Sport

  • အောင်လအန်ဆန်နှင့် ဝိတ်တန်းမတူသော ဟဲဗီးဝိတ် တိုက်ခိုက်ရေးသမား ရန်ကုန်တွင် ယှဉ်ပြိုင်မည်
    Posted On :

    MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံအောင်လအန်ဆန် က ဝိတ်တန်းမတူသည့် ဟဲဗီးဝိတ် တိုက်ခိုက်ရေးသမား မွေထိုင်းဟဲ ဗီးဝိတ် ကမ္ဘာ့ချန်ပီယံလေးကြိမ်ရဖူးသူ ကင်မရွန်းနွယ်ဖွားဟောင်ကောင်ကိုယ်စားပြု အလိန်းဂါလာနီနှင့် ရန်ကုန်မြို့တွင် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။ အမျိုးသားအားကစားရုံ-၁၊ သုဝဏ္ဏ၌ နိုဝင်ဘာ ၃ ရက်တွင် ကျင်းပမည့် One Championship ပြိုင်ပွဲတွင် အောင်လနှင့် အလိန်း ဂါလာနီတို့ ယှဉ်ပြိုင်ထိုးသတ်မည့် ပွဲစဉ် ထည့်သွင်းကျင်းပမည်ဖြစ်ပြီး ဝိတ်တန်းမတူညီခြင်းကြောင့် အောင်လအတွက် စိန်ခေါ်မှုဖြစ်ကြောင်း ပွဲစီစဉ်သူ ဦးဇေသီဟက ပြောသည်။ ‘‘ဝိတ်တန်းမတူတာကြောင့် အောင်လအတွက် စိန်ခေါ်မှုဖြစ် သလို သူ့အတွက်လည်း စိုးရိမ်မိ ပါတယ်။ အောင်လက လက်ခံတဲ့ အတွက် ပွဲစီစဉ်ဖြစ်ခဲ့တာပါ’’ဟု ဦးဇေသီဟက ပြောသည်။ အောင်လအန်ဆန်နှင့် ဂါလာနီတို့သည်ငါးချီစိန်ခေါ်ပွဲထိုးသတ်မည်ဖြစ်သည်။ ကမ္ဘာ့ချန်ပီယံလုပွဲအတွက် အောင်လ၏ပြိုင်ဘက်များ အ ဆင်သင့်မဖြစ်သေး၍ ကြားပွဲ […]

  • အဆုံးသတ်အားနည်းချက်များကြောင့် မြန်မာ ယူ-၂၂ အသင်း ကြေးတံဆိပ်လွဲချော်
    Posted On :

    ဆီးဂိမ်းအမျိုးသားဘော လုံးပြိုင်ပွဲ တတိယလုပွဲတွင် မြန်မာအသင်းက အင်ဒိုနီးရှားအသင်းကို အကြိတ်အနယ်ယှဉ်ပြိုင်နိုင်သော်လည်း အဆုံးသတ်အားနည်းချက် များကြောင့် ၃-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ သည်။ ဩဂုတ် ၂၉ ရက်က မလေး ရှားနိုင်ငံ ဆာလာရန်း ကွင်း၌ ယှဉ် ပြိုင်သည့် အဆိုပါပွဲတွင် မြန်မာ အသင်းက ဦးဆောင်ဂိုးရရှိသော် လည်း ချေပဂိုးနှင့် အနိုင်ဂိုးများကို ပြန်လည်ခွင့်ပြုခဲ့ရသဖြင့် တတိယကြေးတံဆိပ်နှင့် လွဲချော်ခဲ့ရသည်။ ယင်းပွဲတွင် မြန်မာအသင်း က အဓိကကစားသမားများဖြင့် ပွဲထွက်လာပြီး တိုက်စစ်ပိုင်း၌ အောင်သူ၊ သန်းပိုင်အတွဲဖြင့် အင်ဒိုနီးရှားအသင်းကို ရင်ဆိုင်ခဲ့ သည်။ ပထမပိုင်းတွင် မြန်မာအ သင်းက ပိုမိုဖိအားပေးကာ အခွင့် အရေးများရရှိခဲ့သော်လည်း တိုက်စစ်မှူးများ အဆုံးသတ်အားနည်း ချက်ကြောင့် အနိုင်ဂိုးတစ်ဂိုးသာ ရရှိခဲ့သည်။ မြန်မာအသင်းအတွက် ဦးဆောင်ဂိုးကို […]

  • အောင်သူအတွက် စိန်ခေါ်မှုအသစ်တွေ ပြည်ပမှာရှာဖွေရမယ့် အချိန်လား…
    Posted On :

    ဘောလုံးပြိုင်ပွဲတစ်ခုမှာ ထူးထူးခြားခြား ထင်ထင်ရှားရှား ခြေစွမ်းမျိုးနဲ့ လူကောင်းတွေ ထွက်ပေါ်လာတတ်တာ ဓမ္မတာပါ။ ဆီးဂိမ်းဘောလုံးပြိုင်ပွဲမှာ အောင်သူဟာ မြန်မာအသင်းအတွက် အကောင်းဆုံး ကစားနေသူ ဖြစ်ပါတယ်။ သူ့ရဲ့စွမ်းဆောင်ရည် အချက်အလက်တွေက အထင်ကြီးစရာပါပဲ။ မလေးရှားနဲ့ အုပ်စုအပိတ်ပွဲစဉ်မတိုင်ခင်အထိ သုံးပွဲမှာ လေးဂိုးသွင်းယူခဲ့ပါတယ်။ မြန်မာအသင်း အုပ်စု(A)မှာ ပွဲကျန် တစ်ပွဲအလိုကတည်းက အကြို ဗိုလ်လုပွဲလက်မှတ် သေချာသွား ရာမှာ ဒီတိုက်စစ်မှူးလေးဟာ အ ဓိကအကျဆုံး အကြောင်းရင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ အသက်(၂၁)နှစ်အရွယ် က စားသမားလေးဟာ မြန်မာအသင်းရဲ့ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် စင်ကာပူကို ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့ရာ မှာ နှစ်ဂိုးစလုံး သွင်းယူခဲ့ပါတယ်။ လာအိုကို ၃-၁ ဂိုးနဲ့ နိုင်တဲ့ပွဲမှာလည်း အသင်းအတွက် အဖွင့်ဂိုးကို ရယူပေးခဲ့ပြန်တယ်။ ဘရူနိုင်းကို ဂိုးဒါဇင်ဝက်သွင်းပြီး ချေမှုန်းရာမှာလည်း […]

  • ဧည့်ဝတ်မကျေတဲ့ အိမ်ရှင်
    Posted On :

    ဂိမ်းပြိုင်ပွဲဝင် မြန်မာ Squash ကစားသမားများလိုက်ပါလာသည့်ယာဉ်သည် ဩဂုတ် ၂၁ ရက် နံနက်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့လမ်းပေါ်တွင် မတော်တဆဖြစ်ခဲ့ပြီးနောက် ဝေဖန်မှု ဆက်တိုက်ရင်ဆိုင်နေရသည့် အိမ်ရှင်မလေးရှားနိုင်ငံအတွက် ပိုမိုဖိအားများလာသည်။ ယာဉ်မတော်တဆဖြစ်မှုကြောင့် ဒူးတွင်ဒဏ်ရာပြင်းထန်ခဲ့သည့် မြန်မာ Squash ကစားသမားနှစ်ဦးအနက် အိအိပြုံးသည် ဆက်လက်ပြိုင်ပွဲဝင်နိုင်တော့မည် မဟုတ်ကြောင်း အားကစားနှင့် ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်က ပြောသည်။ ဒေသတွင်းအဆင့်မြင့်ဆုံး အားကစားပြိုင်ပွဲ (ဆီးဂိမ်း) ကို မလေးရှားနိုင်ငံက ခြောက်ကြိမ် မြောက် လက်ခံကျင်းပခြင်းဖြစ်သော်လည်း ယခုနှစ် ၂၀၁၇ ဆီး ဂိမ်းပြိုင်ပွဲ၌မူ ပြိုင်ပွဲကျင်းပရေး ကော်မတီ၏စီမံခန့်ခွဲမှုအားနည်း ချက်များကြောင့် အခက်အခဲများ နှင့်ရင်ဆိုင်နေရသည်မှာ ပြိုင်ပွဲဝင် မြန်မာ တစ်နိုင်ငံတည်းတော့ မဟုတ်ပေ။ ဗီယက်နမ်ယူ – ၂၂ အမျိုးသား ဘောလုံးအသင်းလေ့ကျင့်ခန်းဆင်းမည့် လေ့ကျင့်ရေးကွင်းသည် ဗွက်ထနေသဖြင့် ကွင်း […]

  • ဒေါ်အောင်ဆန်းစုကြည်က ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာအားကစားသမားများသို့ သဝဏ်လွှာပေးပို့
    Posted On :

    မလေးရှားနိုင်ငံတွင် ကျင်းပနေသည့် ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာအားကစားသမားများသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာပေးပို့ခဲ့ကြောင်း နိုင်ငံ တော်အတိုင်ပင်ခံရုံးမှ သတင်း ထုတ်ပြန်သည်။ (၂၉)ကြိမ်မြောက် အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း)တွင် မြန်မာနိုင်ငံအစိုးရ အဖွဲ့အနေဖြင့် စိတ်ပါဝင်စားမှု အားနည်းခဲ့ကြောင်း ဝေဖန်မှုများ ရှိသော်လည်း ဩဂုတ် ၁၉ ရက် ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲစတင်ပြီး လေး ရက်အကြာ ဩဂုတ် ၂၂ ရက်၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် က ယင်းသဝဏ်လွှာကို ပေးပို့ခဲ့ သည်။ ဆီးဂိမ်းအားကစားပြိုင်ပွဲ အချို့ကို ဩဂုတ် ၁၄ ရက်က စတင်ကျင်းပခဲ့သည်။ ယင်းသဝဏ်လွှာတွင် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာအားကစားသမားများ အနိုင်မခံ အရှုံး မပေးဘဲ ကြိုးပမ်းယှဉ်ပြိုင်၍ […]

  • SEA Games မြန်မာအသင်း မလေးရှားကိုရှုံးပေမယ့် ဆီမီးဖိုင်နယ်တက်
    Posted On :

    Yangon, 22.8.2017 မလေးရှားနိုင်ငံမှာကျင်းပနေတဲ့ ၂၉ကြိမ်မြောက် SEA Games အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ အမျိုးသားဘော လုံး အုပ်စု (A) ပထမ နေရာအတွက် အိမ်ရှင်မလေးရှားအသင်းနဲ့မြန်မာအသင်းတို့ မနေ့က ကစားတဲ့အခါ မလေးရှားက မြန်မာကို ၃ဂိုး၁ဂိုးနဲ့ အနိုင်ယူပြီး အကြိုဗိုလ်လုပွဲ တနေရာကို ရခဲ့ပါတယ်။ မြန်မာအသင်းရဲ့အလားအလာနဲ့ မနေ့ကပွဲ အခြေအနေတွေအကြောင်း ကိုကျော်အောင်လွင်က ဆက်ပြီးပြောပြပါလိမ့်မယ်။ ပထမပိုင်းမပြီးခင် မိနစ်ပိုင်းပဲခြားပြီး မလေးရှားဘက်က၂ဂိုးဆက်တိုက်သွင်းလိုက်တာကို ရုပ်မြင်သံကြားကနေထုတ်လွှင့် ခဲ့တဲ့အသံပါ။ ဒီပွဲကို ကိုယ်တိုင်သွားအားပေးခဲ့တဲ့ မလေးရှားနိုင်ငံရောက် ကိုသီဟမောင်မောင်ကိုဆက်သွယ်မေးမြန်းထား ပါတယ်။ “မေး။ ။ မနေ့က ပွဲက မလေးရှားနိုင်ငံ အိမ်ရှင်အသင်းနဲ့ ကန်ရတယ်ဆိုတော့ မလေးရှားမှာနေတဲ့ ကိုသီဟမောင်မောင်တို့က ဒီပွဲကြည့်ရတာ တော်တော်လေးစိတ်လှုပ်ရှားဖို့ ကောင်းမယ်လို့ ထင်ပါတယ်။ ဖြေ။ ။ဟုတ်ကဲ့ စိတ်လှုပ်ရှားဖို့တော်တော်လေးကောင်းပါတယ်။ အားတခုအနေနဲ့ […]

  • အိမ်ရှင်မလေးရှားနှင့်ပွဲတွင် မြန်မာပရိသတ်များအတွက် လက်မှတ်ခွဲတမ်း ရှစ်ထောင်ကျော်ရ
    Posted On :

    အိမ်ရှင်မလေး ရှားအသင်းနှင့်ယှဉ်ပြိုင်မည့် မြန် မာယူ-၂၂ အသင်း၏ ဆီးဂိမ်းအုပ်စု နောက်ဆုံးပွဲတွင် မြန်မာအသင်း ပရိသတ်များအတွက် လက်မှတ် ခွဲတမ်းရှစ်ထောင်ကျော် ရရှိမည် ဖြစ်သည်။ မြန်မာနှင့်မလေးရှားအသင်း ယှဉ်ပြိုင်မည့် ယင်းပွဲကို သြဂုတ် ၂၁ ရက် (ယနေ့) မြန်မာစံတော်ချိန်ည ၇ နာရီ ၁၅ မိနစ်တွင် ပရိသတ် ရှစ်သောင်းကျော်ဆံ့ ရှာအလမ် ကွင်း၌ ကျင်းပမည်ဖြစ်သည်။ ‘‘ပွဲကြိုအစည်းအဝေးမှာ မြန် မာအသင်းအတွက် လက်မှတ် စောင်ရေ ၈,၇၁၄ စောင်ပေးမယ် လို့ ပြောတယ်။ လက်မှတ်ကို အွန် လိုင်းက ကြိုတင်ရောင်းမယ်။ ပွဲ ကစားမယ့်နေ့မှာလည်း ကွင်းအ ပြင်မှာ ရောင်းပေးမယ်လို့ပြော ထားတယ်။ မလေးရှားနဲ့ပွဲက သိပ်အရေးမကြီးတော့တာကြောင့် ပရိသတ်တွေအတွက် အဖွဲ့ချုပ်က လက်မှတ်မစီစဉ်ပေးတော့ဘူး’’ ဟု […]

  • ဗီယက်နမ်ကို ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် မြန်မာအမျိုးသမီးဘောလုံးအသင်း ချန်ပီယံအိပ်မက် ပျက်ပြယ်
    Posted On :

    ဆီးဂိမ်းအမျိုးသ မီးဘောလုံးပြိုင်ပွဲ တတိယပွဲတွင် ဗီယက်နမ်အသင်းကို ၃-၁ ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်သည့်ပွဲ၌ အမှား များခဲ့ပြီး ရလဒ်ကိုစိတ်ပျက်မိ ကြောင်း မြန်မာအမျိုးသမီးအ သင်းနည်းပြချုပ် ရော်ဂျာရိုင်နာက ပြောသည်။ သြဂုတ် ၂၀ ရက်က ကွာလာ လမ်ပူမြို့ ယူအမ်အရီနာကွင်း၌ ယှဉ်ပြိုင်သည့် အဆိုပါပွဲတွင်ဗီ ယက်နမ်အသင်းက ခြေစွမ်းအ သာဖြင့် မြန်မာအသင်းကို ဖိအား ပေးနိုင်ခဲ့ပြီး ပထမပိုင်းတွင် တစ် ဂိုး၊ ဒုတိယပိုင်းတွင် နှစ်ဂိုးသွင်းယူ ခဲ့သည်။ မြန်မာအသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကို ပွဲချိန် ၅၉ မိနစ်၌ ဝင်းသိဂီထွန်း က သွင်းယူခဲ့သည်။ သုံးပွဲယှဉ်ပြိုင်အပြီး နှစ်ပွဲရှုံး ထားသည့် မြန်မာအမျိုးသမီး အ သင်းအနေဖြင့် ချန်ပီယံအိပ်မက် အဆုံးသတ်ပြီဖြစ်သည်။ ‘‘ဒီရလဒ်ကိုတော့ စိတ်ပျက် မိပါတယ်။ […]

  • မြန်မာအမျိုးသမီး ဘောလုံးအသင်း၏ မလေးရှားယာဉ်မောင်း ခိုးမှု၊ လိုင်စင်မဲ့ ကားမောင်းမှုဖြင့် ဖမ်းဆီးခံရ
    Posted On :

    ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာအမျိုးသမီးဘောလုံးအ သင်းကို ၎င်းတို့တည်းခိုရာ ဟို တယ်သို့ ကြာသပတေးနေ့ ည (သြဂုတ် ၁၇ ရက်) တွင် ပို့ဆောင်ပေးရမည့် ဘတ်စ်ကားယာဉ်မောင်းကို မလေးရှားရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ အသက် (၂၇)နှစ်အရွယ် မလေးရှားနိုင်ငံသား ယာဉ်မောင်း သည် နာရီတစ်လုံးခိုးယူခဲ့သည် ဆိုပြီး လိုင်စင်မရှိဘဲ ကားမောင်း ခြင်းကြောင့် ဖမ်းဆီးခံရခြင်းဖြစ် ကြောင်း ရှာအလမ်မြို့ရဲတပ်ဖွဲ့က သောကြာနေ့၌ ထုတ်ပြန်သော ကြေညာချက်တစ်ရပ်တွင် အတည်ပြုထားသည်။ မြန်မာက မလေးရှားအသင်း ကို ၅-၀ ဂိုးဖြင့် နိုင်သောပွဲအပြီး ညနေခင်းတွင် ယင်းပြစ်မှုများကို ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု ဆို သည်။ မလေးရှားကစားသမားတစ် ဦးပိုင်ဆိုင်သော လက်ပတ်နာရီကို ယာဉ်မောင်းက ခိုးယူခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောသည်။ ရဲအရာရှိများက ယင်းနာရီကို သံသယရှိသူ အမျိုးသား […]

  • ဆီးဂိမ်းစ်မြန်မာပွဲများ တိုက်ရိုက်ထုတ်လွှင့်ခွင့်ရရန် ဘောလုံးအဖွဲ့ချုပ် ကြိုးပမ်းနေ
    Posted On :

    ဆီးဂိမ်းစ်အုပ်စုပွဲစဉ်နှစ်ပွဲဖြစ်သော မြန်မာ – လာအို၊ မြန်မာ – ဘရူနိုင်းပွဲစဉ်များကို တိုက်ရိုက်ထုတ်လွှင့်ပြသခွင့်ရရန် မြန်မာဘောလုံးအဖွဲ့ချုပ်က ဆက်လက်ကြိုးပမ်းနေသည်။ ဆီးဂိမ်းစ် အမျိုးသားဘောလုံးပွဲစဉ်များကို မလေးရှားရုပ်သံလိုင်း နှစ်လိုင်းဖြစ်သော Astro and Myfree View ရုပ်သံလိုင်းများက ရိုက်ကူးထုတ်လွှင့်ပေးနေပြီး MRTV နှင့် MRTV-4 တို့မှဝယ်ယူကာ မြန်မာနိုင်ငံတွင် ပြန်လည်ထုတ်လွှင့်ပေးနေခြင်းဖြစ်သည်။ မလေးရှားရုပ်သံလိုင်းနှစ်လိုင်းမှာ မလေးရှားအိုလံပစ်ကော်မတီမှ ခွင့်ပြုသော ပွဲစဉ်များကိုသာ ရိုက်ကူးခွင့်ရခြင်းဖြစ်ပြီး ယင်းကော်မတီဆုံးဖြတ်ချက်အရ မြန်မာအသင်း နှစ်ပွဲကို ထုတ်လွှင့်ခွင့်မရခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီ အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်တို့ မလေးရှားအိုလံပစ်ကော်မတီနှင့် ညှိုနှိုင်းနေသည်။ သို့သော် ယင်းနှစ်ပွဲကို ပြသခွင့်ရရန် မသေချာဘဲ အိမ်ရှင်မလေးရှားနှင့်ပွဲသာ ပြခွင့်ရဖွယ် ရှိနေသည်။ […]