၂၀၁၇ ခုနှစ်အတွင်း ထုတ်တဲ့ စမတ်ဖုန်းတွေမှာ ဒီဇိုင်းပိုင်းရော အတွင်းဖီးချားတွေပါ ပြောင်းလဲလာ

ခေတ်တွေ ပြောင်း လဲလာတာနဲ့ အညီ စမတ်ဖုန်းထုတ်လုပ်မှုတွေမှာလည်း ပြောင်းလဲနေပါတယ်။
သည် ၂၀၁၇ မှာဆိုရင်တော့ ပြောင်းလဲလာမှုတွေမှာတော့ စမတ်ဖုန်းအပြင် ဒီဇိုင်းပိုင်းအပြင် အတွင်းဖီးချားတွေပါ  အဆင့်မြှင့်တင်ပြောင်းလဲလာတာကို တွေ့ရ ပါတယ်။
အဓိက အနေနဲ့ သုံးစွဲသူတွေ ဟိုးနှစ်နှစ် ၊ သုံးနှစ်လောက်ကတည်းက မျှော်မှန်း ခဲ့တဲ့ မှန်စခရင်  ပြည့် ဖွဲ့စည်းထားတဲ့ အရာကလည်း အခုဆိုရင် Xiaomi  Mi mix/Samsung S8 /note 8 /iPhone X စတဲ့ တန်ဖိုးမြင့်  တံဆိပ်တွေက ထုတ်လုပ်လာတာ  ဖြစ်ပါတယ်။  ဒါ့အပြင် အခုလာမယ့် Vivo ကုမဏီကလည်း အသစ်ထွက် ရှိမယ့် မော်ဒယ်လ်မှာ ဟုမေ ကီးမပါလာ တော့ ပဲမှန်စခရင်အပြည့်နီးပါး ပါဝင်တဲ့  စမတ်ဖုန်းကို မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။

ပညာရှင်အချို့က သုံးသပ်မှုအရ ၂၀၁၈ မှာ ထုတ်လုပ်မယ့် စမတ်ဖုန်းတွေဟာ ခေါက်နိုင်ဆံ့နိုင်တဲ့ စနစ်မျိုးကို တောင်ရနိုင် ကြောင်း သိရပါတယ်။

နောက်တစ်ခုကတော့ AR နည်း ပညာပဲ ဖြစ်ပါတယ်။  AR ဆိုတာ က တော့  ပြီး ခဲ့တဲ့ ၂၀၁၆ နှစ် လယ် လောက် မှာ နာ မည်ကြီးခဲ့တဲ့ ပိုကီမွန်ဂိမ်းလိုမျိုး အပြင်မှာ တကယ်မရှိတဲ့ အကောင်လေးတွေက မိမိရဲ့ ဂိမ်းကင်မရာမှာ ပေါ် လာသလို ပုံစံဖြစ်ပါတယ်။

AR နည်းပညာကို သုံးနိုင်မယ့် ၂၀၁၇ အတွက် Asus ZenFone AR ကို Google  Tango  AR နဲ့ Google Daydream VR ကို ထုတ်လုပ်တော့မှာ ဖြစ်ကြောင်း  စီနက် သတင်းဘလော့ဂ်မှာ ဖော်ပြထားပါ တယ်။

AR camera ဟာ ဆိုရင် မိမိဓာတ်ပုံနဲ့ ဗီဒီယိုတွေ ရိုက်ကူးတဲ့အခါ အပြင် လက်တွေ့မှာ တကယ်မရှိတဲ့ အရာဝတ္ထုပစ္စည်းတွေကို ကင်မရာထဲမှာ ပေါ်လာအောင် ထည့်သွင်းရိုက်ကူးနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။
ဥပမာအနေနဲ့ အပြင်မှာ  တကယ်မရှိတဲ့ စားပွဲ၊  မီးအိမ် စတဲ့ အရာဝတ္ထုပစ္စည်း တွေကို ကင်မရာထဲမှာ တကယ့် အစစ်ပုံစံသရီးဒီ ပုံရိပ်ယောင်ကို ထည့်သွင်းရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။
နောက်ထပ် AR ဖီးချားပါဝင်တဲ့ စမတ်ဖုန်းတွေကတော့ iPhone X /Samsung note 8 စတာတွေ ပါဝင်ထည့်သွင်းလာတာကို တွေ့ရပါတယ်။

ဒါပေမဲ့ အက်ပဲလ်ကတော့ AR နည်းပညာကို   မက်ဆင်ဂျာတွေမှာ အပြန်အလှန် မက်ဆေ့ခ်ျပို့တဲ့ အခါမျိုးတွေမှာပါ emoji အသေတွေ မဟုတ်တော့ဘဲ လှုပ်ရှားသက်ဝင်တဲ့ပုံ အရှင်တွေနဲ့ ဖန်တီးနိုင်တာပဲ ဖြစ်ပါတယ်။
Animoji နည်းပညာပါဝင်လာတဲ့  True Depth Camera ဟာ  မိမိမျက်နှာပေါ်က မတူညီတဲ့ လှုပ်ရှားမှုတွေပေါ် အခြေခံပြီး ကိုယ့်မျက်နှာမှာ   ဖြစ်ပေါ်နေတဲ့ အ တိုင်း  ပုံဖော်ပေးနိုင်ပြီး သက်ဝင်လှုပ်ရှားမှုရှိတဲ့  emoji တွေ ကို အသံနဲ့ အတူဖန်တီး  နိုင်မှာ ဖြစ်ပါတယ်။

အနာဂတ်မှာဆိုရင် AR နည်း ပညာရဲ့ အရေးပါပုံကတော့ ဖုန်းနဲ့ ဆော့ဖ်ဝဲတွဲလျက် အသုံးပြုနိုင်ပြီး ပြင်ပက စက်ပစ္စည်းတွေကိုပါ ထိန်းချုပ်နိုင်တော့မှာဖြစ်ကြောင်း ပြည်တွင်းနည်းပညာရှင် ကိုထက်ဝေယံက သူ့အမြင်ကို ဆိုပါ တယ်။  လာမယ် ၂၀၁၈ မှာ AR နည်းပညာက စမတ်ဖုန်းတိုင်းနီးပါးမှာ ပါဝင်လာနိုင်ခြေ ရှိပြီး စမတ်ဖုန်းနဲ့ ကြားခံဆော့ဖ်ဝဲ  သုံးပြီး ဒစ်ဂျစ်တယ် နည်းပညာနဲ့ အလုပ်လုပ်ဆောင်စေဖို့က အလှမ်းမဝေးနိုင်လောက်ပါဘူး။
အရ ကို အိမ်မှာ  လျှပ်စစ်မီးပိတ်တာတွေ၊  ခလုတ်ပိတ်ဖွင့်တာတွေကအစ ဒစ်ဂျစ်တယ်ပုံစံမျိုးနဲ့ လုပ်ဆောင်တာတွေ၊ ကားသော့ဖွင့်ပိတ်တာတွေကအစ သော့မလိုတော့ဘဲ စမတ်ဖုန်းနဲ့သာ ပိတ်ဖွင့်ချိတ်ဆက်မှု လုပ်နိုင်တော့မှာ ဖြစ်ပါတယ်။ နာမည်ကြီး  BMW ကားမှာဆိုရင် သည် စနစ်ကရနေပြီဖြစ်ပါတယ်လို့ ကိုထက်ဝေယံရဲ့ ပြောပြချက်အရ သိရပါတယ်။

နောက်ထပ် ပြောင်းလဲ  မှုကတော့   Quad HD + Super  AMOLED Infinity နဲ့ multi window  လုပ်ဆောင်ချက်တွေပဲ ဖြစ်ပါတယ်။

ရှောင်းမီ ၊ဆမ်ဆောင်း၊ အိုင်ဖုန်းတွေမှာ ပါဝင်ပါတယ်။  အဲဒါကတော့ မျက်နှာ  ပြင်မှာ ကြိမ်ဖန်များစွာ အထက်အောက် ရွှေ့ရန်မလိုအပ်ဘဲ ကြီးမားကျယ်ပြန့်စွာ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

Multi  Window လုပ်ဆောင်ချက်ကတော့  မိမိဖုန်းမှာ  ယူကျူ့ဘ်ကြည့်နေ ရင်း တခြားအက်ပ်မှာ မက်ဆေ့ခ်ျပို့ချင် တယ်ဆိုရင် လက်ရှိ လုပ်ဆောင်နေတဲ့ အက်ပ်တွေကနေ တကူးတက  ထွက်စရာမလိုဘဲ  စခရင်တစ်ခုတည်းမှာ ပါ လုပ် ဆောင်ချက်နှစ်ခု၊ သုံးခုကို တစ်ပြိုင်နက် တည်း လုပ်ဆောင်နိုင်တဲ့ ဖီးချားပဲ ဖြစ်ပါ တယ်။ ရှောင်းမီဖုန်းတွေမှာဆိုရင်တော့ MIUI8 အထက်ဗားရှင်းမြင့်ထားတဲ့ ဖုန်းတိုင်း multi window ကိုလုပ်ဆောင်နိုင်ပါတယ်။
နောက်ပြီး ရှောင်းမီဖုန်းမှာသာ ပါဝင်ပြောင်းလဲလာတဲ့ ထူးခြားချက်ကတော့ Dual app လို့ ခေါ်တဲ့ အက်ပ်ကို အမွှာခွဲသလို  နှစ်စုံသုံးနိုင်တဲ့ ဖီးချားပဲ ဖြစ်ပါတယ်။

အခုရက်ပိုင်းက ထွက်ရှိထားတဲ့ Galaxy Note 8 မှာ  ဆိုရင် App Pair လုပ် ဆောင်ချက်က အသုံးများတဲ့  အက်ပ်နှစ်ခု ကို edge panel မှာ  ထားရှိနိုင်မှာ ဖြစ်ပြီး အဲသည် အက်ပ်တွေကို အက်ပ်နှစ်ခုကို တစ် ပြိုင်နက်တည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အဲဒါကတော့  မက်ဆေ့ခ်ျပို့နေစဉ်  ဗီဒီ ယို ကြည့်တာဖြစ်စေ၊ အစည်းအဝေး ဖုန်း ခေါ်ဆိုမှုကို  ပြုလုပ်နေစဉ် တစ်ပြိုင်နက်တည်းမှာပဲ ဂဏန်းနံပါတ်တွေနဲ့ အစည်းအဝေးအစီအစဉ်တွေကို ကြည့်ရှုစစ်ဆေး နေနိုင်မှာ ဖြစ်ပါတယ်။
ဘိုခေး နည်းပညာ

နောက်ထပ်ပြောင်းလဲ   ထည့်သွင်းခဲ့တဲ့ ဖီးချားကတော့ ကိုယ်ရိုက်ကူးမယ့် အရာကို focus ဖြတ်ရိုက်ကူးတဲ့အခါ နောက်ခံ background ကို ဝါးပြီး  ရိုက်ကူးနိုင်တဲ့ ဘိုခေး bokeh effects နည်းပညာ  ဖြစ်ပါ တယ်။  ဘိုခေးနည်းပညာကတော့ ပရော်ဖက်ရှင်နယ်ကင်မရာ DSLR နဲ့ portrait  mode တွေလို နောက်ခံဝါးရိုက်နိုင်တဲ့  နည်းဖြစ်ပါတယ်။ ဟွာဝေးစမတ်ဖုန်းတွေမှာ အရင်ပါဝင် ထည့်သွင်းတာဖြစ်ပါ တယ်။  သည်ဘိုခေးနည်းပညာ  ပါဝင်လာတာကြောင့် ပရော်ဖက်ရှင်နယ် ကင်မရာ ကြီးတွေလို ရိုက်ကူးနိုင်မယ့်  စနစ်က ယနေ့ ခေတ် စမတ်ဖုန်းတွေမှာ ပါဝင်လာတာပါပဲ။

ဘိုခေး နောက်ခံ portrait ဝါးတဲ့ mode ကို အခုဆိုရင် ဟွာဝေး၊  အော်ပို၊ ဆမ် ဆောင်း၊ အိုင်ဖုန်းတို့ရဲ့ နောက်ဆုံး မော်ဒယ်လ်တွေမှာ ပါဝင်လာပြီ ဖြစ်ပါတယ်။
ဓာတ်ပုံတွေ ရိုက်ကူးရာမှာ DSLR ကင်မရာတွေလို  နောက်ခံဝါးနိုင်မယ့် mode ပါဝင်ပြီး နောက်ခံကို ဝါးပြီး focus ဖြတ်နိုင်တဲ့ “live portrait mode”ကလည်း နောက်ခံကိုလိုသလိုဝါးနိုင်မယ့် mode ကို ရိုက်ကူးနိုင်တာ ဖြစ်ပါတယ်။

နောက်ထပ် ပြောင်းလဲထည့်သွင်းလာတဲ့ နည်းပညာတွေမှာ optical image stablization ပါဝင်လာတာ ဖြစ်ပါတယ်။ ဟွာဝေး၊ အိုင်ဖုန်း၊ဆမ်ဆောင်းတို့မှာ ပါ ဝင်ပါတယ်။
အဲဒါကတော့    zoom ဆွဲရာမှာ  ဓာတ်ပုံအတွက်  zoom ၁၀ ဆနဲ့ ဗီဒီယို mode မှာဆိုရင် zoom 6 ဆအထိ ဆွဲနိုင်မှာ ဖြစ်တယ်။  လှုပ်ရှားမှုအမြန်ကို ထိထိ မိမိရိုက်ချက်တွေနဲ့ ရိုက်ကူး နိုင်တဲ့ ဖီးချားပါပဲ။ ဥပမာ မီးရှူး မီးပန်း လွှတ်  တဲ့အချိန်မှာ မဝါး စေဘဲ ကြည့်လင်ပြတ်သားအောင် ရိုက်ကူးနိုင်တယ်။ ဘောလုံး ကန်တဲ့ လှုပ်ရှားမှု အမြန်လုပ်ဆောင်မှုတွေမှာ shutter ချိတ်စရာ မလိုဘဲ auto ရိုက်နိုင်မှာ ဖြစ်ပါတယ်။

ကင်မရာရဲ့ modes တွေမှာ အလိုအလျောက် အလွယ်ရိုက်ကူးနိုင်တဲ့ auto စနစ် ၊ ကိုယ်ပိုင်ဖန်တီးချက်နဲ့ ရိုက်ကူးနိုင်တဲ့ manual mode, ရုပ်ပုံတွေကို အထင်ရှားဆုံး အကြည်ဆုံးရိုက်ကူးနိုင်မယ့် HDR mode ၊ ကင်မရာကို မြင်ကွင်းကျယ်နဲ့ ၃၆၀ ပတ်လည် ရိုက်နိုင်မယ့် panorama mode, , ဒါ့အပြင် ချိန်ညှိရိုက်နိုင်ကာ အနှေးရိုက်ချက် slow motion တွေပါ  ရိုက်ကူးနိုင် မယ့် slow  speed modes တွေက  Asus zenfone မှာလည်း  ဖီးချားအသစ်အနေနဲ့ ပါဝင်လာတာ ဖြစ်ပါတယ်။
credit: kumudranews.com

Tagged with: