Grab invests 100million Dollars In myanmar

  • Grab က ဒေါ်လာသန်း ၁၀၀ ရင်းနှီးမြုပ်နှံမည်
    Posted On :

    Yangon, 28.8.2017 Grab အနေနဲ့ မြန်မာနိုင်ငံမှာ လုပ်ငန်းတွေ လုပ်ကိုင်ဖို့ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ရင်းနှီးမြှုပ်နှံသွားမယ်လို့ သတင်းထုတ်ပြန်ပါတယ်။ လာမယ့်သုံးနှစ်အတွင်း အဲဒီပမာဏ ရင်းနှီးမြုပ်နှံမယ်လို့ ဆိုပါတယ်။ ဆောင်ရွက်သွားမယ့် လုပ်ငန်းတွေကတော့ မြန်မာနိုင်ငံအနှံမှာရှိတဲ့ မြို့တွေမှာ အငှားယာဉ် ဝန်ဆောင်မှုလုပ်ငန်းတွေ ချဲ့ထွင်ခြင်း၊ GrabPay အပါအ၀င် Grab suite ကနေတစ်ဆင့် အခြား ဝန်ဆောင်မှုစနစ်တွေ အသုံးပြုနိုင်ရန်စီစဉ်ခြင်း အစရှိတာတွေ ပါဝင်ပါတယ်။ ရန်ကုန်မြို့အပြင် အခြားမြို့တွေမှာ အငှားယာဉ်ဝန်ဆောင်မှု လုပ်ငန်းတွေပြေးဆွဲ နိုင်ဖို့အစိုးရ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ကိုင် သွားမယ်လို့ဆိုပါတယ်။ ၂၄ နာရီ ခေါ်ဆိုနိုင်မယ့် Call Center ဝန်ဆောင်မှုကိုလည်း တိုးချဲ့ဖို့အစီအစဉ်ရှိတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ Grab အနေနဲ့ အရှေ့တောင်အာရှ ဈေးကွက်တွေမှာ အက်ပလီကေးရှင်း […]