Politics

  • ရာသီဥတု မကောင်းခြင်းနှင့် သံတမန်အဖွဲ့ နာယက၏ မေတ္တာရပ်ခံချက်ကြောင့် သံတမန်များ၏ ရခိုင်ပြည်နယ်ခရီးစဉ် ရွှေ့ဆိုင်း
    Posted On :

    အကြမ်းဖက်တိုက်ခိုက်မှု များ ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ နိုင်ငံတကာသံတ မန်များ သွားရောက်မည့် အစီအ စဉ်ကို ရာသီဥတုအခြေအနေနှင့် သံတမန်အဖွဲ့ နာယက၏မေတ္တာ ရပ်ခံချက်ကြောင့် ရွှေ့ဆိုင်းခဲ့ ကြောင်း နိုင်ငံတော်သမ္မတရုံး ပြော ခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးကစက် တင်ဘာ ၂၈ ရက်တွင် ပြောသည်။ နိုင်ငံတကာသံတမန်များကို စက်တင်ဘာ ၂၈ ရက်တွင် ရခိုင် ပြည်နယ် မြောက်ပိုင်းသို့ သွား ရောက်ရန် မူလက စီစဉ်ထားသော်လည်း အကြောင်းရင်း နှစ်ရပ် ကြောင့် ခရီးစဉ် ရွှေ့ဆိုင်းပြီးလာ မည့် တနင်္လာနေ့ (အောက်တိုဘာ ၂ ရက်) တွင် သွားရောက်မည်ဟု ဦးဇော်ဌေးက ရှင်းပြသည်။ ‘‘နံပါတ် (၁) ကဒီမနက်ရာသီ ဥတုပေါ့။ Weather […]

  • နိုင်ငံတကာ သံတမန်များကို ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ စက်တင်ဘာ ၂၈ ရက်တွင် သွားရောက်ရန် ဖိတ်ကြားထား
    Posted On :

    အကြမ်း ဖက်ခံရသည့် ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ စက်တင်ဘာ ၂၈ ရက်တွင် နိုင်ငံတကာ သံတမန်များအား သွားရောက်ရန်ဖိတ်ကြားထားကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာန၏ အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျက ပြောသည်။ နိုင်ငံခြားရေး ဝန်ကြီးဌာနသည် ပြည်တွင်းအခြေစိုက် သံရုံး (၄၇) ရုံးမှ သံတမန်များနှင့် ကုလသမဂ္ဂကိုယ်စားလှယ် အကြီးအကဲများအား ဖိတ်ကြားထားပြီး အဆိုပါခရီးစဉ်သို့ လိုက်ပါမည့် သံတမန်များစာရင်းကို လက်ခံနေဆဲဖြစ်၍ အတိအကျပြောဆိုနိုင်ခြင်းမရှိသေးကြောင်း ဦးကျော်ဇေယျ က ရှင်းပြသည်။ ‘‘ကျွန်တော်တို့ ဖိတ်ထားတာတော့ ၂၈ ရက်ကို ဖိတ် ထားပါတယ်။ (ဘယ်အချိန်ထွက်မလဲဆိုတာ) အခု အချိန်က ပြောဖို့နည်းနည်းစောသေးတယ်။ ဘယ်သူတွေ လိုက်ဖို့အကြောင်းပြန်လဲဆိုတာ မသိသေးဘူး’’ ဟု ၎င်းက ဆိုသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်သည် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီဝင်များကို […]

  • တာဝန်ယူချိန်ကစ၍ လုပ်ဆောင်ချက်များအပေါ် အားရကျေနပ်ကြောင်း ကျန်းမာရေးဝန်ကြီးပြော
    Posted On :

    ကျန်းမာရေးနှင့် အားကစားဝန်ကြီးအဖြစ် တာဝန် စတင်ယူချိန်မှ လက်ရှိအချိန်ထိ ၎င်းအနေဖြင့် ဆောင်ရွက်ခဲ့သည် များအပေါ် အားရကျေနပ်မှုရှိ ကြောင်း ကျန်းမာရေးနှင့်အားက စားဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဒေါက်တာမြင့်ထွေးက ပြော ကြားသည်။ ‘‘ရှိသင့်တဲ့ နေရာမှာတော့ အားရကျေနပ်မှုရှိပါတယ်။ လို အပ်ချက်ကလေးတွေ ရှိပါတယ်’’ ဟု ၎င်းကပြောသည်။ ၂၀၁၇ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဆုရအား ကစားသမားများအား စက်တင် ဘာ ၂၅ ရက်ကဂုဏ်ပြုချီးမြှင့်ပွဲ ၌ ကျန်းမာရေးနှင့် အားကစားဝန် ကြီး ဒေါက်တာမြင့်ထွေးကို ပြည် ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူ ချိန်ကစ၍ မိမိလုပ်ဆောင်ချက် များ အားရကျေနပ်မှု ရှိ၊မရှိ 7Day Daily သတင်းစာက မေး မြန်းခဲ့သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် […]

  • ဟိန္ဒူဘာသာဝင် ရုပ်အလောင်း ၁၇ လောင်း ထပ်မံတွေ့ရှိ
    Posted On :

    ARSA အစွန်းရောက်အကြမ်းဖက် သမားများ၏ ဖမ်းဆီးသတ်ဖြတ်ခြင်းခံခဲ့ရသော ဟိန္ဒူဘာသာဝင်များကို ရှာဖွေမှု နှစ်ရက်မြောက် တွင် ရုပ်အလောင်း ၁၇ လောင်းထပ်မံတွေ့ရှိ ခဲ့ပြီး စုစုပေါင်း ၄၅ လောင်း တွေ့ရှိထားကာ ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူမည်ဖြစ် ကြောင်း အစိုးရက သတင်းထုတ်ပြန်သည်။ အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကို ကိုယ်တိုင်တွေ့ကြုံ ခဲ့ပြီး ထွက်ပြေးလွတ်မြောက်လာ သော ဟိန္ဒူဘာသာဝင်များနှင့်အ တူ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပျောက်ဆုံးနေသော ဟိန္ဒူဘာသာ ဝင်များကို မောင်တောမြို့နယ် ရဲ ဘော်ကျားကျေးရွာ ဝန်းကျင် တွင် စက်တင်ဘာ ၂၄ ရက် နံနက် က စတင်ရှာဖွေခဲ့ခြင်းဖြစ်သည်။ စက်တင်ဘာ ၂၄ ရက်တွင် အမျိုး သမီးရုပ်အလောင်း ၂၀၊ အမျိုး သားရုပ်အလောင်း ခြောက် လောင်းတွေ့ရှိပြီး စက်တင်ဘာ […]

  • ဖမ်းဆီးသတ်ဖြတ်ခံရသော ဟိန္ဒူဘာသာဝင်များ၏ သတင်းကို ကမ္ဘာသိရန် သံတမန်များနှင့် ပြည်တွင်း၊ ပြည်ပ မီဒီယာများအား ဖိတ်ခေါ်အသိပေးမည်
    Posted On :

    အာဆာ(ARSA) အစွန်း ရောက် အကြမ်းဖက်သမားများ၏ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသော ဟိန္ဒူ ဘာသာဝင်များ၏ သတင်းကို နိုင်ငံတကာက သိနိုင်ရန် နိုင်ငံတ ကာ သံတမန်များနှင့် ပြည်တွင်း၊ ပြည်ပ မီဒီယာများအား အသိပေး မည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာဝင်း မြတ်အေးက ပြောကြားသည်။ ဟိန္ဒူဘာသာဝင်များ၏ ရုပ် အလောင်းများကို စက်တင်ဘာ ၂၄ ရက်တွင် စတင်တွေ့ရှိပြီး ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြု ချက်များအပေါ် အကောင်အ ထည်ဖော်ဆောင်ရွက်ရေးကော်မ တီဥက္ကဋ္ဌ တာဝန်ယူထားသည့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် မောင်တော မြို့နယ်သို့ စက်တင်ဘာ ၂၅ ရက်က သွားရောက်ခဲ့သည်။ အ ကြမ်းဖက်သမားများ၏ လက်ချက်ကြောင့် သေဆုံးခဲ့သော ဟိန္ဒူဘာ […]

  • ပျောက်ဆုံးနေသော ဟိန္ဒူဘာသာဝင် ၉၀ ကျော်အနက် ၂၈ ဦး၏ ရုပ်အလောင်းများ ရှာတွေ့
    Posted On :

    အာဆာ(ARSA) အကြမ်း ဖက်သမားများ၏ တိုက်ခိုက်ခြင်း ခံရပြီး ပျောက်ဆုံးနေသော မောင် တောမြို့နယ်မှ ဟိန္ဒူဘာသာဝင် ၁၀၀ ခန့်အနက် ၂၈ ဦး၏ ရုပ်အလောင်းကို ဟိန္ဒူဘာသာဝင်အချို့၏ ဖော်ထုတ်ချက်အရ မြေ ကျင်းနှစ်ကျင်းအတွင်း မြှုပ်နှံထား သည့်အနေအထားဖြင့် လုံခြုံရေး အဖွဲ့က စက်တင်ဘာ ၂၄ ရက်၌ ရှာဖွေတွေ့ရှိခဲ့သည်။ မောင်တောမြို့နယ် ရဲဘော် ကျား (ဒေသအခေါ် ရဲကျော်ကျ ကျေးရွာ) နှင့် တမန်းသားကျေးရွာ မှ ဟိန္ဒူဘာသာဝင် ၁၀၀ ခန့်သည် သြဂုတ် ၂၅ ရက်က ဖြစ်ပွားသည့် မောင်တောဒေသ ဒုတိယအကြိမ် အကြမ်းဖက် တိုက်ခိုက်ခံရသည့် ဖြစ်စဉ်တွင် ပျောက်ဆုံးနေခြင်း ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်သို့ ရောက်ရှိနေသော မောင် တောမြို့နယ် ဒေသခံ […]

  • ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းကို ကြိုဆိုထောက်ခံကြောင်း မြန်မာမွတ်စလင်အရပ်ဘက်အဖွဲ့အစည်းများ သဘောထားထုတ်ပြန်
    Posted On :

    နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစု ကြည် မိန့်ခွန်းသည် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်း ချမ်းရေးဆိုင်ရာ ကြိုးပမ်းအား ထုတ်မှုများကို အသိပေးသည်သာ မက နိုင်ငံတကာ အသိုင်းအဝိုင်း ကိုပါ ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ် ထား၍ လှိုက်လှဲစွာ ထောက်ခံကြို ဆိုကြောင်း မြန်မာမွတ်စလင် အရပ်ဘက်အဖွဲ့အစည်းများက သဘောထား ကြေညာချက်ထုတ် ပြန်သည်။ ရခိုင်ပြည်နယ်တွင် ဖြစ်ပွား နေမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ကို ဘာသာရေး၊ လူမျိုးရေးနှင့် နိုင်ငံရေး ယုံကြည်ချက်အပေါ် အခြေခံပြီး သွေးကွဲနေသည့် နိုင်ငံတစ်ခုအသွင်သို့ မဖြစ်စေလို၍မြန်မာမွတ်စလင်အဖွဲ့အစည်းများက နိုင်ငံတော်အစိုးရ၊ နိုင်ငံသူ၊ နိုင်ငံသား အားလုံးနှင့်အတူတက်ညီလက်ညီ ပူးပေါင်းမည်ဖြစ်ကြောင်းလည်း စက်တင်ဘာ ၂၁ရက်ထုတ်ပြန်ချက်တွင် ပါရှိသည်။ ‘‘ဒေါ်အောင်ဆန်းစုကြည် ပြောသွားတဲ့ ကိုဖီအာနန်ရဲ့အကြံပြုချက်တွေကို အကောင်အထည်ဖော်မယ်ဆိုတဲ့အချက်ကို အဲဒီတစ်ပိုဒ်လုံးပေါ့။ ကျွန်မတို့က […]

  • ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရရှိရေး မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုများကို နိုင်ငံတကာက ဆက်လက်ထောက်ခံပေးရန် ဦးဟင်နရီဗန်ထီးယူ မေတ္တာရပ်ခံ
    Posted On :

    မြန်မာနိုင်ငံ၏ ငြိမ်းချမ်း ရေး၊ သာယာဝပြောရေးနှင့် ဒီမို ကရေစီရရှိရေး ကြိုးပမ်းဆောင် ရွက်မှုများကို နိုင်ငံတကာအသိုင်း အ၀ိုင်းက ဆက်လက်ထောက်ခံ ပေးရန် ဒုသမ္မတ (၂) ဦးဟင်နရီ ဗန်ထီးယူက ကုလသမဂ္ဂအထွေ ထွေညီလာခံ၌ မေတ္တာရပ်ခံပြော ကြားသည်။ ဦးဟင်နရီဗန်ထီးယူသည် စက်တင်ဘာ ၂၁ ရက် နံနက် ၅ နာရီ (မြန်မာစံတော်ချိန်)တွင် ကုလသမဂ္ဂဌာနချုပ် စင်မြင့်၌ အ ထွေထွေမူဝါဒမိန့်ခွန်းပြောကြား ရာ၌ အထက်ပါအတိုင်း ထည့် သွင်းပြောကြားသည်။ ‘‘ကျွန်တော်တို့ ရှေ့ဆက်ရ မယ့်လမ်းဟာ ရှည်လျားပြီး ရှုပ် ထွေးခက်ခဲတယ်ဆိုတာကို သိ ထားပါတယ်။ ကျွန်တော်တို့ရဲ့ ဒီမို ကရေစီအသွင်ကူးပြောင်းမှုဟာ အကဲဆတ်တဲ့အနေအထားမှာ ရှိ ပါတယ်’’ ကုလသမဂ္ဂစင်မြင့်၌ ဦးဟင် နရီဗန်ထီးယူ၏ ၁၈ မိနစ်ခန့် […]

  • အိန္ဒိယ မှ လိုအပ်လျင် မြန်မာအား လက်နက်များ ထောက်ပံ့မည်ဟု ဆို
    Posted On :

    “ရို” သမိုင်းကြောင်းကို ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့သော ဗြိတိသျှ ပညာရှင် ဗြိတိသျှတို့မှ အဘယ်ကြောင့် ရခိုင် မူဆလင်အရေးကို တက်ကြွစွာ ကန့်ကွက်ခဲ့ရသနည်း ============================ . အိန္ဒိယ မှ ၎င်းတို့၏ အိမ်နီးချင်း ဗုဒ္ဓဘာသာ မြန်မာနိုင်ငံအား ယခုကဲ့သို့ မူဆလင် နိုင်ငံများ နှင့် ခရစ်ယာန် အများစု နေထိုင်တဲ့ အနောက်တိုင်းမှ မီဒီယာများက တဖက်စောင်းနင်း အနိုင်ကျင့် လာနေမှုများကြောင့် မူဆလင် အကြမ်းဖက်သမားများအား နှိမ်နှင်းနိုင်ရေးတွင် လက်နက်များ ထောက်ပံ့မည်ဟု ဗြောင်ကျကျ ကမ်းလှမ်းလိုက်ပြီ ဖြစ်ပါတယ်။ . အိန္ဒိယသို့ ရောက်ရှိနေသော မြန်မာ့တပ်မတော် ရေတပ် စစ်ဦးစီးချုပ် ဗိုလ်ချုပ် တင်အောင်ဆန်း နဲ့ တွေ့ဆုံပြီးနောက် အိန္ဒိယ အရာရှိများက ပြောကြားလိုက်တာ ဖြစ်ပါတယ်။ . […]

  • နေရပ်စွန့်ခွာ မောင်တောဒေသခံများနှင့် နယ်စပ်ခြံစည်းရိုးကာရန် ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းက ကျပ်သိန်းနှစ်ထောင် လှူဒါန်း
    Posted On :

    အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းအဖွဲ့(ယခင်မဘ သ) ဆရာတော်များသည် မောင် တောဖြစ်စဉ်ကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေသော ဒေသခံများ အတွက်နှင့် နယ်စပ်ခြံစည်းရိုးကာရန် အလှူငွေကျပ် သိန်း နှစ်ထောင်သွားရောက်လှူဒါန်းခဲ့သည်။ စက်တင်ဘာ ၂၁ ရက်တွင် တပ်မတော်လေယာဉ်ဖြင့် စစ် တွေမြို့သို့သွားရောက် လှူဒါန်း ခြင်းဖြစ်ကြောင်း ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းအဖွဲ့ ပြောရေးဆို ခွင့်ရှိသူ ဆရာတော်ဦးသောပါက က မိန့်ကြားသည်။ ‘‘ကာကွယ်ရေးဦးစီးချုပ်တို့ အလှူလက်ခံတဲ့နေရာမှာ သွား လှူခဲ့တယ်။ ရည်ရွယ်ချက်က သုံး ခုရှိတယ်။ အကြမ်းဖက်ဘင်္ဂါလီ တွေ သတ်လို့သေသွားတဲ့ နိုင်ငံ့ ၀န်ထမ်းတွေ၊ အကြမ်းဖက်သမား တွေကြောင့် ဒုက္ခရောက်နေတဲ့ သူတွေနဲ့၊ တာဝန်ထမ်းဆောင်နေ တဲ့ တပ်မတော်သားတွေနဲ့ ရဲတပ် ဖွဲ့ဝင်တွေအတွက် လှူခဲ့တာပါ’’ ဟု ဆရာတော်ဦးသောပါကက […]