Fiber internet stock

  • ယှဉ်ပြိုင်မှုပြင်းထန်လာမည့် ဖိုက်ဘာအင်တာနက်ဈေးကွက်
    Posted On :

    မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဖိုက်ဘာအင်တာနက်လိုင်း၏ဈေး နှုန်းကို လျှော့ချခြင်းသည် အိမ်သုံး၊ ရုံးသုံးအင်တာနက်လိုင်းများကို ရောင်းချရေးဈေးကွက်ဝင်ရန် ပြင်ဆင်နေသည့် ကုမ္ပဏီငယ်များအတွက် ကြီးမားသောထိုးနှက်ချက်ဖြစ်သည်။ ISP ကုမ္ပဏီအများအပြားက ဈေးကွက်ဖော်ဆောင်ရန် ပြင်ဆင် နေချိန်တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဖိုက်ဘာအင်တာနက်လိုင်းဈေးနှုန်းကို ဆက်သွယ်ရေး သမိုင်းတစ်လျှောက် အနိမ့်ဆုံး ဈေးနှုန်းသို့ လျှော့ချခြင်းဖြစ်သည်။ ‘‘ကျွန်တော်တို့ဘာလုပ်စားရမလဲတောင် မသိတော့ဘူး’’ဟု ISP(Internet Service Provider) လိုင်စင်ရရှိထားသည့်ကုမ္ပဏီတစ်ခုမှ ဈေးကွက်ဖော်ဆောင်ရေးအရာရှိတစ်ဦးက ပြောသည်။ 5MB ပမာဏရှိသည့် ဖိုက်ဘာအင်တာနက်လိုင်းကို တစ်လလျှင် ၆၉,၀၀၀ ကျပ်ဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သြဂုတ် ၁ ရက်တွင် စတင်ရောင်းချခဲ့သည်။ လုပ်ငန်းစတင်ရန်ပြင်ဆင် နေသည့် ISP များသည် 1MB ဖိုက်ဘာအင်တာနက်လိုင်းအတွက် ဒေါ်လာ ၅၀ ခန့်လစဉ်ကြေး ရရှိမည်ဟု ခန့်မှန်းတွက်ချက်ကာ ဈေးကွက်သို့ ဝင်ရောက်လာခြင်း ဖြစ်သော်လည်း […]