Amazon နဲ့ယှဉ်ပြိုင်ရန်အတွက် Google နဲ့ Walmart ပူးပေါင်း

Yangon, 24.8.2017

Amazon ရဲ့ ကုန်ပစ္စည်းပေးပို့တဲ့ဝန်ဆောင်မှု Prime နဲ့ယှဉ်ပြိုင်ဖို့အတွက် Google နဲ့ Walmart တို့ ပူးပေါင်းလိုက်ပါတယ်။

စက်တင်ဘာလကစပြီး Google ရဲ့ commerce platform Google Express ဟာ ကုမ္ပဏီရဲ့ဝန်ဆောင်မှုထောက်ပံ့ပေးတဲ့စာရင်းမှာ အမေရိကရဲ့ အကြီးဆုံးလက်လီအရောင်းဆိုင်ကို ထည့်သွင်းသွားမှာ ဖြစ်ပါတယ်။

သုံးစွဲသူတွေဟာ စက်တင်ဘာလကစတင်ပြီး express.google.com, Google Express app နဲ့ Google Home လိုမျိုး Google Assistant ပါဝင်တဲ့ device တွေကနေတစ်ဆင့် Walmart ကနေ အော်ဒါတွေကို မှာယူနိုင်မှာ ဖြစ်ပါတယ်။

သုံးစွဲသူတွေအနေနဲ့ Walmart နဲ့ Google account တွေကိုချိတ်ဆက်နိုင်ပြီး Google Assistant voice software ကနေတစ်ဆင့် ထုတ်ကုန်တွေကို အလျင်အမြန် မှာယူနိုင်သလိုမျိုး တစ်မူထူးခြားတဲ့ Walmart feature တွေကို အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။

Google Assistant ကနေတစ်ဆင့် အော်ဒါမှာယူနိုင်မယ့် အဆိုပါဝန်ဆောင်မှုဟာ သုံးစွဲသူတွေအတွက် အဆင်ပြေလွယ်ကူစေမယ့် အတွေ့အကြုံတစ်ခု ဖန်တီးပေးနိုင်လိမ့်မယ်လို့ Walmart နဲ့ Google တို့က မျှော်လင့်ထားပါတယ်။

အခုလိုပူးပေါင်းဆောင်ရွက်မှုဟာ Walmart အနေနဲ့ Alexa digital assistant ကိုပိုင်ဆိုင်တဲ့ Amazon နဲ့ ယှဉ်ပြိုင်နိုင်စေမှာဖြစ်ပါတယ်။ Alexa မှာ voice control နဲ့ speech recognition နည်းပညာကို ထည်သွင်းထားတဲ့အတွက် သုံးစွဲသူတွေက Amazon ရဲ့ Prime ဝန်ဆောင်မှုကိုသုံးပြီး အသံဖြင့်စေခိုင်းကာ အော်ဒါတွေကို မှာယူနိုင်တယ်လို့ သိရပါတယ်။

Credit : Internet Journal