အသိပေးပြောကြားရင်း ရောင်းချသည့် ဟင်းလျာများကို စစ်ဆေး သည်။ ယင်းမှာ တောကောင်သား ဟင်းလျာများရရှိသော လှည်းကူး မြို့နယ်ရှိ စားသောက်ဆိုင် တစ်ဆိုင်တွင် ပညာပေးနေသော မြင်ကွင်းဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီး သစ် […]

  • မင်းတုန်းမင်း နတ်ရွာစံခြင်း ၁၃၉ နှစ်ပြည့် ဆွမ်းကပ်လှူပွဲ မန္တလေးနန်းတော်တွင် ကျင်းပ
    Posted On :

    ရတနာပုံ မန္တလေးမြို့ တည် နန်းတည်မင်းတုန်းမင်းနတ် ရွာစံခြင်း (၁၃၉) နှစ်ပြည့် မတက ဘတ်ဆွမ်း (သေသူအား ရည်ညွှန်းကပ်လှူသောဆွမ်း) ကပ်လှူခြင်း နှင့် အသက်ဝါကြီးသော ဘုရင့် ဆွေတော်မျိုးတော်များအား ပူ ဇော်ကန်တော့ပွဲ အခမ်းအနားကို စက် တင်ဘာ ၂၆ ရက်က မြနန်းစံ ကျော်ရွှေနန်းတော်တွင် ပြုလုပ်ရာ ဆွေတော်မျိုးတော် ၇၀ ကျော် ပါဝင်တက်ရောက်ခဲ့သည်။ ‘‘နှစ်ပေါင်းများစွာ သီပေါ မင်းတရားလက်ထက်ကတည်း က ကပ်လှူခဲ့ပါတယ်။ ဒါပေမဲ့ သူ့ ကျွန်ဘဝရောက်ပြီးကတည်းက နန်းတွင်းမှာ ကပ်ခွင့်မရခဲ့ပါဘူး။ နန်းတော်ပြင်ပမှာပဲ ကပ်ခဲ့တယ်။ လွန်ခဲ့တဲ့ ၂၀၁၅ က ကုန်းဘောင် မင်းဆက်မောင်နှမများကနေ ပြန် ကပ်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ သက်တော်ဝါတော်ကြီးတဲ့ ဆွေ တော်မျိုးတော်ဖြစ်တဲ့ အသက် (၇၀) […]

  • နမ့်စန်မြို့နယ်တွင် တောထဲ၌ သီတင်းသုံးနေသော သံဃာတော်တစ်ပါး ပျားတုပ်ခံရ၍ ပျံလွန်တော်မူ
    Posted On :

    ရှမ်းပြည်နယ်တောင် ပိုင်း နမ့်စန်မြို့နယ်တွင် တရား အားထုတ်ရန် တောထဲ၌သီတင်း သုံးနေသော သက်တော်(၆၆)နှစ် အရွယ်ရှိ သံဃာတော်တစ်ပါးပျား တုပ်ခံရပြီး နှစ်ရက်အကြာတွင် ပျံ လွန်တော်မူခဲ့သည်။ နမ့်စန်မြို့နယ် အမှတ်(၃) ရပ်ကွက်ရှိ မြို့မ၀ိသုဒ္ဓိကျောင်း တိုက်မှ သံဃာတော်တစ်ပါးသည် မြို့နှင့် တစ်မိုင်ခန့်အကွာတောထဲ တွင်သီတင်းသုံးနေရာမှ စက်တင် ဘာ ၂၂ ရက်တွင် ပျားတုပ်ခံရကာ စက်တင်ဘာ ၂၄ ရက်၌ ဆေးရုံ တွင် ပျံလွန်တော်မူခြင်းဖြစ် ကြောင်း အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ထွန်း က ပြောသည်။ ‘‘ကိုရင်ကြီးက ၀ါတွင်းကာ လ တောထဲမှာ တစ်ပါးတည်း သွားနေတာ။ သူ့ကျောင်းကနေ ကိုက်ငါးရာလောက်အကွာက ချောင်းမှာ ရေဆင်းချိုးတာ။ ပျား အုံကို ညဘက်မှာလူတွေက ဖွပ် သွားတယ်ထင်တယ်။ […]

  • ဝိုင်ဘီအက်စ်( ၅၈)ဆိုရင် ဦးကြည် မောင်းတဲ့ကား စီးချင်တယ် ယာဉ်မောင်းခ တစ်ကြောင်းစာငွေနဲ့သောက်ရေ နေ့စဉ်ဒါနပြုနေသူ
    Posted On :

    ဂိတ်စ သခင်မြ ပန်းခြံအနီး ကမ်းနားလမ်းဘက်မှာ ဝိုင်ဘီအက်စ် (၅၈)ကားတွေရပ်ထားတယ်။ ခရီးသည် အမျိုးသားနှစ်ဦးက ကားတစ်စီးပေါ်ကို တက်ဖို့ဟန်ပြင်နေပါတယ်။ သူတို့ နှစ်ဦးကို ယာဉ်မောင်းနေရာမှာထိုင်နေတဲ့  အသက် ၄၅ နှစ်ဝန်းကျင် အမျိုးသားက ဒီကားအလှည့်မဟုတ်သေးပါဘူး ခင် ဗျာ၊ ရှေ့ကကားကို အရင်စီးရမှာပါခင်ဗျလို့ ယဉ်ယဉ်ကျေးကျေးလှမ်းပြောလိုက်တယ်။ ခရီးသည်နှစ်ဦးထဲက တစ်ဦးက သိပါတယ်ဗျ၊ အစ်ကို့ ကားကိုစီးချင်လွန်းလို့ကို စောင့်နေ တာ၊ ကျွန်တော်တို့ အချိန်ရပါတယ်၊ စောင့် စီးမှာပေါ့လို့ ရင်းနှီးတဲ့ ဟန်နဲ့ ပြန်ပြောပါတယ်။ သူတို့ စောင့်စီးမယ့် ကားနံပါတ်က 5N/4499 ပါ။ ဂိတ်မှာစီတန်းထားတဲ့ ကားတွေ တဖြည်းဖြည်းထွက်ခွာသွားကြပါပြီ။ ခုနကစောင့်နေတဲ့ အမျိုးသားနှစ်ဦးစီးမယ့် ကားအလှည့်ရောက်လာပြီ။ ကားပေါ်ကို ခရီးသည် ၁၀ ဦး ကျော်တက်ဖို့ ပြင်ဆင်နေတာကြောင့် ကားတံခါးအဝမှာ […]

  • နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် တန်းစီစနစ်ကိုပြောင်းလဲကျင့်သုံး၍ အခက်အခဲများ တွေ့နေဟုဆို
    Posted On :

    နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် တန်းစီစောင့်ဆိုင်း ဝင်ရောက်ရသည့် စနစ်ကို ပြောင်းလဲကျင့်သုံးခြင်းကြောင့် အခက်အခဲများ ကြုံတွေ့ နေကြောင်း လျှောက်ထားသူများက ပြောကြားသည်။ အဆိုပါရုံးတွင် တစ်ရက် လျှင် လူဦးရေနှစ်ထောင်ခန့် နိုင်ငံ ကူးလက်မှတ် လာရောက်လျှောက်ထားနေပြီး လုံခြုံရေးအရ နိုင်ငံကူးလက်မှတ် လျှောက်ထားသူ ကိုယ်တိုင် ရုံးအတွင်း တန်းစီဝင်ရောက်သည့် စနစ်ကို ပြီးခဲ့သည့် စက်တင်ဘာ ဒုတိယပတ်က စတင်ကျင့်သုံးခဲ့သည်။ နိုင်ငံကူးလက်မှတ် လာ ရောက် လျှောက်ထားသူများထဲ တွင် အမျိုးသမီးများသည် အမျိုး သားများနှင့်အတူ ပင်မဂိတ် ပေါက်မှ တန်းစီဝင်ရောက်ရပြီး အချက်အလက်များ တင်ရန်နှင့် ငွေသွင်းရန် ရုံးအဆောက်အအုံ အတွင်း ဝင်ရောက်ရန် ထပ်မံတန်း စီရသဖြင့် အချိန်ကုန် လူပိုပင်ပန်း ကြောင်း လာရောက်လျှောက် ထားသူ အမျိုးသမီး တစ်ဦးက […]

  • YBS ပေါ်မှာ ခါးပိုက်နှိုက်ထက် ပိုကြမ်းပြလိုက်တဲ့ အမတစ်ယောက်ရဲ့ ကိုယ်တွေ့အဖြစ်အပျက်
    Posted On :

    ကားပေါ်မှာ ကိုယ်ကလည်း သီချင်းနားထောင်ရင်း စီးလာတာပေါ့. တမှတ်တိုင်လောက်မောင်အပြီးမှာ ဘေးကအဒေါ်ကြီးက ကိုယ်ကိုင်ထားတဲ့ဖုန်းကိုတောင်းပါတယ် သူ့ကိုပေးပါတဲ့ မပေးရင် တခုခုလုပ်လိုက်မယ်ဆိုပြီးပြောလာပါတယ်.. နောက်ပြီးကိုယ့်ဘေးကနေရာလွတ်မှာပဲဝင်ထိုင်တယ် ကားပေါ်မှာ လူကလည်းနည်း စပါယ်ယာလည်းမပါ ယာဉ်မောင်းတယောက်ပဲ Cctv နဲ့အနောက်တံခါးကိုကြည့်ပြီး တမှတ်တိုင်ရောက်တခါတံခါးဖွင့်စနစ်နဲ့မောင်းလာတယ်အဲ့လိုကားပေါ်မှာ ကိုယ်ကလည်း သီချင်းနားထောင်ရင်း စီးလာတာပေါ့. တမှတ်တိုင်လောက်မောင်အပြီးမှာ ဘေးကအဒေါ်ကြီးက ကိုယ်ကိုင်ထားတဲ့ဖုန်းကိုတောင်းပါတယ်😊😊သူ့ကိုပေးပါတဲ့ မပေးရင် တခုခုလုပ်လိုက်မယ်ဆိုပြီးပြောလာပါတယ်.. ပထမတော့ကိုယ်လည်းကြောင်တောင်တောင်ဖြစ်သွားတာပေါ့ ဖုန်းငှါးဆက်ဖို့လား ဘာလားပေါ့ ပြီးတော့ မှာ ကိုယ့်ခါးနားမှာခဲတဲချွန်တဲ့ဓားလေးနဲ့ ခြိမ်းခြောက်နေတယ်..ဘုရားစူးတကယ်ကြောက်သွားပါတယ် ရင်လည်းတော်တော်တုန်နေပါပြီ.. 😢😢😢 Cctv မြင်သာအောင် တခုခုလုပ်ပြချင်ပေမယ့် သူ့ဓားလေးကိုကြောက်မိပါတယ်ချက်ချင်းအကြံထုပ်တယ် ဘာလုပ်ရမလဲပေါ့ ပြီးတော့အကြံရသွားတယ် ကိုယ်သင်တန်းသွာွးရင်သယ်သွားတဲ့ ပိတ်စညှပ်ကပ်ကြေးက အိပ်ထဲအမြဲပါပါနေတာသတိရသွားတယ် 😉😉ခပ်တည်တည်နဲ့ဇစ်ကိုဆွဲပြီး ကပ်ကြးထုပ်ပြလိုက်ပြီး. အန်တီဓားထက် ကြီးတယ် အန်တီ့လက်ကအရိုးတွေပါဖြတ်ပြစ်လိုရ့တယ် အူကြောင်ကြားလာမလုပ်နဲ့ လို့ မျက်လုံးကိုတည်ကြည့်ပြီး ပြောလိုက်မိပါတယ်. .😢😢😢တကယ်တော့မျက်ရည်ဝဲနေတာကိုယ်ပါ.. 😔😔 […]

  • ရေကြီးနေ၍ ကလေးမြို့ရှိ လူ ၅,၀၀၀ ကျော် ဘေးလွတ်ရာသို့ အရေးပေါ်ရွှေ့ပြောင်း
    Posted On :

    နေရာကွက်မိုးကြီးနေ ကာ မြစ်ရေတက်လာ၍ စစ်ကိုင်း တိုင်းဒေသကြီးအတွင်း ရေကြီးနစ် မြုပ်မှုနှင့် ရင်ဆိုင်နေရပြီး ကလေးမြို့ရှိ လူဦးရေ ၅,၀၀၀ ကျော်ကို ရေဘေးလွတ်ရာသို့ တိုင်းဒေသကြီးအစိုးရက အရေးပေါ်ရွှေ့ ပြောင်းထားသည်။ ထို့အပြင် မြစ်ရေကြီးခြင်း ကြောင့် နည်းပညာတက္ကသိုလ် (ကလေး)တွင် ဆရာနှင့် ကျောင်း သား ၁၀၀ ခန့် ပိတ်မိနေကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေး ဝန်ကြီး ဒေါက်တာဇော်ဝင်းက ပြောသည်။ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တွင် လွန်ခဲ့သော ငါး ရက်ခန့်ကစကာ နေရာကွက်မိုး ကြီးခဲ့ပြီးနောက် မြစ်ရေမြင့်တက် လာကာ ရေကြီးနစ်မြုပ်မှုနှင့် မြေပြိုမှုများ ရင်ဆိုင်နေရခြင်းဖြစ် သည်။ မြစ်ရေမြင့်တက်ခဲ့သည့် စက်တင်ဘာ ၁၆ ရက်ကစတင် ကာ အဆိုပါ နည်းပညာတက္က သိုလ်၌ ဆရာနှင့် ကျောင်းသားများ […]