TECHNOLOGY

  • Wireless Broadband Access (4G/LTE) ၀န်ဆောင်မှုကို ကုမ္ပဏီတစ်ခုကပေးရန်စီစဉ်
    Posted On :

    ပြည်တွင်းကုမ္ပဏီတစ်ခုက Wireless Broadband Access (4G/LTE) ဝန်ဆောင်မှုပေးမယ်လို့ သိရပါတယ်။ Global Technology Group ကပေးသွားမှာဖြစ်ပြီး Myanmar Connect 2017 အခမ်းအနားမှာ Wireless Broadband Access (4G/LTE) ဝန်ဆောင်မှုပေးမယ့် အချိန်ကိုပြောကြားခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၈ ခုနှစ်၊ ဧပြီလမှာစတင် ဝန်ဆောင်မှုပေးမယ်လို့ မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။ အဲဒီဝန်ဆောင်မှုအသစ် 4G/LTE ကို နေပြည်တော်၊ မကွေး၊ ပဲခူး၊ မွန်၊ ကရင် နဲ့ တနင်္သာရီတိုင်းဒေသကြီး တွေမှာရှိတဲ့ မြို့ကြီး ၃၀ ခန့်မှာ ဝန်ဆောင်မှုရှိသွားမယ်လို့ သိရပါတယ်။ “မြန်မာလူငယ်တွေဟာ နောက်ဆုံးပေါ် ဆက်သွယ်မှုနည်းပညာတွေနဲ့ ပိုပြီးယဉ်ပါးလာပြီး မီဒီယာကို အသုံးပြုရာတွင်လည်း အပြောင်းအလဲများ ရှိလာမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်၊ Streaming […]

  • ၂၀၁၇ ခုနှစ်အတွင်း ထုတ်တဲ့ စမတ်ဖုန်းတွေမှာ ဒီဇိုင်းပိုင်းရော အတွင်းဖီးချားတွေပါ ပြောင်းလဲလာ
    Posted On :

    ခေတ်တွေ ပြောင်း လဲလာတာနဲ့ အညီ စမတ်ဖုန်းထုတ်လုပ်မှုတွေမှာလည်း ပြောင်းလဲနေပါတယ်။ သည် ၂၀၁၇ မှာဆိုရင်တော့ ပြောင်းလဲလာမှုတွေမှာတော့ စမတ်ဖုန်းအပြင် ဒီဇိုင်းပိုင်းအပြင် အတွင်းဖီးချားတွေပါ  အဆင့်မြှင့်တင်ပြောင်းလဲလာတာကို တွေ့ရ ပါတယ်။ အဓိက အနေနဲ့ သုံးစွဲသူတွေ ဟိုးနှစ်နှစ် ၊ သုံးနှစ်လောက်ကတည်းက မျှော်မှန်း ခဲ့တဲ့ မှန်စခရင်  ပြည့် ဖွဲ့စည်းထားတဲ့ အရာကလည်း အခုဆိုရင် Xiaomi  Mi mix/Samsung S8 /note 8 /iPhone X စတဲ့ တန်ဖိုးမြင့်  တံဆိပ်တွေက ထုတ်လုပ်လာတာ  ဖြစ်ပါတယ်။  ဒါ့အပြင် အခုလာမယ့် Vivo ကုမဏီကလည်း အသစ်ထွက် ရှိမယ့် မော်ဒယ်လ်မှာ ဟုမေ ကီးမပါလာ တော့ ပဲမှန်စခရင်အပြည့်နီးပါး ပါဝင်တဲ့  စမတ်ဖုန်းကို မိတ်ဆက်တော့မှာ […]

  • Samsung Galaxy Note 8 ကို ပွဲထုတ်မိတ်ဆက်
    Posted On :

    Samsung က အသစ်ထပ်မံထုတ်လုပ်လိုက်တဲ့ Samsung Galaxy Note 8 မိတ်ဆက်ပွဲ အခမ်းအနားကို စက်တင်ဘာလ ၁၈ ရက်နေ့က ရန်ကုန်မြို့ Novotel Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီပွဲမှာတော့ Samsung ရဲ့ တာဝန်ရှိသူတွေက Samsung Galaxy Note 8 ရဲ့ အချက်အလက်တွေကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့ကြပါတယ်။ အဲ့ဒီ စမတ်ဖုန်းသစ်ကို မြန်မာငွေကျပ် ဆယ့်နှစ်သိန်းခုနှစ်သောင်းနဲ့ အောက်တိုဘာလ ၆ နေ့မှာစတင်ဝယ်ယူ နိုင်မှာဖြစ်ပါတယ်။ အရောင်တွေကတော့ အနက်ရောင် (Midnight Black)၊ ရွှေရောင် (Maple Gold)၊ မီးခိုးရောင် (Orchid Gray) သုံးမျိုး ထုတ်လုပ်ပေးထားတယ်လို့ သိရပါတယ်။ Pre-Order မှာယူလိုသူတွေ အနေနဲ့ စက်တင်ဘာလ ၁၈ […]

  • အားလုံးကို အုတ်အော်သောင်းတင်းဖြစ်သွားစေတဲ့ iPhone X
    Posted On :

    Apple ဟာ iPhone 8၊ iPhone 8 Plus အသစ်တွေနဲ့ စမတ်လက်ပတ်နာရီ အသစ်တွေကို မိတ်ဆက်ခဲ့ပါတယ်။ ဒါပေမဲ့ စက်တင်ဘာ ၁၂ ရက် ထုတ်ကုန်သစ် မိတ်ဆက်ပွဲမှာ တစ်ကမ္ဘာလုံးရဲ့အာရုံကို ဖမ်းစားသွားတာကတော့ နှစ်ပတ်လည်အထူးထုတ် လက်ရာ တစ်ခုအဖြစ် ညွှန်းဆိုထားတဲ့ iPhone X ပါပဲ။ ရောမဂဏန်း ၁၀ ကို X ဆိုတဲ့သင်္ကေတနဲ့ ရေးသားထားတာကြောင့် iPhone X လို့ နာမည်ခေါ်ဆိုပေမယ့် အသံထွက်ကတော့ iPhone Ten ဖြစ်ပါတယ်။ Apple ဟာ iPhone 9 ဆိုတဲ့ အဆင့်ကိုကျော်ပြီး ဒီနာမည်ပေးတဲ့အကြောင်းရင်းကတော့ iPhoneတွေ စတင်ထုတ်လုပ်ရောင်းချမှု (၁၀) နှစ်တင်း တင်း ပြည့်မြောက်တဲ့အခြေအနေကို ဂုဏ်ပြုဖို့ဖြစ် ပါတယ်။ […]

  • ယှဉ်ပြိုင်မှုပြင်းထန်လာမည့် ဖိုက်ဘာအင်တာနက်ဈေးကွက်
    Posted On :

    မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဖိုက်ဘာအင်တာနက်လိုင်း၏ဈေး နှုန်းကို လျှော့ချခြင်းသည် အိမ်သုံး၊ ရုံးသုံးအင်တာနက်လိုင်းများကို ရောင်းချရေးဈေးကွက်ဝင်ရန် ပြင်ဆင်နေသည့် ကုမ္ပဏီငယ်များအတွက် ကြီးမားသောထိုးနှက်ချက်ဖြစ်သည်။ ISP ကုမ္ပဏီအများအပြားက ဈေးကွက်ဖော်ဆောင်ရန် ပြင်ဆင် နေချိန်တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဖိုက်ဘာအင်တာနက်လိုင်းဈေးနှုန်းကို ဆက်သွယ်ရေး သမိုင်းတစ်လျှောက် အနိမ့်ဆုံး ဈေးနှုန်းသို့ လျှော့ချခြင်းဖြစ်သည်။ ‘‘ကျွန်တော်တို့ဘာလုပ်စားရမလဲတောင် မသိတော့ဘူး’’ဟု ISP(Internet Service Provider) လိုင်စင်ရရှိထားသည့်ကုမ္ပဏီတစ်ခုမှ ဈေးကွက်ဖော်ဆောင်ရေးအရာရှိတစ်ဦးက ပြောသည်။ 5MB ပမာဏရှိသည့် ဖိုက်ဘာအင်တာနက်လိုင်းကို တစ်လလျှင် ၆၉,၀၀၀ ကျပ်ဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သြဂုတ် ၁ ရက်တွင် စတင်ရောင်းချခဲ့သည်။ လုပ်ငန်းစတင်ရန်ပြင်ဆင် နေသည့် ISP များသည် 1MB ဖိုက်ဘာအင်တာနက်လိုင်းအတွက် ဒေါ်လာ ၅၀ ခန့်လစဉ်ကြေး ရရှိမည်ဟု ခန့်မှန်းတွက်ချက်ကာ ဈေးကွက်သို့ ဝင်ရောက်လာခြင်း ဖြစ်သော်လည်း […]

  • Yangon ICT Expo 2017 ပြပွဲပြုလုပ်
    Posted On :

    Yangon ICT Expo 2017 ပြပွဲကို ယနေ့စက်တာဘာ ၁ ရက်ကနေ က ၃ ရက် အထိ ဦးဝိစာရလမ်း တပ်မတော်ခန်းမမှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ တပ်မတော်ခန်းမ အပြင်ဘက်မြက်ခင်းပြင်မှာ tent ခန်းမ ၁ ခု တည်ဆောက်ပြီးတော့ Start up ကုမ္ပဏီတွေ မိတ်ဆက်ပွဲ၊ ICT ဆိုင်ရာအမေးအဖြေပြိုင်ပွဲ၊ နည်းပညာဆိုင်ရာ ဟောပြောပွဲ၊ ပျော်ရွင်စရာ ဂိမ်းကစားပွဲစတာတွေ ထည့်သွင်းကျင်းပနေတာ ဖြစ်ပါတယ်။ ပြပွဲမှာသက်ဆိုင်ရာ ပြခန်းတွေက နောက်ဆုံးပေါ် အိုင်တီနည်းပညာပစ္စည်းတွေ၊ ကွန်ပျူတာပစ္စည်းတွေ၊ မိုဘိုင်းပစ္စည်းတွေ၊ ဆက်သွယ်ရေးဆိုင်ရာပစ္စည်းနဲ့ ကွန်ပျူတာအသုံးချဆောဖ့်ဝဲတွေကို အထူးဈေးနှုန်းတွေနဲ့ ရောင်းချပေးလျက် ရှိပါတယ်။ Cr: Internet Journal

  • Grab က ဒေါ်လာသန်း ၁၀၀ ရင်းနှီးမြုပ်နှံမည်
    Posted On :

    Yangon, 28.8.2017 Grab အနေနဲ့ မြန်မာနိုင်ငံမှာ လုပ်ငန်းတွေ လုပ်ကိုင်ဖို့ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ရင်းနှီးမြှုပ်နှံသွားမယ်လို့ သတင်းထုတ်ပြန်ပါတယ်။ လာမယ့်သုံးနှစ်အတွင်း အဲဒီပမာဏ ရင်းနှီးမြုပ်နှံမယ်လို့ ဆိုပါတယ်။ ဆောင်ရွက်သွားမယ့် လုပ်ငန်းတွေကတော့ မြန်မာနိုင်ငံအနှံမှာရှိတဲ့ မြို့တွေမှာ အငှားယာဉ် ဝန်ဆောင်မှုလုပ်ငန်းတွေ ချဲ့ထွင်ခြင်း၊ GrabPay အပါအ၀င် Grab suite ကနေတစ်ဆင့် အခြား ဝန်ဆောင်မှုစနစ်တွေ အသုံးပြုနိုင်ရန်စီစဉ်ခြင်း အစရှိတာတွေ ပါဝင်ပါတယ်။ ရန်ကုန်မြို့အပြင် အခြားမြို့တွေမှာ အငှားယာဉ်ဝန်ဆောင်မှု လုပ်ငန်းတွေပြေးဆွဲ နိုင်ဖို့အစိုးရ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ကိုင် သွားမယ်လို့ဆိုပါတယ်။ ၂၄ နာရီ ခေါ်ဆိုနိုင်မယ့် Call Center ဝန်ဆောင်မှုကိုလည်း တိုးချဲ့ဖို့အစီအစဉ်ရှိတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ Grab အနေနဲ့ အရှေ့တောင်အာရှ ဈေးကွက်တွေမှာ အက်ပလီကေးရှင်း […]

  • DJI တည်ထောင်သူ Wang Tao အာရှရဲ့ အသက်အငယ်ဆုံး နည်းပညာဘီလျံနာ ဖြစ်လာ
    Posted On :

    Yangon, 28.8.2017 ကမ္ဘာ့အကြီးဆုံး လူသုံးကုန် ဒရုန်းကုမ္ပဏီ DJI ကိုတည်ထောင်သူ Frank Wang Tao ဟာ Forbes မဂ္ဂဇင်းရဲ့ နည်းပညာနယ်ပယ်က အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀၀ စာရင်းမှာ ပါဝင်ခဲ့ပြီး အာရှရဲ့ အသက်အငယ်ဆုံး နည်းပညာဘီလျံနာ ဖြစ်လာခဲ့ပါတယ်။ အသက် ၃၆ နှစ်အရွယ် Wang ရဲ့ချမ်းသာကြွယ်ဝမှုဟာ အမေရိကန်ဒေါ်လာ ၃.၂ ဘီလျံဖြစ်ပြီး စာရင်းရဲ့ အဆင့် ၇၆ မှာ ရပ်တည်ခဲ့ပါတယ်။ ဟောင်ကောင်သိပ္ပံနဲ့ နည်းပညာတက္ကသိုလ် (HKUST) ကနေ ဘွဲ့ရရှိခဲ့တဲ့ Wang ဟာ DJI ဒရုန်းကုမ္ပဏီကို ၂၀၀၆ ခုနှစ်က ရှန်ကျန်းမှာ တည်ထောင်ခဲ့ပြီး ကမ္ဘာ့ဒရုန်းဈေးကွက်ရဲ့ ၇၀ ရာခိုင်နှုန်းခန့်ကို ရယူခဲ့ပါတယ်။ အာရှရဲ့ အချမ်းသာဆုံး နည်းပညာဘီလျံနာက […]

  • Facebook က Loading နှေးကွေးတဲ့ Website Link တွေကို ပြသမှုလျှော့ချတော့မယ်
    Posted On :

    Yangon, 24.8.2017 Facebook ဟာ News Feed ရဲ့ Algorithm ကို လာမယ့်လကစပြီး ပြောင်းလဲသွားမှာ ဖြစ်ပြီးတော့ Loading မြန်တဲ့ Website တွေက နှေးတဲ့ ဆိုက်တွေထက် ပိုမို အသာစီး ရလာမှာဖြစ်တယ်လို့ ကုမ္ပဏီက Blog ကနေ ပြောကြားသွားခဲ့ပါတယ်။ Facebook ဟာ သင့်ရဲ့ News Feed ထဲမှာ သင့်အတွက် ပိုမိုမြန်ဆန်တဲ့ ဝက်ဘ်ဆိုက်တွေကိုသာ ထားလိုနေတာလည်း ဖြစ်ပါတယ်။ Facebook ရဲ့ ပြောကြားချက်အရ “လက်ရှိလူတစ်ယောက်အသုံးပြုနေတဲ့ Network connection ပေါ်မူတည်ပြီး Webpage ရဲ့ တုန့်ပြန်မှုနဲ့ အမြန်နှုန်းကို ထည့်သွင်းစဉ်းစားတော့မှာပါ။ တကယ်လို့ Webpage က Load လုပ်တာ မြန်တယ်လို့ Signal […]

  • Amazon နဲ့ယှဉ်ပြိုင်ရန်အတွက် Google နဲ့ Walmart ပူးပေါင်း
    Posted On :

    Yangon, 24.8.2017 Amazon ရဲ့ ကုန်ပစ္စည်းပေးပို့တဲ့ဝန်ဆောင်မှု Prime နဲ့ယှဉ်ပြိုင်ဖို့အတွက် Google နဲ့ Walmart တို့ ပူးပေါင်းလိုက်ပါတယ်။ စက်တင်ဘာလကစပြီး Google ရဲ့ commerce platform Google Express ဟာ ကုမ္ပဏီရဲ့ဝန်ဆောင်မှုထောက်ပံ့ပေးတဲ့စာရင်းမှာ အမေရိကရဲ့ အကြီးဆုံးလက်လီအရောင်းဆိုင်ကို ထည့်သွင်းသွားမှာ ဖြစ်ပါတယ်။ သုံးစွဲသူတွေဟာ စက်တင်ဘာလကစတင်ပြီး express.google.com, Google Express app နဲ့ Google Home လိုမျိုး Google Assistant ပါဝင်တဲ့ device တွေကနေတစ်ဆင့် Walmart ကနေ အော်ဒါတွေကို မှာယူနိုင်မှာ ဖြစ်ပါတယ်။ သုံးစွဲသူတွေအနေနဲ့ Walmart နဲ့ Google account တွေကိုချိတ်ဆက်နိုင်ပြီး Google Assistant voice software […]