Smart phone

  • ၂၀၁၇ ခုနှစ်အတွင်း ထုတ်တဲ့ စမတ်ဖုန်းတွေမှာ ဒီဇိုင်းပိုင်းရော အတွင်းဖီးချားတွေပါ ပြောင်းလဲလာ
    Posted On :

    ခေတ်တွေ ပြောင်း လဲလာတာနဲ့ အညီ စမတ်ဖုန်းထုတ်လုပ်မှုတွေမှာလည်း ပြောင်းလဲနေပါတယ်။ သည် ၂၀၁၇ မှာဆိုရင်တော့ ပြောင်းလဲလာမှုတွေမှာတော့ စမတ်ဖုန်းအပြင် ဒီဇိုင်းပိုင်းအပြင် အတွင်းဖီးချားတွေပါ  အဆင့်မြှင့်တင်ပြောင်းလဲလာတာကို တွေ့ရ ပါတယ်။ အဓိက အနေနဲ့ သုံးစွဲသူတွေ ဟိုးနှစ်နှစ် ၊ သုံးနှစ်လောက်ကတည်းက မျှော်မှန်း ခဲ့တဲ့ မှန်စခရင်  ပြည့် ဖွဲ့စည်းထားတဲ့ အရာကလည်း အခုဆိုရင် Xiaomi  Mi mix/Samsung S8 /note 8 /iPhone X စတဲ့ တန်ဖိုးမြင့်  တံဆိပ်တွေက ထုတ်လုပ်လာတာ  ဖြစ်ပါတယ်။  ဒါ့အပြင် အခုလာမယ့် Vivo ကုမဏီကလည်း အသစ်ထွက် ရှိမယ့် မော်ဒယ်လ်မှာ ဟုမေ ကီးမပါလာ တော့ ပဲမှန်စခရင်အပြည့်နီးပါး ပါဝင်တဲ့  စမတ်ဖုန်းကို မိတ်ဆက်တော့မှာ […]

  • တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် စမတ်ဖုန်းအသုံးပြုမှုတိုးတက်နှုန်းတွင် မြန်မာအဆင့် (၄) နေရာ၌ရှိ
    Posted On :

    တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် စမတ်ဖုန်း အသုံးပြုသူအရေအတွက်တိုးတက်မှုနှုန်းတွင် မြန်မာနိုင်ငံသည် အဆင့် (၄) နေရာ၌ ရပ်တည်ခဲ့ကြောင်း ပြည်ပနည်းပညာကုမ္ပဏီ အဲရစ်ဆင်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ တစ်ကမ္ဘာလုံး၌ မိုဘိုင်းဖုန်း အသစ်သုံးစွဲမှုနှုန်း  အတိုးတက်ဆုံး ၁ဝ နိုင်ငံတွင် မြန်မာနိုင်ငံက အိန္ဒိယ၊ တရုတ်နှင့် အမေရိကန် နိုင်ငံများနောက်တွင် အဆင့် (၄) နေရာ၌  ရပ်တည်ခဲ့ပြီး အာရှမှ အင်ဒိုနီးရှားနှင့် ဘင်္ဂလားဒေ့ရှ်တို့လည်း ပါဝင်ခဲ့ကြောင်း အဲရစ်ဆင်ကုမ္ပဏီ၏ နောက်ဆုံးထုတ်ပြန်သည့် အရှေ့တောင်အာရှနှင့် အပူပိုင်း ပစိဖိတ်ကျွန်းများ ဒေသဆိုင်ရာအစီရင်ခံစာတွင် ဖော်ပြထားခြင်းဖြစ်သည်။ ‘‘ကျွန်တော်တို့ ဒေသကြီးခုနစ်မှာ စစ်တမ်းတွေကောက်ယူခဲ့တာဖြစ်ပါတယ်။ ဒီနှစ်ရဲ့အကြီးမားဆုံးအစီရင်ခံစာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လူတိုင်းရဲ့ လက်ထဲမှာ နာရီမရှိရင်နေမယ်။ စမတ်ဖုန်းကတော့ လူတစ်ယောက်မှာ တစ်လုံးထက်မကရှိနေနိုင်ပါတယ်’’ဟု အဲရစ်ဆင်မြန်မာ ဥက္ကဋ္ဌ Mr. Jan Wassenius […]

  • စမတ်ဖုန်းလောကရဲ့ ပြိုင်ဆိုင်မှု အထွတ်အထိပ် ရောက်ချိန်လား
    Posted On :

    မကြာခင်မှာ ၂၀၁၅ ခုနှစ် ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်အတွင်း စမတ်ဖုန်းတင်ပို့မှု တိုးတက်တဲ့နှုန်းဟာ ပထမဆုံးအကြိမ်အဖြစ် ဂဏန်းတစ်လုံးသာ ရှိလာခဲ့ပြီး ၉ ဒသမ ၈ ရာခိုင်နှုန်းသာ တိုးတက်မှု ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေတုန်းက ဆယ်ဂဏန်းတွေ ရှိခဲ့တာဖြစ်ပြီး ဒီနှစ်မှာ အရင်နှစ်တွေလောက် တိုးတက်မှု မရှိတော့တာကို ဖော်ပြနေပါတယ်။ ဒါကလည်း အရင်နှစ်တွေရဲ့တိုးတက်မှုနှုန်းဟာ ပမာဏ အရမ်း မြင့်မားနေတာကြောင့် ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်အတွင်း တင်ပို့ရောင်းချခဲ့ရတဲ့ စမတ်ဖုန်း အရေအတွက်ဟာ ၁ ဒသမ ၄၃ ဘီလျံ ရှိခဲ့ပါတယ်။ အာရှ-ပစိဖိတ်၊ လက်တင် အမေရိကနဲ့ အနောက် ဥရောပ ဈေးကွက်တွေမှာ ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးခဲ့ပါတယ်။ ဒါပေမဲ့ အရှေ့အလယ်ပိုင်းနဲ့ အာဖရိက ဈေးကွက်တွေမှာတော့ […]